နာမည်ကြီး ထိုင်းစတိုင် ငါးပိရည်ဖျော် ပြုလုပ်နည်း
trend.com.mm
|
2020-02-25

ထမင်းမြိန်မြိန်စားဖို့ ချို၊ ချဉ်၊ ငံ၊ စပ် အရသာစုံတဲ့ နာမည်ကြီး ထိုင်းစတိုင် ငါးပိရည်ဖျော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။



ပါဝင်ပစ္စည်းများ
၁။ စိမ်းစားငါးပိ – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
၂။ ကြက်သွန်ဖြူ – ၇ မွှာ
၃။ ငရုတ်သီးစိမ်း – ၅ တောင့်
၄။ ထန်းလျက်အသေး – တစ်ခဲ
၅။ ငံပြာရည် – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
၆။ သံပုရာသီး – တစ်လုံး
၇။ ရေသန့် – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ


ပြုလုပ်နည်း
၁။ စိမ်းစားငါးပိ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲကို မီးကင်ပါ။
၂။ ကြက်သွန်ဖြူ ၇ မွှာ၊ ငရုတ်သီးစိမ်း ၅ တောင့်နဲ့ ထန်းလျက်အသေးတစ်ခဲတို့ကို ရောထောင်းပါ။
၃။ ပြီးရင် ငါးပိကင် ထည့်မွှေပါ။
၄။ ငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲနဲ့ သံပုရာသီးတစ်လုံး ညှစ်ထည့်ပါ။
၅။ ရေသန့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ ထပ်ထည့်လိုက်ပါ။
ပြီးရင် ငရုတ်သီးစိမ်း၊ ခရမ်းကစော့သီးတို့နဲ့ အလှဆင်ပေးလိုက်ပါ။

ခုဆိုရင်တော့ ချိုချဉ်ငံစပ် အရသာရှိတဲ့ ငါးပိရည်ဖျော်လေးကို ယိုးဒယား သင်္ဘောသီးထောင်းလုပ်တဲ့အခါ ထည့်နိုင်သလို ခရမ်းကစော့သီး၊ ပလာတူးငါးကြော်၊ ဝက်ခေါက်ကြော်၊၊ ကြက်ဥဆူးပုပ်ကြော်၊ နှစ်သက်ရာ အသီးအရွက်တွေနဲ့ တို့ရင်း ထမင်းမြိန်မြိန်စားနိုင်ပါပြီနော်။

[ Unicode ]

ထမင်းမြိန်မြိန်စားဖို့ ချို၊ ချဉ်၊ ငံ၊ စပ် အရသာစုံတဲ့ နာမည်ကြီး ထိုင်းစတိုင် ငါးပိရည်ဖျော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။


ပါဝင်ပစ္စည်းများ
၁။ စိမ်းစားငါးပိ – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
၂။ ကြက်သွန်ဖြူ – ၇ မွှာ
၃။ ငရုတ်သီးစိမ်း – ၅ တောင့်
၄။ ထန်းလျက်အသေး – တစ်ခဲ
၅။ ငံပြာရည် – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
၆။ သံပုရာသီး – တစ်လုံး
၇။ ရေသန့် – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ


ပြုလုပ်နည်း
၁။ စိမ်းစားငါးပိ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲကို မီးကင်ပါ။
၂။ ကြက်သွန်ဖြူ ၇ မွှာ၊ ငရုတ်သီးစိမ်း ၅ တောင့်နဲ့ ထန်းလျက်အသေးတစ်ခဲတို့ကို ရောထောင်းပါ။
၃။ ပြီးရင် ငါးပိကင် ထည့်မွှေပါ။
၄။ ငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲနဲ့ သံပုရာသီးတစ်လုံး ညှစ်ထည့်ပါ။
၅။ ရေသန့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ ထပ်ထည့်လိုက်ပါ။
ပြီးရင် ငရုတ်သီးစိမ်း၊ ခရမ်းကစော့သီးတို့နဲ့ အလှဆင်ပေးလိုက်ပါ။

ခုဆိုရင်တော့ ချိုချဉ်ငံစပ် အရသာရှိတဲ့ ငါးပိရည်ဖျော်လေးကို ယိုးဒယား သင်္ဘောသီးထောင်းလုပ်တဲ့အခါ ထည့်နိုင်သလို ခရမ်းကစော့သီး၊ ပလာတူးငါးကြော်၊ ဝက်ခေါက်၊ ကြက်ဥဆူးပုပ်ကြော်၊ နှစ်သက်ရာ အသီးအရွက်တွေနဲ့ တို့ရင်း ထမင်းမြိန်မြိန်စားနိုင်ပါပြီနော်။

Ref; asianfood




Some text some message..