သာခွေယိုင် ပြုလုပ်နည်း
trend.com.mm
|
2020-05-29

ငချိပ်စီးစီးလေးနဲ့ မွှေးနှစ်နေတဲ့ အုန်းနို့ရည်လေးကို ပေါင်းစပ်ခံစားဖို့ လုပ်ရတာလည်း အရမ်းလွယ်တဲ့ သာခွေယိုင် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ကောက်ညှင်းချိတ် (အမဲ) – နို့ဆီဗူး ၃ဗူး
၂။ ထန်းလျက်ရည် – ၂ခွက်
၃။ သကြား – ၃၀ ကျပ်သား
၄။ အုန်းသီး – ၄လုံး (အရည်ညှစ်ထားပါ)
၅။ ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း

ပြုလုပ်နည်း
၁။ အရင်ဆုံး ကောက်ညှင်းချိတ်များကို ရေဖြင့် ပြဲနေအောင် ပြုတ်ပေးပါ။ ပြုတ်နေစဉ်အတွင်း အိုးမကပ်အောင် အနည်းငယ် မွှေပေးပါ။
၂။ ကောက်ညှင်းချိတ်များ ပြဲသွားမှ ထန်းလျက်ရည်၊ သကြား ထည့်ပေးပါ။
( ကောက်ညှင်းချိတ်တွင် ဆားမထည့်ရပါ )
၃။ ထို့နောက် ညှစ်ထားသော အုန်းနို့ရည် ကို ဆားဖြင့် ရောမွှေလိုက်ပါ။
၄။ ခွက်တစ်ခုထဲ တစ်ယောက်စာ ကောက်ညှင်းချိတ်များထည့်ပြီ အပေါ်မှ အုန်းနို့ရည်များ ဆမ်း၊ ခြစ်ထားတဲ့ အုန်းသီးဖတ်အကြီးကြီးကို ဖြူးလိုက်ပါ။

ခုဆိုရင်တော့ အရမ်းကောင်းတဲ့ အချိုပွဲ သာခွေယိုင်ကို သုံးဆောင်နိုင်ပါပြီနော်။

[ Unicode ]

Ref; asianfood

Some text some message..