ကချင်ဒံပေါက်ထမင်းနယ် ပြုလုပ်နည်း
trend.com.mm
|
2020-04-03

အဝဆွဲပြီး လိုက်ပွဲပါယူရမဲ့ ကချင်ဒံပေါက်ထမင်းနယ်မွှေးမွှေးလေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ
၁။ ကြက်သား၊ အမဲသား(သို့) ဝက်သား တစ်မျိုးမျိုး
၂။ ဆန် (ဂျပ်စမင်းဆန်(သို့)ဘတ်စမာတီဆန်) ဆန်ပျော့ကောင်းကောင်းဆိုရတယ်။
၃။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်၊ သကြားအနည်းငယ်၊ ဆီ၊ ငရုတ်ကောင်း၊ ငံပြာရည်
၄။ မှိုကပ်ခြောက်၊ မျှစ်ချဉ်ချို နှင့် ပင်စိမ်း၊ ဖက်ဖယ်ရွက်
( မှိုကပ်ခြောက်နဲ့ ဖက်ဖယ်ရွယ်ကို မရှိရင် မထည့်လို့လည်း ရပါတယ် )

ပြုလုပ်နည်း
၁။ ပထမဆုံး ဆန်ကိုရေဆေးပြီး ပေါင်းအိုးဖြင့် မိမိလိုအပ်သလောက်ပေါင်းထားပေးပါ။ ဖြစ်နိုင်ရင် ကောက်ညှင်းပေါင်းသလို ဆန်ကိုပေါင်းရပါမယ်။
၂။ ကြက်သားကို ရေဆေးပြီး ပြုတ်မဲ့အိုးထဲထည့်ပါ။ ဆား၊သကြား၊ ကြက်သားမှုန့်အနည်းငယ်၊ ဂျင်းကိုဒါးပြားရိုက်ထည့်၊ ကြက်သွန်ဖြူ၂ဥကိုဒါးပြားရိုက်ထည့် ပြီး ရေအနည်းငယ်ထည့်ပါ။ ပြီးတော့ရေခန်းအောင်ချက်လိုက်ပါ။ ရေခန်းလျှင်ကြက်သားကိုဆယ်ယူပြီး လက်ဖြင့် အသားချောင်းလေးတွေဖြစ်အောင် မွထားပါ။
၃။ မှိုကပ်ခြောက်ကို ရေစိမ်၊ ပွလာရင် ဆီအနည်းငယ်နဲ့ ကြော်ပါ။ ကြော်တဲ့အချိန် ဆားထည့်ပါမယ်။
၄။ မျှစ်ချဉ်ကိုပါးပါးလှီးပြီးခြောက်ခြောက်လေးကြော်ပါ။ ကြက်သွန်နီးပါးပါးလှီးပြီးကြော်ထားပါ။ ကြက်သွန်ဖြူကိုပါ နုတ်နုတ်စဉ်းပြီးဆီသပ်ထားပါ။

ပြင်ဆင်ပုံ
ကချင်ထမင်းနယ်အတွက် လိုအပ်တဲ့ အစာပလာတွေကို စုံအောင်ပြင်ဆင်ထားပြီးရင်တော့ ထမင်းနယ်ပါတော့မယ်။ ထမင်းကိုပေါင်းအိုးထဲကနေ နယ်မဲ့အိုးထဲထည့်ပါနော်။ ပြီးရင် ပြင်ဆင်ထားတဲ့ အစာပလာတွေကိုလိုသလို ထည့်နော်။ ကြက်သားမှုန့်ကို ထပ်ထည့်နော်။ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်ကိုပါ ဆီလေးနဲ့ ထည့်ပါ။ အပေါ့အငံမြည်းကြည့်ပါ။ ပြီးရင် ပန်းကန်လုံးထဲကို နယ်ထားတဲ့ထမင်းတွေသွပ်ထည့်ပါ။ ပြီးရင်တော့ ကိုယ်စားမဲ့ ပန်းကန်ပြားပေါ်မောက်ထည့်လိုက်ပါ။ ပြီးရင် သခွားသီး၊ ကြက်သွန်မိတ်တို့ိကိုပါတင်ပေးပါ။ ကချင်ဒံပေါက် နဲ့တွဲစားဖို့ ကြက်သားဟင်းရည်ကိုပါ ပြင်ဆင်ထားမယ်။ Kimchi (သို့) သခွားသီးသုပ်ထားမယ်။
ခုဆိုရင်တော့ မွှေးမွှေးလေးနဲ့ အာဟာရပြည့်ဝတဲ့ ကချင်ဒံပေါက်ထမင်းနယ်ကို သုံးဆောင်ကြမယ်နော်။

[ Unicode ]

Ref; asianfood

Some text some message..