ကျန်းမာရေးနဲ့မညီတဲ့ သရေစာ ဘယ်လိုရှောင်ရှားစေမလဲ
hellosayarwon.com
|
2018-12-05

သိတတ်ကာစအရွယ်

အတွက်တော့အရာရာအသစ်အဆန်းတွေချည်းပဲမို့ ဟိုမုန့်စားချင်၊ဒီမုန့်စားချင်၊ လူကြီးစားသမျှ လိုက်စားချင်တတ်ကြတာပဲ။အရောင်နဲ့ဒီဇိုင်းအသွင်အပြင် လှရမယ်၊အရသာချိုမယ်၊ မွှေးမယ်ဆို ဘာဖြစ်ဖြစ် လာထား။ ဝယ်ကျွေးဖို့ ပူဆာတော့တာ။ ဒီအရွယ်မှာ သူတို့ကိုယ်တိုင်ပြေးမဝယ်နိုင်သေးတော့

့တွေက ကလေးအတွက် ကျန်းမာရေးနဲ့ညီဖို့က ဝယ်ကျွေးတဲ့ မိဘတာဝန်ဖြစ်ပါတယ်။ သူတို့ကြိုက်တဲ့မုန့်တွေ၊စားစရာတွေချည်း ဝယ်ပေးလို့ကတော့ ဆေးလိုက်ကုလို့ကိုဆုံးမှာမဟုတ်ဘူးလေ။ ဈေးကွက်မှာကအမှတ်တံဆိပ်အစုံ၊အရည်အသွေးစုံ၊အမျိုးအစားစုံတွေ ပေါများလွန်းပါတယ်။အခုမှဖွံ့ဖြိုးကာစ ခန္ဓာကိုယ်လေးတွေကိုအဆိပ်အတောက်ဖြစ်စေမယ့်

တွတော့ စိတ်ကြိုက်စားခွင့်မပေးထားသင့်ပါဘူး။

ဆိုတာ မကောင်းတဲ့အမူအကျင့်တော့မဟုတ်ပါဘူး။ ရွေးချယ်လိုက်တဲ့ သရေစာက ကျန်းမာရေးအတွက်သင့်တော်ပြီး ဘေးကင်းနေဖို့ပဲလိုတာပါ။ ဘာလို့ဆို တစ်ခါတည်းနဲ့ပမာဏအများကြီးမစားနိုင်သေးတဲ့ ကလေးတစ်ယောက်အတွက် သရေစာကနေအာဟာရဓာတ်တွေဖြည့်စွက်ပေးနိုင်လို့ပါပဲ။ မုန့်တွေပဲစားချင်နေပြီး ထမင်းချိန်ကျ လုံးဝငြင်းဆန်နေတတ်တဲ့ကလေးတွေဆို ဖြည့်စွက်အာဟာရပိုတောင်လိုအပ်နေပါသေးတယ်။ ဒါ့ကြောင့် ထမင်းထက် သရေစာမုန့်ကိုတစွတ်စွတ်စားဖို့ ပိုခုံမင်တတ်တဲ့ ကလေးတွေအတွက်

ပးမယ့်သရေစာတွေ စီစဉ်ပေးနိုင်ဖို့အရေးကြီးပါတယ်။ ဒါနဲ့ ဘယ်သရေစာတွေက ကလေးအတွက်မကောင်းတာလဲဆိုတာအရင်ပြောကြည့်ရအောင်။







အချိုရည်တွေ - အချိုရည်လေးပိုက်တပ်ပြီးပေးထားရင် ကျေနပ်နေတတ်တဲ့မျက်နှာလေးတွေကိုအမြဲကြည့်မနေပါနဲ့။အချိုရည်တွေနဲ့အားဖြည့်အချိုရည်တွေမှာ ပြုပြင်စီမံထားသမှျှဟာ နုနယ်တဲ့ကလေးအတွက်အဆိပ်အတောက်တွေပါ။ ဆီကြော်မုန့်၊အဆီများတဲ့စားစရာ တွေက

အပြင် ဆီမသန့်ရင် တခြားဆိုးကျိုးတွေများတာကြောင့် လူကြီးအတွက်တောင် မသင့်တော်တာ ကလေးအတွက်ဆို ဘယ်လိုရှိမလဲ တွေးကြည့်ပါနော်။ သကြားလုံး၊

့(ခရင်မ်တွေ၊အရောင်ဆိုးဆေးတွေပါတဲ့)၊ရေခဲမုန့်၊ ရေခဲထုပ်  စတာတွေကိုလည်း ဗိုက်မဝဘဲ ခဏခဏစားဖို့ စွဲလမ်းတတ်ကြပါတယ်။ ကုန်ပစ္စည်းအရည်အသွေးမပြည့်မီတဲ့

  - ပါဝင်ပစ္စည်းထဲမှာ စားအုန်းဆီအခဲတွေ၊အရသာအတု၊အရောင်အတုနဲ့အရည်အသွေးမမီတဲ့ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားတဲ့ မုန့်ထုတ်တွေဝယ်ကျွေးထားမိရင် ကျန်းမာရေးဆိုးကျိုးတွေမသိမသာရော၊ သိသိသာသာပါ ရှိလာနိုင်ပါတယ်။ အချဉ်ပေါင်း - ဆီးထုတ်သိပ်စားချင်တဲ့အရွယ်ဆိုပေမယ့် မကျွေးသင့်ပါဘူး။ ချိုချဉ်အရသာအသီးအစစ်နဲ့ကိုယ်တိုင်ယိုထိုးကျွေးရင်တောင် ကလေးအတွက်အာဟာရ ရရှိမှုနည်းပါလိမ့်မယ်။ သူ့နေရာမှာ သီးစုံပူတင်းလုပ်ကျွေးတာမျိုးကအာဟာရအစုံပါဝင်နိုင်ပါတယ်။ ဒါဆို သရေစာကြိုက်တဲ့ကလေးကို ဘေးကင်းပြီးအာဟာရပြည့်အောင် ဘယ်လိုစီစဉ်ပေးလို့ရမလဲ စဉ်းစားကြည့်ကြရအောင်။အဓိကအားဖြင့် ဒီသုံးချက်နဲ့ ပြည့်စုံနိုင်ပါတယ်။




(၁) ငြိမ်ဆေးအဖြစ်နဲ့ သရေစာမကျွေးပါနဲ့
မိဘတော်တော်များမာျးက ကလေးကိုမုန့်ထုပ် သို့မဟုတ်အချိုရည်လိုမျိုး စားစရာတခုခုပေးထားတာဟာ ကလေးကဆာနေလို့မဟုတ်၊ ဗိုက်ပြည့်စေမယ့်အရာလည်းမဟုတ်ဘဲ ကလေးစိတ်ကျေနပ်အောင်၊ငြိမ်နေအောင်လို့အာရုံစိုက်စရာပေးထားတာဖြစ်ပါတယ်။ ကလေးက မုန့်တွေကို စားချင်လည်းစားမယ်၊ ဆော့ရင်လည်းဆော့ပစ်မယ်၊ ဒီလိုပေးထားခြင်းအားဖြင့် ကလေးက လျေျာက်ပြေးဆော့တာ၊ စူးစမ်းလှုပ်ရှားတာတွေမလုပ်ဖြစ်တော့ ထိန်းရသက်သာပေမယ့် ရလဒ်ကျအဝလွန်ခြင်းကိုအားပေးသလိုဖြစ်စေတဲ့အပြင် ကလေးရဲ့လှုပ်ရှားနိုင်စွမ်း၊ ဦးနှောက်နဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားမှုကိုအဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒီလိုကျွေးမယ်ဆို ကျန်းမာရေးအတွက်ဘေးကင်းမယ့်၊အားရှိစေမယ့်စားစရာဖြစ်ဖို့ ဂရုစိုက်ပါ ဒါမှမဟုတ်

အရုပ်၊

းတစ်ခုခုနဲ့အာရုံပြောင်းပါ။

(၂)အချိန်က သော့ချက်ပါ


အရွယ်တွေ ထမင်းစားချိန်တိုင်း ပတ်ပြေးတဲ့ပြဿနာက မသေးပါဘူး။ သူတို့အကြိုက်ကလည်း တစ်ရက်နဲ့တစ်ရက် မတူဘဲအမြဲပြောင်းလဲနေတာကရှိသေးတယ်။ ဒီလိုဖြစ်ရတဲ့ကြားထဲ ပိုဆိုးစေတာက သရေစာမုန့်တွေ လျှောက်စားထားတဲ့ကလေးတွေဟာ ထမင်းကောင်းကောင်းမစားတော့တာမျိုးပါ။ သရေစာမုန့်က ကျွေးလို့ရပေမယ့်

ကိုအနှောင့်အယှက်မဖြစ်စေဖို့အချိန်ရွေးချယ်မှုမှန်ကန်ရပါမယ်။

နီးရင် ဘာမုန့်မှမကျွေးပါနဲ့။ ဘယ်အချိန်မှာ မုန့်စားလို့ရမလဲဆိုတာအချိန်တစ်ခုကိုအလေ့အကျင့်လေးလုပ်ပေးထားဖို့အရေးကြီးပါတယ်။

(၃)အာဟာရပြည့်တဲ့ သရေစာပဲ ကျွေးပါ
စီမံထုပ်ပိုးထားတဲ့ သရေစာမုန့်တွေဟာအချိုနဲ့အငန်ပါဝင်တဲ့အပြင်အရသာရှိအောင်ပြုပြင်ဖန်တီးထားတာများပါတယ်။ ရံဖန်ရံခါလောက်တော့ ပြဿနာမရှိပေမယ့် ကလေးအတွက်

တွပါဝင်ဖို့ မသေချာပါဘူး။ ဒါ့ကြောင့် သရေစာချိန်မှာအပြင်မုန့်တွေထက် ပူတင်း၊

(အချိုလျှော့) တို့လို ကိုယ်တိုင်လုပ်ကျွေးတဲ့စားစရာတွေက ဘေးလည်းကင်း၊အာဟာရလည်းပြည့်စေနိုင်ပါတယ်။ ဖွံ့ဖြိုးကြီးထွားမှုအတွက်အထောက်အကူပေးနိုင်တဲ့

့တွေ၊ ဖြည့်စွက်အာဟာရတွေလည်း တိုက်ကျွေးနိုင်ပါတယ်။  

 သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..