ချိုဆိမ့်စီးနေတဲ့ ကောက်ညှင်းပူတင်းလေးကို အချိုပွဲအနေနဲ့ အိမ်မှာအဝဆွဲဖို့ ကောက်ညှင်းပူတင်း ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်း (သို့) ငချိတ်
၂။ သကြား
၃။ ဆား
၄။ Coconut milk (အုန်းနို့)
၅။ ကြက်ဥ
ပြုလုပ်နည်း
၁။ အရင်ဆုံး ကောက်ညှင်း (သို့) ငချိတ်ကို ပေါင်းထားပါ။ ကောက်ညှင်းငချိတ်ကို မပေါင်းခင် ညဘက် ဒါမှမဟုတ် အနည်းဆုံး ၆ နာရီလောက် ရေစိမ်ထားရပါတယ်။ ကောက်ညှင်းငချိတ် ပေါင်းတဲ့အခါ ဆား၊ သကြားနဲ့ အုန်းနို့ကို ရေနဲ့ရောပြီး ပေါင်းပါ။
၂။ ကျက်ပြီဆိုရင် အအေးခံပြီး ပန်းကန်ထဲထည့်ထားပါ။
၃။ ပူတင်း လုပ်ဖို့ အုန်းနို့နဲ့ ကြက်ဥကို ခေါက်ပါမယ်။ အချိုကြိုက်တယ်ဆိုရင် သကြားနည်းနည်း ထပ်ထည့် ပါ။
၄။ ပြီးရင် ပေါင်းဖို့အတွက် ပန်းကန်လုံးတလုံးထဲထည့်ပြီး အပူချိန် ၃၅၀ ဖာရင်ဟိုက်နဲ့ မိနစ် ၃၀ ကြာ ပေါင်းပေးရပါမယ်။
၅။ မိနစ် ၃၀ ကြာ ပေါင်းပြီးရင် အအေးခံပြီး ရေခဲသေတ္တာထဲ ခဏထည့်ထားပါ။ စားမယ်ဆိုရင် ပူတင်းကိုထုတ်ပြီး ပြင်ဆင်ပါမယ်။
၆။ ပန်းကန်လုံးတလုံးထဲ အရင်ဆုံး ပေါင်းထားတဲ့ ကောက်ညှင်း (သို့) ငချိတ်ကို ထည့်ပါမယ်။ ပြီးရင် ပူတင်းထည့်ပြီး အပေါ်ကနေ ကြိုက်တတ်ရင် Whipped cream ဒါမှမဟုတ် Coconut cream ထည့်ပြီး ကောက်ညှင်းငချိတ်ပူတင်း အချိုပွဲရပါပြီ။
ခုဆိုရင်တော့ အီဆိမ့်ချိုအိနေတဲ့ ကောက်ညှင်းပူတင်းအချိုပွဲလေးကို အစာပိတ်အနေနဲ့ သုံးဆောင်ကြရအောင်နော်။
[ Unicode ]
ချိုဆိမ့်စီးနေတဲ့ ကောက်ညှင်းပူတင်းလေးကို အချိုပွဲအနေနဲ့ အိမ်မှာအဝဆွဲဖို့ ကောက်ညှင်းပူတင်း ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
၁။ ကောက်ညှင်း (သို့) ငချိတ်
၂။ သကွား
၃။ ဆား
၄။ Coconut milk (အုန်းနို့)
၅။ ကွကျဥ

Ref; asianfood