February လ အစားအသောက် ကောက်ကြောင်း
yathar.com
|
2020-02-28



စိတ်ပင်ပန်းလူပင်ပန်းနဲ့မို့ ညဘက်အေးဆေးလေး Chillလို့ရတဲ့ ဆိုင်လေးရှာနေတာ…

ဟော တွေ့ပီ..

ဆိုင်လေးက လူငယ်ဆန်တယ်။ ဆိုင်ထဲရောက်သွားတာနဲ့ တောအုပ်လေးထဲ ရောက်သွားသလိုလို ကြိုးကြာငှက်လေးတွေကြားထဲ ရောက်သွားသလိုလို ခံစားရတယ်။


ဆိုင်လေးက ကျယ်တဲ့အပြင် ဆိုင်အပြင်အဆင်လေးက သပ်သပ်ရပ်ရပ်လေးမလို့ လူငယ်တွေ တော်တော်သဘောကျမှာ သေချာတယ်။ ဆိုင်နာမည်လေးက

Just a Little Restaurant ဖြစ်ပြီးတော့ ဆိုင်လေးက ဖွင့်ထားတာ သိပ်မကြာသေးဘူးတဲ့။




ဘာစားမလဲ အကို…လိုအပ်တာတွေရှိရင်ကျွန်တော့်ကိုပြောပါ…

ဆိုင်မှာ ဈေးတန်တဲ့အကင်တွေရှိတယ်။ တရုတ်အစားအစာနဲ့ ထိုင်းအစားအစာတွေရှိတယ်။ ဘယ်မှာမှ မရနိုင်တဲ့ ရိုးရာထမင်းဆိုတာလည်း ဒီဆိုင်လေးမှာရတယ်။




ဆိုင်လေးက အပြင်မှာ ပေါ့ပေါ့ပါးပါးထိုင်ချင်တဲ့သူတွေအတွက်လည်း မီးရောင် လှလှလေးနဲ့ ဓါတ်ဖမ်းလို့ အရမ်းမိုက်တဲ့ ထိုင်ခုံလေးတွေလည်းရှိတယ်။


အပြင်မှာမထိုင်ချင်ဘူး Air-con လေးနဲ့ အရမ်းကို မိမိုက်တဲ့ အခန်းထဲမှာ ထိုင်ချင်တဲ့သူတွေအတွက်လည်း အပီ

Mr. Chill လို့ရတယ်။





အစပ်စားနိုင်မှ ကိုယ့်ဘဝထဲဝင်ခဲ့ပါနော်….


အစပ် ပါ မှ စားဝင်သူများ အတွက် ဆိုရင် အဆင်သင့်ရှိနေတဲ့
(No spice 


 No life)

မြနန္ဒာ Food & BBQ ဆိုတာနဲ့ Thai အစားအစာ စစ်စစ် တွေ ကို ပြေးမြင် လိုက်ပါ။



Thai Food တွေ ၊ အထောင်းတွေ ၊ ရှယ် BBQ တွေ ကို လတ်လတ်ဆတ်ဆတ် နဲ့ Thai အရသာ စစ်စစ် ၊ အုန်းနို့ ဘာညာ ၊ အထောင်းပေါင်းစုံ စုံစိနေအောင် ရတဲ့ ဆိုင်လေးတဆိုင် ညွန်းပေးချင်လို့။




Unpluggedလေးနားထောင်ရင်း Feel လို့လဲရမယ် ..အစားအသောက်တွေလဲ အတော်လေးအဆင်ပြေတဲ့နေရာလေးတစ်ခု အလင်းပြမယ်…


လူငယ်ဆန်တဲ့ ဆိုင်အပြင်အဆင်တွေနဲ့ ဘော်ဒါတစ်သိုက် အပီဝုန်းလို့ရမယ့် နေရာရှာနေရင်တော့ ဒီနေရာလေးရှိတယ်။


ဆိုင်လေးက ၂ ထပ်ရှိပြီးတော့ ဘော်ဒါတွေ မွေးနေ့ပွဲရှိရင် အပေါ်ထပ်တစ်ထပ်လုံးတောင် အပိုင်သိမ်းလို့ရတယ်။



နောက်ထပ်လန်းတဲ့ အချက်တစ်ချက်က Friday နဲ့ Saturday တိုင်း ည ၇:၃၀ နာရီကနေ ၁၀:၃၀ နာရီအထိ Unplugged အမိုက်စားလည်းရှိတယ်။


 ဘော်ဒါတွေနဲ့ အပီကဲဖို့

Conifer 46 ကို သွားလိုက်ဦးနော်။ အတူတူသွားချင်တဲ့ ကိုယ့်သူငယ်ချင်းအုပ်စုကို မန်းရှင်းခေါ်ပြီး တိုင်ပင်လိုက်ကြစို့။




လေကောင်းလေသန့်လေးလဲရ ဆိုင်လေးကကျယ်ကျယ်ဝန်းဝန်းနဲ့ Unpluggedလေးလဲနားထောင်လို့လဲရတဲ့ ဆိုင်လေးတစ်ဆိုင်ရှိသေးတယ်…

လွတ်လွတ်လပ်လပ် ဆိုင်ရှေ့လေလေး တဖြူးဖြူးတိုက်နေတဲ့ နေရာမှာထိုင်မလား။

ဆိုင်ထဲမှာ မိုးလုံပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာလေးမှာထိုင်မလား၊

Air-con ခန်းထဲမှာပဲ အေးအေးလူလူထိုင်ကြမလား။

တစ်နေရာတည်းမှာ feeling ၃ မျိုးနဲ့ ပေါ့ပေါ့ပါးပါးထိုင်လို့အရမ်းကောင်းတယ်။ဆိုင်မှာဆိုရင် ထိုင်းအစားအစာနဲ့ တရုတ်အစားအစာ ကောင်းကောင်းစားလို့ရတယ်။


ဆိုင်လေးက “

First Step ” ပါ။

ဘော်ဒါတွေနဲ့ အပီအပြင် Chill ချင်နေပြီ ဆိုရင်တော့ ကိုယ့်ဘော်ဒါတွေကို မန်းရှင်းခေါ်ပြီး ဒီနေရာလေးကို သွားဖို့ တိုင်ပင်ကြမယ်လေ။




စမ်းချောင်းထဲလှည့်ပတ်သွားလာရင်းနဲ့ ဆူရှီကိုရှယ်ကြိုက်တဲ့ သူတွေအတွက်ဆိုင်လေးတစ်ဆိုင်တွေ့ထားတာကြာပီ….

အနည်းဆုံး ၁၀၀၀ ကျပ်ကနေ စပြီးစားလို့ရလို့ အရမ်းကို အဆင်ပြေတယ်။

အစားအစာတွေကလည်း ဈေးတန်တယ်လို့ အရသာမကောင်းလောက်ဘူးမထင်နဲ့ အရသာလည်းကောင်းတယ်။

အသားတွေကလည်း လတ်ဆတ်တယ်။စမ်းချောင်းလမ်းနဲ့ အနီးဆုံးမှာရှိတဲ့ မင်းလမ်းထဲမှာမလို့ သွားရလာရလွယ်ကူတယ်။


ဆိုင်နာမည်လေးက “

Nori Sushi “…Lunch Box တွေလည်းရှိတယ်။ ငါးဥဆိုရင်လည်း အစုံရှိတယ်။ဆူရှီကြိုက်တဲ့သူတွေကတော့ သွားပီးစားသင့်တဲ့ဆိုင်လေးတစ်ဆိုင်မို့ အလင်းပြလိုက်တယ်နော်။




မသိဘူး…..Hot Pot ပဲစားမယ်

Junction City ထဲမှာမလို့ ဈေးဝယ်ရင်းနဲ့လည်း စားလို့ရတယ်။

Shopping ပတ်မယ့်သူ၊ ရုပ်ရှင်ကြည့်ပြီး ဗိုက်ဆာတဲ့သူတွေအတွက်လည်း အံကိုက်ပဲနော်။

ဈေးနှုန်းကလည်း သက်သာတယ်။ဆိုင်လေးကလည်း သပ်ရပ်တယ် သန့်ရှင်းတယ်။ မွေးနေ့ပွဲတွေဆိုရင်လည်း ကျွေးလို့ အရမ်းမိုက်တယ်။ ဘယ်ဆိုင်လဲဆိုတာ သိလား?


J

o Jo Hot pot ပဲပေ့ါ…

လူ့အလိုသာ နတ်မလိုက်နိုင်ရင်နေမယ် Jo Jo ကတော့ အစားတလိုင်းတို့အလိုကိုလိုက်ဖို့ set နဲ့ရော side dish နဲ့ရော gram နဲ့ရော အမျိုးမျိုးရှိတယ်နော်။ အဲ့တော့ Hot Pot သရဲလေးတွေနဲ့ မာလာရှမ်းကောသရဲလေးတွေကို မန်းရှင်းခေါ်ပြီး သွားဖို့စားဖို့တိုင်ပင်လိုက်ဖို့ မမေ့နဲ့နော်။

အစားတလိုင်းနှင့် Resturant Owner တို့အတွက် တစ်ခုတည်းသော မြန်မာနိုင်ငံ၏ Platform (yathar.com)
Yathar applicationdownload link(https://s.yathar.com/apps)Download Now                               –

https://s.yathar.com/apps Booking လုပ်နည်း                            –

https://youtu.be/y9Qirlq-6D4?list=PLFWJXDOqROChyclf2UDpC5xnbL1H5569o Discount Coupon  အသုံးပြုနည်း –  

https://you tu.be/hWifk6dF2qw?list=PLFWJXDOqROChyclf2UDpC5xnbL1H5569o



Some text some message..