နေ့တိုင်း ထမင်းမြိန်မြိန်စားကြဖို့ ဆေးဖက်ဝင် ငါးပိ ပြုလုပ်နည်းနဲ့ ငါးပိရည် ဖျော်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ငါးပိပြုလုပ်နည်း (ငါးပိတစ်ပိဿာအတွက်)
ငါးတစ်ပိဿာ နှစ်ဆယ့်ငါးကျပ်သားလောက် ဝယ်ရပါမယ်။ ငါးပြေမကတော့ပြောစမှတ်ဖြစ်ရအောင် အချို ဓာတ် လေးလေးပင်ပင်ရှိလှပါတယ်။ဈေးမှာလွယ်လွယ်ဝယ်လို့ရတဲ့ ငါးရံ့၊ ငါးခူ၊ ငါးကျီး၊ ငါးမြွေထိုး စတဲ့ ရေချိုငါးတို့ကိုလည်း သုံးနိုင် ပါတယ်။ ဦးစွာ ငါးတွေကို ဗိုက်ခွဲ အူထုတ်ပြီးရေပြောင်အောင်ဆေးပေးပါ။ ငါးတစ်ကောင်ချင်းစီကို တစ်ထွာလောက်ထက် ပို၍မကြီးသင့်ပါဘူး။
ငါးအကောင်ကြီးရင်တော့ ထက်ခြမ်းခွဲသင့်ပါတယ်။ ဒါမှသာ ပထမနေ့မှာပဲအတော်အသင့်
အစိုဓာတ်နဲသွားမှာ ပါ။ ဆားနယ်တဲ့အခါမှာ ပုံမှန်ဟင်းချက်တာထက်ပိုပြီးနယ်ရမှာပါ။ သို
့သော် ဆားထဲ့များရင် ငံလွန်းနေပြီး ဆားနည်းရင်တော့ ငါး တွေပုပ်တတ်ပါတယ်။
သဘာဝနည်းဖြစ်လို့အချိုမှုန့်နဲ့ ယမ်းစိမ်း လုံးဝထည့်စရာ မလိုပါ။ *(သတိပြုရန်။
ငါးနေလှန်းတဲ့အခါ ယင် ကောင်များနားပါက၊ ဥချခဲ့ရင် ငပိထဲမှာလောက်ကောင်များ တွေ
့ရတတ်လို့ ယင်မနားပါစေနှင့်) *ငါးခြောက်ဖြစ်တဲ့ အထိ နေမ လှန်းပဲ အစိုဓာတ်
ထက်ဝက်လောက်လျော့ကျသွားချိန်မှာ ငရုပ်ဆုံထဲထည့်ပြီးထောင်းပေးပါ။ သို
့သော် အထူးညက်စရာမလိုပါ။
ငါးပုံပျက်ပြီး အနဲငယ်ပဲ့ရွဲ့၍ ဖိသိပ်ထဲ့လို့ရတဲ့အနေအထားထိပျော့ပျောင်းလာရင်တော့ ပလပ်စတစ်ဗူး၊ ဖန်ဘူးများထဲ သိပ်ထည့်ထားပါ။ ပြီးရင်အပေါ်မှ ဆားများကိုဖြူး၍(အနဲဆုံး လက်တစ်ဆုပ်ခန့်)အဖုံးကိုလုံအောင် ပိတ်ထားလိုက်ရုံပါဘဲ။ ယခုလို သဘာ၀ နည်းဖြင့် ငါးငပိလုပ်နည်းကငါးကလေးဆိုရင်နှစ်လခွဲ ခန့်ကြာမှာဖြစ်ပြီး၊ ငါးကြီးဆိုလျှင် သုံးလခွဲခန့်ကြာနိုင်ပါတယ်။
ငပိနပ်လို့ အိုးစဖွင့်တယ် ဆိုရင်ဘဲ ငပိအိုးတက်ရည်များကိုတွေ့ရပါလိမ့်မယ်။
အဲဒီအိုးတက်ရည်တွေဟာ သဘာဝငပိမှထွက်တဲ့ ငံပြာရည် များဖြစ်လို့ဘေးအန္တရယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ ဒီအတိုင်းသုံးရင် အနံ့မကောင်းတဲ့အတွက်အိုးထဲမှငံပြာရည် (အိုးတက် ရည်)များကို ခပ်ယူပြီးပွက်ပွက်ဆူအောင်ကျိုချက်ထားရပါမယ်။ ငံပြာရည်အချိုကြိုက်ရင်တော့သကြားထဲ့ပေးနိုင်ပါတယ်။
ပြီးရင် ပုလင်းအလွတ် တစ်လုံးထဲမှာသိမ်းပြီး သဘာဝငါးငံပြာရည်စစ်စစ်အဖြစ်
လိုသလိုအသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်ဖြင့် အိမ်ရှင်မများ မိမိအိမ်မှာငါးငပိလုပ်ရင်း၊ ငါးငံပြာစစ်စစ်ကိုပါ သုံးစွဲလို့ရပါပြီ။
<< ဆေးဖက်ဝင် ငပိရည်ဖျော်နည်း >>
ငပိဆိုတာ ငါးကိုရေဆေး၊ ဗိုက်ခွဲကာအူတွေထုတ်ပြီး၊ ဆား(အငန်ဓာတ်တွေ)နဲ့
အပုပ်ခံလုပ် ထားတာမို့လည်း ငပိရည်က စား လို့တော့ကောင်းပါရဲ့ အငန်ဓာတ်ကဲနေပါတယ်။
ဒါ့ကြောင့်လည်း သွေးတိုးရောဂါသည်များ နှင့် ဝက်ခြံပေါက်သူများက ထမင်း
ဝိုင်းမှာ ငပိရည်ရနံ့မွှေးမွှေးလေးကို စိတ်ရှိတိုင်းမစားရဲကြပါဘူး။ သို
့သော် အထက်မှာဖော်ပြထားသလိုသဘာဝနည်းနဲ့ပြုလုပ် ဖော်စပ်ထားတဲ့ ငပိရည်ကို ဆေးဖက်ဝင်အောင်ဖျော်၍သင့်တင့်တဲ့ပမာဏစားခြင်း လူကိုဘေးထွက်ဆိုးကျိုးမဖြစ်စေပါဘူး။ ဦးစွာ
ငပိရည်ကျိုတဲ့အခါမှာ နနွင်း(စနွင်း)မှုန့်ကိုထဲ့၍ ကြိုပေးရမှာပါ။ဘာကြောင့်လဲဆိုရင် နနွင်းမှုန့်က အညှီအဟောက်များကို လွန်စွာပြေပျောက်စေတဲ့အပြင်၊ အရောင်လှပရုံသာမက ငပိရည်၏ အနံ့နှင့်အရသာကိုပါပိုကောင်းစေနိုင်လို့ပါဘဲ။ နနွင်းနှင့် ရော ကြိုပြီး ပွက်ပွက်ဆူလာတဲ့အခါ
အိုးပေါ်မှချ၍ ထောင်းထားတဲ့ ကြက်သွန်ဖြူနိုင်နိုင်ထည့်ပေးလိုက်ခြင်းဖြင့်စားချင့်စဖွယ် “ဆေး ဖက်ဝင် ငပိဖျော်ရည် ” ရပါပြီ။ အစပ်ကြိုက်သူများကငရုပ်သီးစိမ်းကိုလှော်၍ ထောင်းထဲ့စားနိုင်ပါတယ်။ ငရုပ်သီးစိမ်းလှော် က ငပိရည်ရနံ့ကိုပို၍ဆွဲဆောင်မှုဖြစ်စေရုံသာမက၊ ငရုပ်သီးစိမ်းစားလို့ဗိုက်နာခြင်းမှလည်း ကြိုတင်ကာကွယ်ရာရောက်ပါတယ်။
(ငရုပ်သီးအကျက်မှုန့်ကိုမှကြိုက်သူများကလည်း မိမိအလိုရှိသလိုထဲ့လို့ရပါတယ်) ဆေးဖက်ဝင်ငပိရည်ဖျော်အတွက်အချိုမှုန့် မထဲ့သင့်ပါဘူး၊ အချိုမှုန့်အစား ပုစွန်ခြောက်မှုန်
့အနည်းငယ်ထဲ့ပေးနိုင်ပါတယ်(သို့မဟုတ်)မိမိအဆင်ပြေရာ ပြုတ်ထားသော ငကျည်း
ငကြင်း ငမြစ်ချင်းအသားအနည်းကို အရိုးနွှင်၍ ငပိရည်ထဲခတ်ပေးနိုင်ပါတယ်။
ထမင်းဝိုင်းပြင်ခါနီးမှာ ငပိရည်ခွက်ထဲကို သံပုရာ ရည်ညှစ်ထည့်ပေးလိုက်ပါဦး။
သံပုရာရည်က သွေးတိုးကိုထိန်းပေးနိုင်သလို မြန်မာ့အကြိုက် ချဉ်၊ ငံ၊ စပ်
အရသာပြီးပြည့် စုံတဲ့ ငပိရည်တစ်ခွက်ရပါပြီ။ (အတို့အမြှုပ်အဖြစ်
မန်ကျည်းသီးဖြင့်ပြုတ်ထားသော ကန်စွန်းရိုးနီ၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ သခွား
သီး၊ ဖရဲသီးငယ်(သို့မဟုတ်)ဗူးသီးပြုတ်၊ ခရမ်းကျွတ်သီး၊ ပူစီနံရွက်၊
မုန်လာဥနီ၊ ချဉ်ဖတ်အမျိုးမျိုး၊ ရေနွေးဖျောထားတဲ့ ပဲစောင်း
ခါးသီး-ဂေါ်ဖီ-ပဲတောင့်ရှည်-ကနဖော့-မှိုနတို-စာကလေးခြေထောက်-ပဲပုစွန် စတဲ့
သဘာဝဟင်းသီးဟင်းရွက်များကို ငပိရည်ဖြင့် တွဲဖက်စားခြင်းဖြင့် ခံတွင်းလိုက်
စေသလို ဆေးဖက်လည်း ဝင်စေမှာ အမှန်ပါ)
[ Unicode ]

Ref; asianfood