“မွေးနေ့အလှူလေးအတွက် အင်တိုက်အားတိုက်ချက်ပြုတ်နေတဲ့ဗွီဒီယိုလေးကို မျှဝေပေးခဲ့တဲ့ ဖြူဖြူထွေး”
celegabar.com
|
2020-02-20

ပရိသတ်ရဲ့အချစ်တော်ဖြူဖြူထွေးကတော့ ဒီနေ့ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့ပွဲလေးမှာ တစ်ရွာလုံးကို မီးခိုးတိတ်ကျွေးနိုင်ဖို့အတွက် အင်တိုက်အားတိုက်ချက်ပြုတ်နေတဲ့ ဗွီဒီယိုလေးကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။ဖြူဖြူထွေးကတော့ မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်၊ဖျောက်ဆိပ်ကျင်းအုပ်စု၊မြေနီကုန်းရွာမှာ နေသူဖြစ်ပြီး ဒီနေ့ကျရောက်တဲ့သူ့ရဲ့မွေးနေ့လေးမှာတော့ မွေးနေ့မင်္ဂလာအလှူနဲ့ တရားဓမ္မသဘင်အလှူလေးပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ တောရွာမှာကြီးပြင်းလာသူပီပီ ရွာဓလေ့လေးတွေကိုလည်း ပရိသတ်ကိုမျှဝေပေးလေ့ရှိပြီး သူ့ရဲ့ရွာလေးမှာလည်း အမြဲလိုလိုအလှူဒါနတွေပြုလုပ်လေ့ရှိသူပါ။ကြော်ငြာတွေအမြဲလိုလိုရိုက်နေရတဲ့ ဖြူဖြူထွေးကတော့ သူ့ရဲ့ဗွီဒီယိုလေးမှာ မကြာခဏဆိုသလို သူ့ရဲ့ရွာလေးအကြောင်းကိုထည့်သွင်းရိုက်ကူးလေ့ရှိတာမို့ ပရိသတ်တွေလည်း ရွာလေးနဲ့ရင်းနှီးနေပြီဖြစ်ပါတယ်။

သူရှိထားတဲ့ အနုပညာကြေးလေးတွေကို အပိုသုံး မသုံးဘဲ ရန်ကုန်မှာအမေ့စိတ်တိုင်းကျ အိမ်လေးတစ်လုံးဝယ်ပေးဖို့ စဉ်းစားနေတဲ့အပြင် ရွာမှာလည်းအလှူလေးတွေလုပ်ပေးလေ့ရှိသူဖြူဖြူထွေးကတော့ ဒီနေ့မှာလည်း မွေးနေ့အလှူ၊တရားဓမ္မအလှူအပြင် ဘုရားဆင်းတုတော်အကြီးကြီးတစ်ဆူကိုလည်း ရွာဦးကျောင်းမှာလှူဒါန်းသွားမှာ ဖြစ်ပါတယ်။ရိုးသားတဲ့ဂုဏ်လေးကြောင့် ပရိသတ်တွေအချစ်ပိုနေရသူဖြူဖြူထွေးတစ်ယောက် ဒီနေ့မွေးနေ့ရက်မြတ်လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုကိုရေရှည်ထိန်းထားနိုင်ပြီး အများအကျိုးသယ်ပိုးနိုင်တဲ့သူတစ်ယောက်ဖြစ်ပါစေလို့ ဆယ်လီကမ္ဘာမှဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Some text some message..