ဆန်နဲ့ လုပ်တဲ့ ဆန်ကိတ် ပြုလုပ်နည်း
trend.com.mm
|
2020-05-07

ဂျုံနဲ့ မဟုတ်ဘဲ မွှေးအိနေပြီး တမျိုးလေးဆန်းနေတဲ့ အရသာရှိရှိဆန်ကိတ်အိအိ ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။






ပါဝင်ပစ္စည်း
၁။ ဆန်မှုန့် – ၂၀၀ဂ၇မ်
၂။ သကြား – ၁၇၀ ဂ၇မ်
၃။ တစေး (Yeast) – လ္ဘက်ဇွန်း တဇွန်း
၄။ မုန့်ဖုတ်ပေါင်ဒါ (Baking Powder) – ဇွန်းတဝက်
၅။ ရေ (သို)့ အုန်းနို့ – 400 ml


ပြင်ဆင်ပြုလုပ်နည်း
(၁)ဦးစွာပန်းကန်တစ်ခုတွင် yeast ကို ရေကြက်သီးနွေးစားပွဲ တင်၂ဇွန်းခန့်ဖြင့်ဖျော်ထားပါ။
(၂)ဇလုံတခုတွင် ဆန်မှုန့်နှင့် baking powder ကို ဇကာ ချထားပါ။
(၃)ပြီးလျှင်ရေ သို့ အုန်းနို့ ထည့်ပါ။ yeast ဖျော်ထားသည် ကိုထည့်ပြီးအားလုံးသမအောင်ရောမွေပြီးအဖုံးကိုပလပ်စတစ်ဖြင့်လုံအောင်ပိတ်ပြီးပူနွေးသောနေရာတွင်အပွခံထားပါ။ (၂နာရီခန့်)
(၄)မုန့်နှစ်ရည် နှစ်ဆခန့်ပွလာပါကသကြားထည့်ပြီးမွှေပးပါ။
(၅)ပေါင်းအိုးကိုရေထည့်ပြီးအဆင်သင့်တည်ထားပါ။ ပေါင်းမည့်ခွက်သို့ပန်းကန်လုံးလေးများကိုဆီပါးပါးသုတ်ထားပါ။
(၆)အရောင်ဖြင့်ပြုလုပ်လိုပါကနှစ်သက်ရာအရောင်ထည့်ပါ။ မုန့်နှစ်ကိုပန်းကန်ခွက်လေးများတွင်သုံးပုံနှစ်ပုံခန့်ထိထည့်ပြီးပေါင်းအိုးတွင် မိနစ်၂၀ခန့် ပေါင်းပေးပါ။
(၇)မုန့်နှစ်ကျက်မကျက်သိစေရန် အချွန်တခုဖြင့် ထိုးကြည့်ပြီး မုန့်သားများကပ်မပါလျှင်မုန့်သားကျက်ပြီမို့ပေါင်းအိုးမှချကာအအေးခံထားပြီးရင် ရပါပြီ။
***မုန့်သားမျက်နှာပြင်ကွဲထွက်လာသည်ကိုလိုချင်ပါကရေအနည်းငယ်လျော့ထည့်ပေးရပါမယ်။
ခုဆိုရင်တော့ ပူနွေးနေတဲ့ ဆန်ကိတ်လေးကို အရသာရှိရှိသုံးဆောင်ရအောင်နော်။

[ Unicode ]

ဂျုံနဲ့ မဟုတ်ဘဲ မွှေးအိနေပြီး တမျိုးလေးဆန်းနေတဲ့ အရသာရှိရှိဆန်ကိတ်အိအိ ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။


ပါဝင်ပစ္စည်း
၁။ ဆန်မှုန့် – ၂၀၀ဂရမ်
၂။ သကြား – ၁၇၀ ဂရမ်
၃။ တစေး (Yeast) – လ္ဘက်ဇွန်း တဇွန်း
၄။ မုန့်ဖုတ်ပေါင်ဒါ (Baking Powder) – ဇွန်းတဝက်
၅။ ရေ (သို)့ အုန်းနို့ – 400 ml


ပြင်ဆင်ပြုလုပ်နည်း
(၁)ဦးစွာပန်းကန်တစ်ခုတွင် yeast ကို ရေကြက်သီးနွေးစားပွဲ တင်၂ဇွန်းခန့်ဖြင့်ဖျော်ထားပါ။
(၂)ဇလုံတခုတွင် ဆန်မှုန့်နှင့် baking powder ကို ဇကာ ချထားပါ။
(၃)ပြီးလျှင်ရေ သို့ အုန်းနို့ ထည့်ပါ။ yeast ဖျော်ထားသည် ကိုထည့်ပြီးအားလုံးသမအောင်ရောမွေပြီးအဖုံးကိုပလပ်စတစ်ဖြင့်လုံအောင်ပိတ်ပြီးပူနွေးသောနေရာတွင်အပွခံထားပါ။ (၂နာရီခန့်)
(၄)မုန့်နှစ်ရည် နှစ်ဆခန့်ပွလာပါကသကြားထည့်ပြီးမွှေပးပါ။
(၅)ပေါင်းအိုးကိုရေထည့်ပြီးအဆင်သင့်တည်ထားပါ။ ပေါင်းမည့်ခွက်သို့ပန်းကန်လုံးလေးများကိုဆီပါးပါးသုတ်ထားပါ။
(၆)အရောင်ဖြင့်ပြုလုပ်လိုပါကနှစ်သက်ရာအရောင်ထည့်ပါ။ မုန့်နှစ်ကိုပန်းကန်ခွက်လေးများတွင်သုံးပုံနှစ်ပုံခန့်ထိထည့်ပြီးပေါင်းအိုးတွင် မိနစ်၂၀ခန့် ပေါင်းပေးပါ။
(၇)မုန့်နှစ်ကျက်မကျက်သိစေရန် အချွန်တခုဖြင့် ထိုးကြည့်ပြီး မုန့်သားများကပ်မပါလျှင်မုန့်သားကျက်ပြီမို့ပေါင်းအိုးမှချကာအအေးခံထားပြီးရင် ရပါပြီ။
***မုန့်သားမျက်နှာပြင်ကွဲထွက်လာသည်ကိုလိုချင်ပါကရေအနည်းငယ်လျော့ထည့်ပေးရပါမယ်။
ခုဆိုရင်တော့ ပူနွေးနေတဲ့ ဆန်ကိတ်လေးကို အရသာရှိရှိသုံးဆောင်ရအောင်နော်။

Ref; asianfood




Some text some message..