
                                                                                                        အစားတလိုင်းပရိသတ်ကြီးတို့အတွက် နားတဲ့အချိန်လေးတွေမှာ ကိုယ်တိုင်လုပ်စားလို့ရနိုင်မယ့် မြန်မာမုန့်လုပ်နည်းလေးတွေ ဖော်ပြပေးမယ်နော်။ သင်္ကြန်မှာ အပြင်မထွက်ရဘူးဆိုပေမယ့်လည်း သင်္ကြန်အငွေ့အသက်လေးတွေရအောင် သင်္ကြန်မုန့်လေးတွေ လုပ်စားရင်း ဒီနှစ်ရဲ့ မြန်မာ့ရိုးရာသင်္ကြန်ကို ခံစားလိုက်ကြရအောင်နော်။ လွယ်လွယ်ကူကူနဲ့ လုပ်စားလို့ရမှာဆိုတော့ လိုအပ်တဲ့ ပစ္စည်းလေးတွေကိုလည်း အမြန်ဆုံးပြေးဝယ်ထားလိုက်တော့နော်။ 
                                                                                                
အုန့်နို့ကျောက်ကျော 
                                                                                                
 
                                                                                                ပါဝင်ပစ္စည်းများ
 တယ်လီဖုန်းကျောက်ကျော 25g 1ထုပ်
 အုန်းသီး 1 လုံး
 (အုန်းနို့ရည်ညှစ်ထားပါ)
 သကြား ၂၀ကျပ်သား
 ဆား အနည်းငယ် 
                                                                                                
ပြုလုပ်နည်း
 အိုးတခု ထဲတွင် ဆား+သကြား+အုန်းနို့ရည် 1လီတာကျော်ခန့် ထည့်ပါ။ သကြားများအရည်ပျော်အောင်မွှေပြီး ဇကာဖြင့်စစ်ထားပါ။ ဇကာစစ်ထားသော အရည်ထဲသို့ တယ်လီဖုန်းကျောက်ကျောမှုန့် ထည့်ကာ ပျော်ဝင်အောင်မွှေပါ။ အမှုန့်များပျော်ဝင်ပီးလျင် မီးဖိုပေါ်တင်၍ မီးအေးအေးဖြင့်မွှေပါ။ ၁၀/၁၂မိနစ်ခန့်မွှေပီးလျှင် အသင့်လောင်းရန်ပြင်ထားသောဗန်းထဲသို့ လောင်းထည့်ပါ အေး၍ခဲလျင် အရသာရှိသော အုန်းနို့ကျောက်ကျောလေးကို သုံးဆောင်နိုင်ပါပြီနော်။ 
                                                                                                
ကြက်ဥပူတင်း 
                                                                                                
 
                                                                                                ပါဝင်သော ပစ္စည်းများ...
 နွားနို့ ( ၂၅ ) ကျပ်သား
 ဂျုံ မှုန့် (၁၀)သား 
 ကွကျဥ (၂) လုံး
 နို့မှုန့် (၂)ထုတ်
 သကြား (၁၅) ကျပ်သား
 ကိတ်မုန့် အနု အနည်းငယ်၊ ဆားအနည်းငယ်၊ ဆီ အနည်းငယ်။ 
                                                                                                
ပြုလုပ်နည်း
 ပထမဆုံး ကြက်ဥ ခလောက်ထားပါ၊ ဇလုံးကြီးကြီး တစ်ခုထဲသို့ ဂျုံမှုန့် ထည့်ပါ။ ဆားအနည်းငယ် ထည့်ပါ။
 သကြား ထည့်ပါ ရေနွေး အနည်းငယ်ထည့်၍ ကြက်ဥ ခလောက်တံ နှင့် နာနာ ခလောက်ပါ။ ပီးလျှင် ကြက်ဥ ခလောက်ထားတာ ထည့်ပါ။ ကိတ်မုန့် အနည်းငယ် ချေထည့်ပါ၊ နို့မှုန့် ထည့်ပါ။ နွားနို့ ထည့်ပီး ခလောက်ပါ။ အားလုံး နှံ့စပ် အောင် နာနာ မွှေပေးပါ၊ပီးလျှင် ကျိုမဲ့ အိုးထဲသို့ ပြောင်းထည့်၍ မီးအရှိန် အနေအသင့် နှင့် ကျိုပေးပါ၊ အဆက်မပြတ် မွှေပေးပါ။ ကပ်မှာဆိုးလို့ပါ အရည်ကျပီး မုန့်နှစ် ပျစ်လာရင် ချလို့ရပါပီ။ အေးအေးလေးစားချင်ရင်တော့ ရေခဲသေတ္တာထဲထည့်ထားပြီး စားလို့ရပါတယ်နော်။ 
                                                                                                
ရွှေကြည်ဆနွင်းမကင်း 
                                                                                                
 
                                                                                                ပါဝင်ပစ္စည်းများ
 ရွှေကြည် တစ်ပိသာ
 အုန်းသီးရင့်ရင့် ၆ လုံး
 နို့စိမ်း ၅ လုံး
 ကွကျဥ အလုံး ၂၀
 သကြား ၅၀သား ( အစိမ့်)
 ထောပတ် ၂၀သား
 ဆီ ၂၅ ကျပ်သား
 စပျစ်သီးခြောက် အချို ၁၅ ကျပ်သား
 ဆားအနည်းငယ်
 ဘိန်းစေ့ နဲနဲ 
ပြုလုပ်နည်း 
                                                                                                
ရှေးဦးစွာ ရွှေခြည်နဲ့သကြားကို မွှေးလာအောင် လှော်ထားပါ။ ကြက်ဥကို ကြေအောင်ခေါက်ထားပေးပါ။ ထို့နောက် လှော်ပြီးသား ရွှေခြည် ထဲကို အုန်းနို့ နို့ဆီဗူးနဲ့ ၁၂ ခွက်ထဲ့ပါ။ ကြက်ဥခေါက်ထားတာကိုပါ ထည့်ပါ။ ထောပါတ်ထဲ့ပါ ဆီထဲ့ပါ ဆားထဲ့ပါ။နို့စိမ်း ၅ ဗူးထဲ့ပါ။ အားလုံးသမအောင်ရောမွှေပါ။
 မုန့်လုပ်ရန် အဆင်သင့်ဖြစ်ပါပြီ။
 ရောထားသည်များကို အိုးထဲမှာ ဆီပြန်လာအောင် ကျိုပါ။ ဆီပြန်ပြီး မုန့်သား လည်လာလျှင်စပျစ်သီးခြောက်ထည့်ပါ။ ထို့နောက် ဖုတ်မည့်ဗန်းထဲ လောင်းထည့်ပါ။ အုန်းနို့ဦးရည် နဲနဲချန်ထားပြီး ဖြန်းပေးပါ။ ဘိန်းစေ့ဖြူးပြီး အပေါ်မီးများများ အောက်မီးနဲနဲနှင့် မိနစ် ၃၀ မှ ၄၅ မိနစ်ကြာအောင် မီးအနဲအများအလိုက် ဖုတ်ပါ တစ်ရက် အနဲဆုံး ၈ နာရီ အအေးခံပါ။ စားသုံးရန်အဆင်သင့် ရွှေခြည်ဆနွင်းမကင်းရပါပြီ။
 Credit - သုတစုံလင်အိမ်ရှင်မ ESM