အန္တရာယ်များလွန်းလှတဲ့မေးရိုးခွဲစိတ်မှုပြုလုပ်ခဲ့စဉ်ကပုံရိပ်တွေကို ချပြလိုက်တဲ့ နေခြည်ဦး
myanmarload.com
|
2020-02-20



ပရိသတ်တွေအပေါ်အမြဲစေတနာထားကာ အနုပညာအလုပ်တွေကို လုပ်ကိုင်တာကြောင့် အောင်မြင်မှုတွေများစွာ ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ အမြဲပွင့်ပွင့်လင်းလင်းနေထိုင်တတ်တာကြောင့်လည်း ပရိသတ်များသာမကဘဲ အနုပညာရှင်များကပါ ချစ်ခင်နေရတာလည်း ဖြစ်ပါတယ်။ ချီချီရဲ့ပွဲတက်ဖက်ရှင်များဟာလည်း ပွဲလာသူတိုင်းကို အခါခါ လှည့်ကြည့်ရလောက်အောင်ကို ဆွဲဆောင်ထားနိုင်သူတစ်ယောက်ပါ။






မကြာခင်မှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ " အိမ်မက်တွေ မိုးထားတဲ့ အိမ် " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေး ပြသတော့မှာဘဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ချီချီတစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူးနေတာပဲဖြစ်ပြီး ပွဲအခမ်းအနားတွေလည်း အဆက်မပြတ်တက်ရောက်နေရတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။






ဒါကတော့ မကြာသေးခင်က ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မေးရိုးခွဲစိတ်စဉ်က ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ မကြားခင်မှာလည်း သူမရဲ့ခွဲစိတ်မှုတွေလုပ်ဆောင်ထားတာတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေထံ ဝေမျှပေးသွားမှာဘဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အန္တရာယ်များလွန်းလှတဲ့မေးရိုးခွဲစိတ်မှုပြုလုပ်ခဲ့စဉ်ကပုံရိပ်တွေကို ချပြလိုက်တဲ့ နေခြည်ဦးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။







Some text some message..