
သရက်သီးပေါနေတဲ့ ဒီလိုရာသီလေးမှာ သရက်သီးနဲ့ပတ်သတ်ပြီး မရိုးနိုင်အောင် မုန့်လေးတွေ လုပ်စားကြရအောင်နော်။ဒီနေ့မှာတော့ သရက်သီးနဲ့ပြုလုပ်တဲ့ သရက်သီးကျောက်ကျော ပြုလုပ်နည်းလေးကို ပြောပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
သရက်သီးအမှည့်
သကြား
အုန်းနု့ိ
ဆား၊ရေ
ကျောက်ကျောမှုန့် တို့ကို လိုအပ်ပါတယ်။
ပထမဦးဆုံး သရက်သီးအမှည့်ကို ကြိတ်စက်နဲ့ ကြိတ်ရပါမယ်။ကျောက်ကျောကို ရေနဲ့ ဖျော်ရပါမယ်။ ပြီးရင်တော့ သရက်သီးကြိတ်ထားတာရယ် ကျောက်ကျောမှုန့်ဖျော်ထားတာရယ်၊ အုန်းနို့၊ဆား၊သကြား တို့ကို ရောမွှေပြီး ကျိုရပါမယ်။ ကျိုလို့ ဆူပြီးတဲ့နောက်ထိပ် အချိန်နဲနဲလေး ထပ်ကျိုပေးရပါမယ်။အဲ့ဒီနောက်မှာတော့ မုန့်ဗန်းလေးထဲကို လောင်းထည့်လိုက်ပါ။

ထို့နောက်မှာတော့ နောက်ထပ် ကျောက်ကျောမှုန့်၊ အုန်းနို့၊သကြားနှင့် ရေအနည်းငယ်ကို ပုံမှန်ကျောက်ကျောကျိုသိလိုမျိုး ကျိုပြီး ခုနဗန်းထဲထည့်ထားတဲ့ သရက်သီးကျောက်ကျောပေါ်ကို ထပ်လောင်းထည့်လိုက်ပါ။
အရေးကြီးအချက်က ပထမလောင်းထားတဲ့ ကျောက်ကျောအပေါ်ယံလေး တင်းမှ နောက်တစ်ထပ်ကို လောင်းပေးပါ။
ကဲ…အားလုံးလောင်းထည့်ပြီးလို့ အေးသွားရင်တော့ အရသာရှိတဲ့ သရက်သီးကျောက်ကျောကို သုံးဆောင်နိုင်ပါပြီ။
Ref;FOODIE