အသားညိုညက်သူလေးတွေသာ ရနိုင်တဲ့ ကောင်းကျိုးလေးတွေ….
trend.com.mm
|
2018-12-05

အသားညိုတယ်ဆိုပြီး စိတ်အားငယ်စရာမလိုပါဘူးနော်။အသားညိုသူလေးတွေမှာသာ ဒီလိုကောင်းကျိုးလေးတွေရှိနိုင်တာပါ။ဘယ်လိုကောင်းကွက်လေးတွေလဲဆိုရင်…








*နေရောင်ခြည်ဒဏ်ကိုပိုပြီးကာကွယ်နိုင်တယ်
အသားညိုသူတွေမှာအသားဖြူတဲ့သူတွေထက် Melanin လို့ခေါ်တဲ့ နေရောင်ခြည်ကနေကာကွယ်ပေးနိုင်တဲ့ဓာတ်တွေပိုများပါတယ်။ဒါကြောင့် တော်ရုံတန်ရုံနေပူထဲထွက်တာနဲ့အသားအရည်နီမြန်းလာတာ၊အဖုအပိန့်ထတာ၊အနီကွက်ဖြစ်တာမျိုး မဖြစ်စေပါဘူး။ဒါပေမဲ့အသားညိုသူတွေဟာလည်း ကိုယ့်အသားအရည်ထိန်းသိမ်းတဲ့အနေနဲ့ sunblock တွေ moisturizer တွေလိမ်းပေးသင့်ပါတယ်။


*အရေပြားကင်ဆာဖြစ်ခြင်းမှကာကွယ်ပေးတယ်
နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတဲ့ဓာတ်တွေအသားညိုသူတွေမှာ ပိုများတဲ့အတွက်အရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေကိုလည်း မဖြစ်စေပါဘူး။နေရောင်ခြည်ကြောင့်ဖြစ်တတ်တဲ့ ဆဲလ်တွေသေဆုံးတာမျိုး၊အရေပြားကင်ဆာဆဲလ်တွေဖြစ်စေတာမျိုး စတဲ့ရောဂါတွေကနေ ကာကွယ်ပြီးသားဖြစ်စေလု့ိ ညိုညက်တဲ့အသားအရည်ပိုင်ဆိုင်ထားရင် သင်က ကံကောင်းသူလေးပါပဲ။DNA ဆဲလ်ပျက်စီးမှုကိုကာကွယ်ပေးပြီး လိုအပ်တဲ့နေရောင်ခြည်ဓာတ်ကိုစုပ်ယူပေးလို့ ခန္ဓာကိုယ်အတွက်လည်း သင့်တော်တဲ့နေရောင်ခြည်ကိုရရှိစေပါတယ်။








*အရေးအကြောင်းဖြစ်ခြင်းနဲ့အိုမင်းရင့်ရော်မှုနှေးကွေးစေတယ်
ညိုညက်တဲ့အသားအရည်ပိုင်ဆိုင်ထားသူတွေဟာအရေးအကြောင်းဖြစ်တာလည်းနှေးကွေးတဲ့အတွက် သူများတွေနဲ့ယှဉ်ရင် ကိုယ်ကပိုပြီးနုပျိုနေမှာပါ။သတိထားကြည့်မယ်ဆိုရင် ညိုညက်တဲ့အသားအရည်ပိုင်ရှင်တွေဟာ ဝက်ခြံအမည်းစက်ဖြစ်တာလည်းရှားပါးသလို ချောမွေ့တဲ့အသားအရည်မျိုးဖြစ်နေတာ တွေ့မှာပါ။


*ခရီးထွက်ရင်အသားညိုမည်းသွားမှာစိတ်ပူစရာမလို
ပင်လယ်ကမ်းခြေခရီး၊တောင်တက်ခရီးသွားတဲ့အခါမျိုးမှာ ငါ့အသားလေးများမည်းသွားမလား ညိုသွားမလားဆိုပြီး စိတ်ပူစရာမလိုတော့ပါဘူး။အသားဖြူတဲ့သူတွေကတော့ ရေကူးပြီးသွားရင်တောင်အသားကညိုမည်းတတ်ပြီး ပြန်ဖြူဖို့ကလည်းမလွယ်တော့ လုံခြုံအောင်ဝတ်စားရ၊ဖုံးဖိရနဲ့
အစစအရာရာစဉ်းစားရပါတယ်။ဒါပေမဲ့အသားညိုတဲ့သူတွေကတော့အဲ့ဒါတွေစိတ်ပူနေစရာမလိုပဲ Suncream လေးပုံမှန်လိမ်းပေးရုံနဲ့ စိတ်ဖိစီးမှုမရှိပျော်ရွှင်နိုင်ပါတယ်။အသားညိုလေ နေရောင်ခြည်ဒဏ်ကိုပိုပြီးခုခံနိုင်လေပါပဲ။








*ဓာတ်ပုံစားတယ်
အသားအရည်ညိုပြာညက်သူတွေဟာ ဓာတ်ပုံရိုက်တဲ့အခါမှာလည်းသူများတွေထက် ပိုထင်ရှားပြီး ထင်းနေတတ်ပါတယ်။နဂိုချောမွေ့စိုပြည်တဲ့အသားအရည်မှာအလင်းလေးနည်းနည်းထည့်လိုက်တာနဲ့ ဘောလိဝုဒ်မင်းသမီးလေးတွေလို လှပတဲ့ပုံရိပ်လေးကို ရရှိစေပါတယ်။တစ်ချို့အသားဖြူတဲ့သူတွေဆိုရင်အသားညိုညိုစိုစိုနဲ့မိန်းကလေးကိုတွေ့ရင်အားကျနေတတ်တာပါ။








ဒါတွေကတော့အသားညိုတဲ့မိန်းကလေးတွေရဲ့အားသာချက်လေးတွေပါပဲ။ဒီလိုအသားအရည်ညိုညိုလေးကို ဘယ်လိုစိုပြည်အောင်ထိန်းသိမ်းရမလဲဆိုတာ Tips လေးတွေ ကြည့်လိုက်ပါဦး
*နေ့တိုင်းအသားအရည်ကိုအစိုဓာတ်ဖြည့်ပေးပါ။ညိုညက်တဲ့အသားအရည်ဟာ ခြောက်သွေ့လွယ်တာကြောင့်အစိုဓာတ်ပြည့်နေအောင်ဂရုစိုက်ဖို့လိုပါတယ်။
*နှစ်ပတ်ကို တစ်ခါလောက် ဆဲလ်သေတွေချေးချွတ်ပါ။သဘာဝအသီးအနှံလေးတွေနဲ့ဆိုရင် ပိုပြီးစိုပြည်လန်းဆန်းစေမှာပါ။
*နေပူထဲထွက်တဲ့အခါ SPF 15 ဒါမှမဟုတ် 15 ထက်ကျော်လွန်တဲ့ sunscreen သုံးဖို့မမေ့ပါနဲ့
*ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားသောက်ပြီး တစ်နေ့ကို ရေအနည်းဆုံး ၈ခွက်သောက်ပေးပါ။

ဒီလိုလေးပုံမှန်ထိန်းသိမ်းသွားမယ်ဆိုရင် ကိုယ့်ရဲ့အသားအရည်လေးဟာ ညိုညိုစိုစိုလေးနဲ့အမြဲလှနေတော့မှာပါ။

Ref:Practo







Unicode

အသားညိုတယ်ဆိုပြီး စိတ်အားငယ်စရာမလိုပါဘူးနော်။အသားညိုသူလေးတွေမှာသာ ဒီလိုကောင်းကျိုးလေးတွေရှိနိုင်တာပါ။ဘယ်လိုကောင်းကွက်လေးတွေလဲဆိုရင်…


*နေရောင်ခြည်ဒဏ်ကိုပိုပြီးကာကွယ်နိုင်တယ်
အသားညိုသူတွေမှာ အသားဖြူတဲ့သူတွေထက် Melanin လို့ခေါ်တဲ့ နေရောင်ခြည်ကနေကာကွယ်ပေးနိုင်တဲ့ဓာတ်တွေပိုများပါတယ်။ဒါကြောင့် တော်ရုံတန်ရုံနေပူထဲထွက်တာနဲ့အသားအရည်နီမြန်းလာတာ၊အဖုအပိန့်ထတာ၊အနီကွက်ဖြစ်တာမျိုး မဖြစ်စေပါဘူး။ဒါပေမဲ့ အသားညိုသူတွေဟာလည်း ကိုုယ့်အသားအရည်ထိန်းသိမ်းတဲ့အနေနဲ့ sunblock တွေ moisturizer တွေလိမ်းပေးသင့်ပါတယ်။


*အရေပြားကင်ဆာဖြစ်ခြင်းမှကာကွယ်ပေးတယ်
နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတဲ့ဓာတ်တွေ အသားညိုသူတွေမှာ ပိုများတဲ့အတွက် အရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေကိုလည်း မဖြစ်စေပါဘူး။နေရောင်ခြည်ကြောင့်ဖြစ်တတ်တဲ့ ဆဲလ်တွေသေဆုံးတာမျိုး၊အရေပြားကင်ဆာဆဲလ်တွေဖြစ်စေတာမျိုး စတဲ့ရောဂါတွေကနေ ကာကွယ်ပြီးသားဖြစ်စေလို့ ညိုညက်တဲ့အသားအရည်ပိုင်ဆိုင်ထားရင် သင်က ကံကောင်းသူလေးပါပဲ။DNA ဆဲလ်ပျက်စီးမှုကိုကာကွယ်ပေးပြီး လိုအပ်တဲ့နေရောင်ခြည်ဓာတ်ကိုစုပ်ယူပေးလို့ ခန္ဓာကိုယ်အတွက်လည်း သင့်တော်တဲ့နေရောင်ခြည်ကိုရရှိစေပါတယ်။


*အရေးအကြောင်းဖြစ်ခြင်းနဲ့ အိုမင်းရင့်ရော်မှုနှေးကွေးစေတယ်
ညိုညက်တဲ့အသားအရည်ပိုင်ဆိုင်ထားသူတွေဟာ အရေးအကြောင်းဖြစ်တာလည်းနှေးကွေးတဲ့အတွက် သူများတွေနဲ့ယှဉ်ရင် ကိုယ်ကပိုပြီးနုပျိုနေမှာပါ။သတိထားကြည့်မယ်ဆိုရင် ညိုညက်တဲ့အသားအရည်ပိုင်ရှင်တွေဟာ ဝက်ခြံအမည်းစက်ဖြစ်တာလည်းရှားပါးသလို ချောမွေ့တဲ့အသားအရည်မျိုးဖြစ်နေတာ တွေ့မှာပါ။


*ခရီးထွက်ရင်အသားညိုမည်းသွားမှာစိတ်ပူစရာမလို
ပင်လယ်ကမ်းခြေခရီး၊တောင်တက်ခရီးသွားတဲ့အခါမျိုးမှာ ငါ့အသားလေးများမည်းသွားမလား ညိုသွားမလားဆိုပြီး စိတ်ပူစရာမလိုတော့ပါဘူး။အသားဖြူတဲ့သူတွေကတော့ ရေကူးပြီးသွားရင်တောင် အသားကညိုမည်းတတ်ပြီး ပြန်ဖြူဖို့ကလည်းမလွယ်တော့ လုံခြုံအောင်ဝတ်စားရ၊ဖုံးဖိရနဲ့
အစစအရာရာစဉ်းစားရပါတယ်။ဒါပေမဲ့ အသားညိုတဲ့သူတွေကတော့ အဲ့ဒါတွေစိတ်ပူနေစရာမလိုပဲ Suncream လေးပုံမှန်လိမ်းပေးရုံနဲ့ စိတ်ဖိစီးမှုမရှိပျော်ရွှင်နိုင်ပါတယ်။အသားညိုလေ နေရောင်ခြည်ဒဏ်ကိုပိုပြီးခုခံနိုင်လေပါပဲ။


*ဓာတ်ပုံစားတယ်
အသားအရည်ညိုပြာညက်သူတွေဟာ ဓာတ်ပုံရိုက်တဲ့အခါမှာလည်းသူများတွေထက် ပိုထင်ရှားပြီး ထင်းနေတတ်ပါတယ်။နဂိုချောမွေ့စိုပြည်တဲ့အသားအရည်မှာ အလင်းလေးနည်းနည်းထည့်လိုက်တာနဲ့ ဘောလိဝုဒ်မင်းသမီးလေးတွေလို လှပတဲ့ပုံရိပ်လေးကို ရရှိစေပါတယ်။တစ်ချို့အသားဖြူတဲ့သူတွေဆိုရင် အသားညိုညိုစိုစိုနဲ့မိန်းကလေးကိုတွေ့ရင် အားကျနေတတ်တာပါ။


ဒါတွေကတော့ အသားညိုတဲ့မိန်းကလေးတွေရဲ ့အားသာချက်လေးတွေပါပဲ။ဒီလိုအသားအရည်ညိုညိုလေးကို ဘယ်လိုစိုပြည်အောင်ထိန်းသိမ်းရမလဲဆိုတာ Tips လေးတွေ ကြည့်လိုက်ပါဦး
*နေ့တိုင်း အသားအရည်ကို အစိုဓာတ်ဖြည့်ပေးပါ။ညိုညက်တဲ့အသားအရည်ဟာ ခြောက်သွေ့လွယ်တာကြောင့် အစိုဓာတ်ပြည့်နေအောင်ဂရုစိုက်ဖို့လိုပါတယ်။
*နှစ်ပတ်ကို တစ်ခါလောက် ဆဲလ်သေတွေချေးချွတ်ပါ။သဘာဝအသီးအနှံလေးတွေနဲ့ဆိုရင် ပိုပြီးစိုပြည်လန်းဆန်းစေမှာပါ။
*နေပူထဲထွက်တဲ့အခါ SPF 15 ဒါမှမဟုတ် 15 ထက်ကျော်လွန်တဲ့ sunscreen သုံးဖို့မမေ့ပါနဲ့
*ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားသောက်ပြီး တစ်နေ့ကို ရေအနည်းဆုံး ၈ခွက်သောက်ပေးပါ။

ဒီလိုလေးပုံမှန်ထိန်းသိမ်းသွားမယ်ဆိုရင် ကိုယ့်ရဲ့အသားအရည်လေးဟာ ညိုညိုစိုစိုလေးနဲ့ အမြဲလှနေတော့မှာပါ။

Ref:Practo




Some text some message..