ဂဏန်းပျော့ကြွပ်ကြွပ်ကြော်နည်း
trend.com.mm
|
2020-06-08

ဂဏန်းကို တကောင်လုံးအပီဆွဲဖို့ ပူမွှေးကြွပ်ရွ အရသာရှိရှိဂဏန်းပျော့ကြော်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ
၁) ဂဏန်းပျော့ ၂၅၀ဂရမ် (လေးကောင်ခန့်)
၂) တမ်ပူရာအမှုန့် (ရိုးရိုးအကြော်မှုန့်သုံးလည်း ရပါတယ်)
၃) ကြက်ဥတစ်လုံး
၄) ဆားအနည်းငယ်
၅) ပေါင်မုန့်ခြောက်မှုန့်
၆) ဆီ ၁၀သားခန့်

ပြုလုပ်နည်း
၁) ပထမဦးစွာ ဂဏန်းပျော့များကို ရေ ၅မိနစ်ခန့်စိမ်ပါ။

၂) ထို့နောက် ထက်ခြမ်းခြမ်းပြီး ခြမ်းထားသည့်ဘက်ကို အောက်စိုက်ပြီး ထားပါ။ ဂဏန်းပျော့အတွင်းပိုင်းမှာ ရေကျန်လျှင် ကြော်သည့်အခါ ထေါပက်တတ်ပါသည်။

၃) ကြက်ဥတစ်လုံးကို ဆားအနည်းငယ်ထည့်ပြီး နှံ့အောင် ခေါက်မွှေပေးထားပါ။

၄) ဂဏန်းပျော့တွင် ရေမခြောက်တခြောက်အချိန်၌ တမ်ပူရာအမှုန့်ဖြင့် နှံ့အောင်လူးပြီး ကြက်ဥခေါက်ထားသောအရည်ထဲသို့ ခဏထည့်စိမ်ပါ။

၅) ပြီးလျှင် ဆယ်ယူပြီး ပေါင်မုန့်မှုန့်များဖြင့် တဘက်စီလှည့်ပြီး ဖြူးပေးပါ။ ပေါင်မုန့်မှုန့်ထဲသို့ ထည့်ပြီးလူးလျှင် ကြက်ဥအရည်များဖြင့် ပေါင်မုန့်အမှုန့်များကပ်ငြိပြီး အလေအလွင့် များပါသည်။

၆) ဆီကို ဆူအောင်တည်ပြီး ဂဏန်းပျော့ကို ထည့်ကြော်ပါ။

၇) ဂဏန်းပျော့များ အနည်းငယ်ရဲလာလျှင် ရပါပြီ။

ခုဆိုရင်တော့ ပူမွှေးကြွပ်ရွတဲ့ ဂဏန်းပျော့ကြော်ကို အချဉ်ရည်လေးနဲ့ပဲတို့မလား၊ ရေနွေးကြမ်းနဲ့ပဲ မြည်းမလား၊ ဘီယာနဲ့ပဲ သောက်မလား ဘယ်လိုပဲဖြစ်ဖြစ် အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော်။

[ Unicode ]

ဂဏန်းကို တကောင်လုံးအပီဆွဲဖို့ ပူမွှေးကြွပ်ရွ အရသာရှိရှိဂဏန်းပျော့ကြော်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ
၁) ဂဏန်းပျော့ ၂၅၀ဂရမ် (လေးကောင်ခန့်)
၂) တမ်ပူရာအမှုန့် (ရိုးရိုးအကြော်မှုန့်သုံးလည်း ရပါတယ်)
၃) ကွကျဥတဈလုံး
၄) ဆားအနည်းငယ်
၅) ပေါင်မုန့်ခြောက်မှုန့်
၆) ဆီ ၁၀သားခန့်

ပြုလုပ်နည်း
၁) ပထမဦးစွာ ဂဏန်းပျော့များကို ရေ ၅မိနစ်ခန့်စိမ်ပါ။

၂) ထို့နောက် ထက်ခြမ်းခြမ်းပြီး ခြမ်းထားသည့်ဘက်ကို အောက်စိုက်ပြီး ထားပါ။ ဂဏန်းပျော့အတွင်းပိုင်းမှာ ရေကျန်လျှင် ကြော်သည့်အခါ ထေါပက်တတ်ပါသည်။

၃) ကြက်ဥတစ်လုံးကို ဆားအနည်းငယ်ထည့်ပြီး နှံ့အောင် ခေါက်မွှေပေးထားပါ။

၄) ဂဏန်းပျော့တွင် ရေမခြောက်တခြောက်အချိန်၌ တမ်ပူရာအမှုန့်ဖြင့် နှံ့အောင်လူးပြီး ကြက်ဥခေါက်ထားသောအရည်ထဲသို့ ခဏထည့်စိမ်ပါ။

၅) ပြီးလျှင် ဆယ်ယူပြီး ပေါင်မုန့်မှုန့်များဖြင့် တဘက်စီလှည့်ပြီး ဖြူးပေးပါ။ ပေါင်မုန့်မှုန့်ထဲသို့ ထည့်ပြီးလူးလျှင် ကြက်ဥအရည်များဖြင့် ပေါင်မုန့်အမှုန့်များကပ်ငြိပြီး အလေအလွင့် များပါသည်။

၆) ဆီကို ဆူအောင်တည်ပြီး ဂဏန်းပျော့ကို ထည့်ကြော်ပါ။

၇) ဂဏန်းပျော့များ အနည်းငယ်ရဲလာလျှင် ရပါပြီ။

ခုဆိုရင်တော့ ပူမွှေးကြွပ်ရွတဲ့ ဂဏန်းပျော့ကြော်ကို အချဉ်ရည်လေးနဲ့ပဲတို့မလား၊ ရေနွေးကြမ်းနဲ့ပဲ မြည်းမလား၊ ဘီယာနဲ့ပဲ သောက်မလား ဘယ်လိုပဲဖြစ်ဖြစ် အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

Some text some message..