ဘယ်တော့မှသက်တမ်းမကုန်ဆုံးနိုင်တဲ့အစားအသောက်များ
shweinnlay.com
|
2018-12-02



သန့်ရှင်းလတ်ဆတ်တဲ့အစားအစာများကို နေ့စဉ်စားသုံးမှ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ရရှိနိုင်မှာပါ။အစားအသောက်တော်တော်များများက သက်တမ်းကုန်ဆုံးလွယ်တယ်ဆိုပေမယ့် ကံကောင်းစွာပဲ သက်တမ်းမကုန်ဆုံးနိုင်တဲ့အစားအသောက်တချို့ ရှိနေပါတယ်။ လူတွေနေ့စဉ်စားသောက်နေကြတဲ့အစားအသောက်တွေထဲမှာ ဘယ်ဟာတွေက သက်တမ်းကုန်ဆုံးမှု မရှိဘူးလဲဆိုတာကို ဖော်ပြပေး လိုက်ပါတယ်။


(၁) ပျားရည်

ရှေးဟောင်းသုသေသီများရဲ့ လေ့လာဆန်းစစ်ချက်အရတော့ ပျားရည်က နှစ်ပေါင်း ၃ထောင်ကျော် ထိတောင်အနံ့အရသာ ပျက်ပြယ်သွားခြင်းမရှိဘဲ စားသုံးနိုင်သေးတယ်လို့ ဆိုပါတယ်။ ပျားရည်ကို ရှေးအစဉ်အဆက် ကတည်းက ဆေးဝါးတွေ ဖော်စပ်ရာမှာ သော်လည်းကောင်း၊ ဟင်းချက်တဲ့အခါမှာအရသာထူးကဲ ကောင်းမွန်ဖို့အတွက်လည်း ယနေ့ထိတိုင်အသုံးပြုနေကြဆဲပါ။ ဒီလိုကြာရှည်ခံတဲ့ ပျားရည်ရရှိဖို့အတွက်တော့အဖုံးသေချာလုံတဲ့ ဘူးထဲထည့်ပြီး သိမ်းဆည်းထားဖို့တော့ လိုပါတယ်။


(၂) ရှာလကာရည်

မီးဖိုချောင်သုံး ဟင်းခတ်အမွှေးအကြိုင် တွေထဲမှာ ရှာကလာရည်ကလည်းအိမ်ရှင်မတိုင်းအတွက် မရှိမအဖြစ်အရာတစ်ခုပါပဲ။ ရှာကလာရည်မှာ ပါဝင်တဲ့ သဘာဝအက်ဆစ်ဓာတ်ကအနံ့အရသာအာနိသင်ပျက်ပြယ်သွားခြင်းမရှိရလေအောင် ကူညီပေးတဲ့အတွက် သက်တမ်းကုန်ဆုံးမှု မရှိတဲ့အစားအသောက်စားရင်းထဲမှာ ပါဝင်နေပါတယ်။အထူးသဖြင့် ရှာလကာရည်အကြည်နဲ့ ဝိုင်နီရှာလကာရည်က ဘယ်တော့မှ သက်တမ်းကုန်ဆုံးမှု မရှိပါဘူး။


(၃) ပြောင်းဖူးမှုန့်

ရှေးခေတ်က လူတွေက ပြောင်းဖူးကိုအမှုန့်ကြိတ်ပြီး ရိက္ခာအဖြစ် နှစ်ပေါင်းကြာရှည်စွာ သိုလှောင် သိမ်းဆည်း ထားတတ်ကြပါတယ်။ ဒ့ါကြောင့် ပြောင်းဖူးမှုန့်ကလည်း သက်တမ်းကုန်ဆုံး ရက်မရှိတဲ့အစားအသောက် တစ်မျိုးပါပဲ။ စိုစွတ်သွားခြင်းမရှိဘဲ ခြောက်သွေ့ပြီးအေးတဲ့နေရာမှာ သိုလှောင် ထားမယ် ဆိုရင် နှစ်ပေါင်းကြာရှည်စွာ သိမ်းဆည်းထားနိုင်ပါတယ်။


(၄) ဆား၊ သကြား

ဆားနဲ့ သကြားကလည်း နောင်နှစ်ပေါင်းသိန်းသန်းထိတောင် သက်တမ်းကုန်ဆုံးခြင်း မရှိပါဘူး။ ဆားကအစားအစာများကိုအရသာထူးကဲကောင်းမွန်စေတဲ့အပြင် ဘတ်တီးရီးယားပိုးမွှားများကို သေစေနိုင် ပါတယ်။ ဆားကဘယ်တော့မှ သက်တမ်းကုန်ဆုံးမှု မရှိဘူးဆိုပေမယ့် စိုစွတ်ပြီး လျင်မြန်စွာ ပျက်ပြယ် သွားနိုင်တဲ့အရာပါ။


(၅) ဆန်

နေ့စဉ်စာသုံးနေတဲ့ ဆန်ကလည်း သက်တမ်းကုန်ဆုံးရက် မရှိတာမဆန်းလှပါဘူး။ ဒါပေမယ့် ဆန်တွေထဲမှာ ဆန်ညိုကတော့ သက်တမ်းကုန်ဆုံးတတ်တယ်လို့ ဆိုထားပါတယ်။ ဆန်ညိုကအဆီဓာတ်လွန်ကဲစွာ ပါဝင်တဲ့အတွက်ကြောင့် နှစ်ပေါင်းကြာရှည်စွာ ထားမယ်ဆိုရင် ဆန်ကိုစိုစွတ်သွားစေပြီး မှိုတက်သွားစေတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့်အခြားဆန်တွေကတော့ ဘယ်တော့မှ သက်တမ်းကုန်ဆုံးသွားခြင်း မရှိပါဘူး။


နန်း(ရွှေအင်းလေး)




Some text some message..