သင့်ကို ပိုပြီး စွဲဆောင်မှုပိုစေဖို့ ပျိုမေတို့လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေ
mystylemyanmar.com
|
2020-04-09

အိမ်ကိုဧည့်သည့်လာတဲ့အခါ




ကိုယ့်အိမ်ကို ဧည့်သည်လာတဲ့အခါ လုပ်ရမယ့်အချက်က၊ ရေချိုးခန်၊ အိမ်သာဘယ်နားမှာရှိကြောင်း၊ ဘေစင်ဘယ်နားမှာရှိကြောင်းနဲ့လွတ်လွတ်လပ်လပ်အသုံးပြုလို့ရကြောင်း ပြောပါ။


စားစရာကိုစားပွဲပေါ်တင်ပေးပါ။

ဧည့်သည်အတွက်စားစရာကို အလွယ်တကူ ယူလို့ရအောင် စားပွဲပေါ်မှာ တင်ပေးထားပါ။


စားသောက်ဆိုင်မှာ




စားသောက်ဆိုင်မှာ အရမ်းပူတဲ့အခါ ယပ်တောင်ခပ်တာမျိုးမလုပ်ဘဲ ဆိုင်ကဝန်ထမ်းကို Air Con တင်ပေးဖို့ပြောပါ။

ခေါင်းဖြီးချင်ရင် သန့်စင်ခန်းသွားပါ။

ထိုင်ခုံမှာထိုင်ရင်း နှုတ်ခမ်းနီစိုးနိုင်ပါတယ်။ ဒါပေမယ့် မျက်နှာကို ပေါင်ဒါပုပ်တာမျိုးကတော့ သန့်စင်ခန်းသွားပြီးလုပ်သင့်ပါတယ်။


စကားပြောဆိုဆက်သွယ်တဲ့အခါ

တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုတဲ့အခါမှာ ဝေးဝေးလံလံကနေ အော်ပြောတာမျိုး မလုပ်သင့်ပါဘူး။


စားသောက်တဲ့အခါ




တခြားဧည့်သည်တွေနဲ့ စားသောက်တဲ့အခါ သူတို့ရဲ့ ခွက်တွေထဲကို ရေဖြည့်ပေးပါ။ ဟင်းတစ်ခုကို အကြာကြီးရွေးမနေပါနဲ့။

လက်ဖက်ရည်ခွက်ကို လက်ချောင်းရှေ့ထုတ်ပြီးကိုင်ပေးပြီး ကော်ဖီခွက်ဆိုရင် လက်ကို ကိုင်ထဲထည့်ပြီးကိုင်ပါ။


ထိုင်တဲ့အခါ




ထိုင်ခုံနည်းနည်း ပုတာနဲ့ ထိုင်တဲ့အခါ ခြေထောက်ကို ကြက်ခြေခတ်မထိုင်သင့်ပါဘူး။ ဒူးနှစ်ဖက်ကို ပူပြီးထိုင်ပေးပါ။


ကားပေါ်ကဆင်းတဲ့အခါ




ကားပေါ်ကဆင်းတဲ့အခါမှာ စကတ်ကိုသေချာဆွဲချပြီးမှ ဆင်းသင့်ပါတယ်။ အရင်ဆုံးခြေထောက်တစ်ဖက်ကို လမ်းမပေါ်ချပြီးမှ နောက်တစ်ဖက်ကို ဆင်းလိုက်ပါ။




မိတ်ဆွေနဲ့ ကားအတူတူစီးတဲ့အခါ တိတ်ဆိတ်နေတာမျိုးမဟုတ်ဘဲ စကားစမြည်ပြောဆိုတာမျိုး လုပ်သင့်ပါတယ်။


The post

သင့်ကို ပိုပြီး စွဲဆောင်မှုပိုစေဖို့ ပျိုမေတို့လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေ appeared first on

MyStyle Myanmar .




Some text some message..