ကြွပ်ကြွပ်ရွရွ ဝက်စအုကြော်မွမွလေးကို အဝဆွဲဖို့ ဝက်စလု (ခ) ဝက်စအုကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်းများ
၁။ အခေါက်များဖယ်ကာ လက်မအရွယ်ခန့် လှီးထားသည့် ဝက်သုံးထပ်သား – 200 g (၁၃ ကျပ်သား)
၂။ ကုလားပဲအစိမ်းမှုန့် – ထမင်းစားဇွန်း ၃ ဇွန်း
၃။ ဆန်အစိမ်းမှုန့် – ထမင်းစားဇွန်း ၃ ဇွန်း
၄။ ကောက်ညင်းအစိမ်းမှုန့် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၅။ ဂျင်းမှုန့် (ginger powder) – လက်ဖက်ရည်ဇွန်း ၃ ပုံ ၂ ပုံ
၇။ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
၈။ ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
၉။ baking soda မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
၁၀။ ရေ – ထမင်းစားဇွန်း ၄ ဇွန်း
ပြုလုပ်နည်း
၁။ ဝက်သားမှလွဲပြီး ကျန်ပါဝင်ပစ္စည်းများကို ဇလုံထဲထည့်ကာ အဖတ်များအားလုံးကြေပြီး နှံ့သွားအောင် လက်ဖြင့် ဖိချေရောပေးပါ။ (မုန့်နှစ်က ပျစ်ပျစ်ကြီးဖြစ်ရပါမယ်။)
၂။ အဖတ်များအားလုံးကြေသွားလျှင် တတ်နိုင်သမျှ ရေခြောက်အောင် လုပ်ထားသော ဝက်သုံးထပ်သားများကို ထည့်ပြီး နှံ့သွားအောင် ရောမွှေပေးပါ။ (paper towel ဖြင့် ဖိတို့ပြီး အသားမှ ရေများခြောက်အောင် လုပ်ပေးနိုင်ပါတယ်။)
၃။ အပူချိန်မြင့်မြင့် ဖြင့် အပူပေးထားသည့် ဆီဒယ်အိုးအောက်ခြေထဲ ဝါး (သို့) သစ်သားတူလေးကိုထည့်ပြီး စမ်းကြည့်ပါ။ တူ အိုးအောက်ခြေကို ထိသည်နှင့် နံဘေးမှာ အမြှုပ်လေးများ ချက်ချင်းထလာလျှင် ဆီအနေအထားမှန်ပြီမို့ မီးအပူချိန်ကို ပုံမှန် သို့လျှော့ပါ။
၄။ ပုံမှန်အပူချိန် သို့လျှော့ပြီးသည်နှင့် ချက်ချင်း အသားများကို တစ်တုံးချင်းထည့်ပေးပါ။ (မီးအပူရှိန်ကိုမလျှော့လိုက်ပါက အတွင်းသားမကျက်ခင် အပြင်သားတူးသွားတတ်ပါတယ်။)
၅။ ၉ မိနစ်ခန့် ခပ်ဖွဖွတို့ကာ လှန်ကာ ရွှေဝါညိုရောင်ဖြစ် လာအောင် ကြော်ပေးပါ။
၆။ ပြီးနောက် ဇကာလေးထဲထည့်ကာ ၁ မိနစ်ခန့် ဆီစစ်ပြီးလျှင် ဆီပူလေးဆမ်းကာ၊ ဆားလေးဖြူးပြီးနယ်ထားသော ထမင်းပူပူလေး နှင့် ကြွပ်ကြွပ်ရွရွ ဝက်စအုကြော်လေး ကို အချဉ်ရည်လေးဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
**အချဉ်ရည် အတွက် လိုအပ်တာလေးတွေ**
၁။ ready made ground chilli – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ထောင်း (သို့) တောက်တောက်စင်းထားသော ငရုတ်သီးစိမ်းကို အစားထိုးနိုင်)
၂။ ပဲငံပြာရည်အကျဲ – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
၃။ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၄။ ထောင်း (သို့) တောက်တောက်စင်းထားသော ကြက်သွန်ဖြူ အတက်ကြီး – ၁ တက်
၅။ သံပုရာရည် – အနည်းငယ် (ငရုတ်သီးစိမ်းကို အစားထိုးသုံးလျှင် ထည့်ရန်)
အားလုံးကို ရောဖျော်လိုက်လျှင် လိုအပ်သော အချဉ်ရည်ကို ရပါပြီ။
[ Unicode ]
ကြွပ်ကြွပ်ရွရွ ဝက်စအုကြော်မွမွလေးကို အဝဆွဲဖို့ ဝက်စလု (ခ) ဝက်စအုကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်းများ
၁။ အခေါက်များဖယ်ကာ လက်မအရွယ်ခန့် လှီးထားသည့် ဝက်သုံးထပ်သား – 200 g (၁၃ ကျပ်သား)
၂။ ကုလားပဲအစိမ်းမှုန့် – ထမင်းစားဇွန်း ၃ ဇွန်း
၃။ ဆန်အစိမ်းမှုန့် – ထမင်းစားဇွန်း ၃ ဇွန်း
၄။ ကောက်ညင်းအစိမ်းမှုန့် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၅။ ဂျင်းမှုန့် (ginger powder) – လက်ဖက်ရည်ဇွန်း ၃ ပုံ ၂ ပုံ
၇။ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
၈။ ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
၉။ baking soda မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
၁၀။ ရေ – ထမင်းစားဇွန်း ၄ ဇွန်း
ပြုလုပ်နည်း
၁။ ဝက်သားမှလွဲပြီး ကျန်ပါဝင်ပစ္စည်းများကို ဇလုံထဲထည့်ကာ အဖတ်များအားလုံးကြေပြီး နှံ့သွားအောင် လက်ဖြင့် ဖိချေရောပေးပါ။ (မုန့်နှစ်က ပျစ်ပျစ်ကြီးဖြစ်ရပါမယ်။)
၂။ အဖတ်များအားလုံးကြေသွားလျှင် တတ်နိူင်သမျှ ရေခြောက်အောင် လုပ်ထားသော ဝက်သုံးထပ်သားများကို ထည့်ပြီး နှံ့သွားအောင် ရောမွှေပေးပါ။ (paper towel ဖြင့် ဖိတို့ပြီး အသားမှ ရေများခြောက်အောင် လုပ်ပေးနိူင်ပါတယ်။)
၃။ အပူချိန်မြင့်မြင့် ဖြင့် အပူပေးထားသည့် ဆီဒယ်အိုးအောက်ခြေထဲ ဝါး (သို့) သစ်သားတူလေးကိုထည့်ပြီး စမ်းကြည့်ပါ။ တူ အိုးအောက်ခြေကို ထိသည်နှင့် နံဘေးမှာ အမြှုပ်လေးများ ချက်ချင်းထလာလျှင် ဆီအနေအထားမှန်ပြီမို့ မီးအပူချိန်ကို ပုံမှန် သို့လျှော့ပါ။
၄။ ပုံမှန်အပူချိန် သို့လျှော့ပြီးသည်နှင့် ချက်ချင်း အသားများကို တစ်တုံးချင်းထည့်ပေးပါ။ (မီးအပူရှိန်ကိုမလျှော့လိုက်ပါက အတွင်းသားမကျက်ခင် အပြင်သားတူးသွားတတ်ပါတယ်။)
၅။ ၉ မိနစ်ခန့် ခပ်ဖွဖွတို့ကာ လှန်ကာ ရွှေဝါညိုရောင်ဖြစ် လာအောင် ကြော်ပေးပါ။
၆။ ပြီးနောက် ဇကာလေးထဲထည့်ကာ ၁ မိနစ်ခန့် ဆီစစ်ပြီးလျှင် ဆီပူလေးဆမ်းကာ၊ ဆားလေးဖြူးပြီးနယ်ထားသော ထမင်းပူပူလေး နှင့် ကြွပ်ကြွပ်ရွရွ ဝက်စအုကြော်လေး ကို အချဉ်ရည်လေးဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။
**အချဉ်ရည် အတွက် လိုအပ်တာလေးတွေ**
၁။ ready made ground chilli – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ထောင်း (သို့) တောက်တောက်စင်းထားသော ငရုတ်သီးစိမ်းကို အစားထိုးနိူင်)

Ref; asianfood