အိမ်မှာပဲ ကိုယ်တိုင် Bubble Milk Tea ကောင်းကောင်းဖျော်သောက်နိင်မယ့်နည်းလမ်း
myanmaplatform.com
|
2020-05-20

Stay Home နေရင်း အရသာကောင်းမွန်လွန်းတဲ့ Bubble Milk Tea ကို လွမ်းနေကြသူများရှိမယ်ထင်ပါတယ်။ မသောက်ရမနေနိုင်ဖြစ်နေတဲ့ Bubble Milk Tea ခရေဇီလေးတွေအတွက် အိမ်မှာတင်ပဲ အကုန်အကျ သက်သာစွာနှင့် Bubble Milk Tea ဖျော်သောက်နည်းလေးကို မြန်မာ့ပလက်ဖောင်း ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။အခုဖော်ပြပေးမယ့် နည်းလမ်းကတော့ Iced Bubble Milk Tea လုပ်နည်းဖြစ်ပါတယ်။



Bubble Milk Tea ပြုလုပ်ရန် လိုအပ်တဲ့ ပစ္စည်းတွေကတော့
Bubble အနည်းငယ်၊ရေ ၁၂၅မီလီ၊လက်ဖက်ရည်ထုပ်၂ထုပ်ခန့်၊နွားနိ့ ၄အောင်စ၊သကြားသို့မဟုတ် ပျားရည် ၂ဇွန်းတို့ပဲဖြစ်ပါတယ်။
ပထမအဆင့်အနေနှင့်ကတော့ Bubble စေ့များကို မီးဖိုပေါ်မှာ ရေနှင့် ပြုတ်ပေးရပါမယ်။ စားလို့ရတဲ့ အထိ နူးညံလာပြီဆိုရင်တော့ ပန်းကန်တစ်ပန်းကန်ထဲပြောင်းထည့်ပြီး အအေးခံထားရပါမယ်။
ဒုတိယအဆင့်ကတော့ ရေနွေးကို ပွက်ပွက်ဆူအောင် ကျိုပေးပြီး ခွက်တစ်ခွက်ထဲသို့ ၁၂၅မီလီပြည့်အောင်ထည့်ပြီး လက်ဖက်ရည်ထုပ်၂ထုပ်ကို စိမ်ပေးရပါမယ်။လက်ဖက်ရည်ထုပ်ကို ရွေးချယ်ရာမှာလည်း Black Tea ဖြစ်စေ Oolong Tea ကိုဖြစ်စေ ရွေးချယ်မှသာ အရသာကောင်းမွန်မှာဖြစ်ပါတယ်။၂မိနစ်ခန့်ကြာအောင် လက်ဖက်ရည်ထုပ်ကို စိမ်ပေးရပါမယ်။
တတိယအဆင့်ကတော့ ကျိုချက်ထားတဲ့ နွားနိ့ကို လက်ဖက်ရည်ခွက်ထဲ လောင်းထည့်ပေးပါ။ အဆိမ့်အ၇သာကို ကြိုက်နှစ်သက်သူတွေအနေနှင့်ကတော့ ဒီအဆင့်နှင့်တင် ရပ်နိင်ပြီ အချိုကြိုက်သူများကတော့ သကြားသို့မဟုတ်ပျားရည် ထပ်မံထည့်ပေးနိင်ပါတယ်။
စတုတ္ထအဆင့်ကတော့ ရေခဲ အနည်းငယ်နှင့်အအေးခံထားတဲ့ Bubble တို့ကို Milk Tea ထဲ ထည့်ပြီးသောက်သုံးနိင်ပါပြီ.




အရသာရှိပြီး နာမည်ကျော်တဲ့ Bubble Milk Tea လေးလုပ်နည်းကို သဘောကျမယ်ထင်ပါတယ်စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတွေကို ဖတ်ရှုနိုင်ဖို့အတွက် MyanmaPlatform ပေ့ခ်ျကို Like နှင့် See First တို့ လုပ်ထားနိင်ပါတယ်။




Some text some message..