ကောက်ညှင်းနှမ်းလုံးကပ်ကြော် ပူပူလေး ပြုလုပ်နည်း
trend.com.mm
|
2020-04-27

ပူပူနွေးနွေးကြွပ်ရွမွှေးကြိုင်နေတဲ့ ဝါးလိုက်ရင်ဖောက်ကနဲ အိအိလေးနဲ့ စားလို့ကောင်းတဲ့ အရသာရှိရှိ ကောက်ညှင်းနှမ်းလုံးကပ်ကြော် ပူပူလေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။




ပါဝင်ပစ္စည်း(၁၂လုံး)
ကောက်ညင်းမှုန့် – ၂၅၀ဂရမ်
သကြား – ၃၀ဂရမ်
ဆား -အနည်းငယ်
Baking Powder (မုန့်ဖုတ်ဆိုဒါ) -တဇွန်းလ္ဘက်ဇွန်း
ရေ – ၂၀၀ ml
ပဲယို – တစ်ပန်းကန်
ရေတပန်းကန် – မုန့်လုံးရေစွတ်ရန်
နှမ်းလှော် – တစ်ပန်းကန်
ဆီ – ကြော်ရန်
အစားအစာသုံးအရောင်မှုန့် (food colour) – အစိမ်းရောင် (အနည်းငယ်)


ပြင်ဆင်ပြုလုပ်ပုံ
(၁)ပန်းကန်လုံးတခုတွင်ကောက်ညင်းမုန့်ကို၂၀၀ဂရမ်ချိန်ထည့်ထားပါ။
(၂)ပြီးလျှင်နောက်ထပ်ပန်းကန်တခုတွင်မုန့်လုံးတလုံးစာ၅၀ဂရမ်ကောက်ညင်းမုန့်ကိုရေအနည်းငယ်ဖြင့်လုံး၍ရသည့်အနေထိနယ်ပါ။ ဒီနေရာမှာ အစိမ်းရောင်ဖြစ်ချင်တယ်ဆိုရင် အစိမ်းရောင် food color ကို အနည်းငယ်ရောထည့်လိုက်ပါ။
(၃)မုန့်နှစ်တလုံးစာရပါကအိုးတခုဖြင့်ရေနွေးတည်ကာဆူပွက်ပါကလုံးပြီးသားမုန့်လုံးကိုထည့်ပြီးသုံးမိနစ်ပြုတ်ပါ။
(၄)ပြီးလျှင်ဆယ်ယူပြီးရေအေးစိမ်ထားကာအေးအောင်ပြုလုပ်ပါ။
(၅)အေးသွားပါကဆယ်ယူပြီးပန်းကန်လုံးအကြီးထဲမှကောက်ညင်းမှုန့်ထဲထည့်ပါ။ဆားသကြားbakingpowderထည့်ပြီးမုန့်လုံးကိုကြေပြီးကောက်ညင်းမှုန့်များဖြင့်သမအောင်နယ်ပေးပါ။


***ဤ(၂)မှ(၅)အချက်သည်မုန့်ကြော်ချိန်ဆီမပေါက်စေရန်ပြုလုပ်သည့်အဓိကအချက်ဖြစ်သည်
(၆)ကျက်ပြီးသားမုန့်လုံးသကြားဆားကောက်ညင်းမှုန့်တို့သမသွားပါကရေကိုဖြည်းဖြည်းဆီထည့်နယ်ပြီးချောမွေလာသည်ထိနယ်ပေးပါ။
လက်မကပ်စေရန်ကောက်ညင်းမှုန့်အနည်းငယ်ဖြူးပြီးကိုင်ပါ။
(၇)ပြီးလျှင်အရွယ်ညီ၁၂လုံးလုံးထားပြီးမိနစ်၃၀ခန့်နှပ်ထားပါ။
(၈)နှပ်ထားစဉ်ပဲယိုသို့မဟုတ်နှစ်သက်ရာယိုကိုအလုံးလေးများ၁၂လုံးလုံးထားပါ။ရေတစ်ပန်းကန်နှမ်းလှော်တစ်ပန်းကန်အသင့်ပြင်ထားပါ။
(၉)ကောက်ညင်းလုံးကိုအနည်းငယ်ပြားအောင်ပြုလုပ်ပြီးပဲယိုထည့်ကာမုန့်လုံးကိုချောမွေ့အောင်ပြုလုပ်ပါ။
(၁၀)ပြီးလျှင်ရေပန်းကန်တွင်နှစ်ပြီးမုန့်လုံးကိုရေစွတ်ကာနှမ်းလှော်ဖြင့်အနှံ့ကပ်အောင်ပြုလုပ်ပြီးလုံးပေးပါ။
(၁၁)မုန့်လုံးအားလုံးအစာသွပ်ပြီးနှမ်းကပ်ပြီးပါကဆီအိုးတည်ကာဆီပူတွင်သုံးမိနစ်ခန့်အရောင်ရအောင်ကြော်ပါ။အရောင်ညီစေရန်ယောက်မဖြင့်လှည့်ပေးပါ။
(၁၂)ရွှေဝါရောင်ရပါကဆယ်ယူဆီစစ်ထားလိုက်ပါ။

ခုဆိုရင်တော့ ပူနွေးကြွပ်ရွတဲ့ ကောက်ညှင်းနှမ်းလုံးကပ်ကြော်လေးကို သုံးဆောင်ရအောင်နော်။

[ Unicode ]

ပူပူနွေးနွေးကြွပ်ရွမွှေးကြိုင်နေတဲ့ ဝါးလိုက်ရင်ဖောက်ကနဲ အိအိလေးနဲ့ စားလို့ကောင်းတဲ့ အရသာရှိရှိ ကောက်ညှင်းနှမ်းလုံးကပ်ကြော် ပူပူလေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။


ပါဝင်ပစ္စည်း(၁၂လုံး)
ကောက်ညင်းမှုန့် – ၂၅၀ဂရမ်
သကွား – ၃၀ဂရမျ
ဆား -အနည်းငယ်
Baking Powder -တဇွန်းလ္ဘက်ဇွန်း
ရေ – ၂၀၀ ml
ပဲယို – တစ်ပန်းကန်
ရေတပန်းကန် – မုန့်လုံးရေစွတ်ရန်
နှမ်းလှော် – တစ်ပန်းကန်
ဆီ – ကြော်ရန်
အစားအစာသုံးအရောင်မှုန့် (food colour) – အစိမ်းရောင် (အနည်းငယ်)


ပြင်ဆင်ပြုလုပ်ပုံ
(၁)ပန်းကန်လုံးတခုတွင်ကောက်ညင်းမုန့်ကို၂၀၀ဂရမ်ချိန်ထည့်ထားပါ။
(၂)ပြီးလျှင်နောက်ထပ်ပန်းကန်တခုတွင်မုန့်လုံးတလုံးစာ၅၀ဂရမ်ကောက်ညင်းမုန့်ကိုရေအနည်းငယ်ဖြင့်လုံး၍ရသည့်အနေထိနယ်ပါ။ ဒီနေရာမှာ အစိမ်းရောင်ဖြစ်ချင်တယ်ဆိုရင် အစိမ်းရောင် food color ကို အနည်းငယ်ရောထည့်လိုက်ပါ။
(၃)မုန့်နှစ်တလုံးစာရပါကအိုးတခုဖြင့်ရေနွေးတည်ကာဆူပွက်ပါကလုံးပြီးသားမုန့်လုံးကိုထည့်ပြီးသုံးမိနစ်ပြုတ်ပါ။
(၄)ပြီးလျှင်ဆယ်ယူပြီးရေအေးစိမ်ထားကာအေးအောင်ပြုလုပ်ပါ။
(၅)အေးသွားပါကဆယ်ယူပြီးပန်းကန်လုံးအကြီးထဲမှကောက်ညင်းမှုန့်ထဲထည့်ပါ။ဆားသကြားbakingpowderထည့်ပြီးမုန့်လုံးကိုကြေပြီးကောက်ညင်းမှုန့်များဖြင့်သမအောင်နယ်ပေးပါ။


***ဤ(၂)မှ(၅)အချက်သည်မုန့်ကြော်ချိန်ဆီမပေါက်စေရန်ပြုလုပ်သည့်အဓိကအချက်ဖြစ်သည်
(၆)ကျက်ပြီးသားမုန့်လုံးသကြားဆားကောက်ညင်းမှုန့်တို့သမသွားပါကရေကိုဖြည်းဖြည်းဆီထည့်နယ်ပြီးချောမွေလာသည်ထိနယ်ပေးပါ။
လက်မကပ်စေရန်ကောက်ညင်းမှုန့်အနည်းငယ်ဖြူးပြီးကိုင်ပါ။
(၇)ပြီးလျှင်အရွယ်ညီ၁၂လုံးလုံးထားပြီးမိနစ်၃၀ခန့်နှပ်ထားပါ။
(၈)နှပ်ထားစဉ်ပဲယိုသို့မဟုတ်နှစ်သက်ရာယိုကိုအလုံးလေးများ၁၂လုံးလုံးထားပါ။ရေတစ်ပန်းကန်နှမ်းလှော်တစ်ပန်းကန်အသင့်ပြင်ထားပါ။
(၉)ကောက်ညင်းလုံးကိုအနည်းငယ်ပြားအောင်ပြုလုပ်ပြီးပဲယိုထည့်ကာမုန့်လုံးကိုချောမွေ့အောင်ပြုလုပ်ပါ။
(၁၀)ပြီးလျှင်ရေပန်းကန်တွင်နှစ်ပြီးမုန့်လုံးကိုရေစွတ်ကာနှမ်းလှော်ဖြင့်အနှံ့ကပ်အောင်ပြုလုပ်ပြီးလုံးပေးပါ။
(၁၁)မုန့်လုံးအားလုံးအစာသွပ်ပြီးနှမ်းကပ်ပြီးပါကဆီအိုးတည်ကာဆီပူတွင်သုံးမိနစ်ခန့်အရောင်ရအောင်ကြော်ပါ။အရောင်ညီစေရန်ယောက်မဖြင့်လှည့်ပေးပါ။
(၁၂)ရွှေဝါရောင်ရပါကဆယ်ယူဆီစစ်ထားလိုက်ပါ။

ခုဆိုရင်တော့ ပူနွေးကြွပ်ရွတဲ့ ကောက်ညှင်းနှမ်းလုံးကပ်ကြော်လေးကို သုံးဆောင်ရအောင်နော်။

Ref; asianfood




Some text some message..