ထမင်းပူပူလေးနဲ့စားမလား၊ ခေါက်ဆွဲနဲ့ပဲဆွဲမလား အရမ်းအရသာရှိတဲ့ ကိုရီးယားကြက်ဥငံပြာရည်စိမ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကြက်ဥ(သို့)ဘဲဥ
၂။ ကြက်သွန်ဖြူ
၃။ ငရုတ်သီးစိမ်း၊နီ
၄။ ကြက်သွန်နီမြိတ်
၅။ နှမ်း
၆။ ပဲငံပြာရည်
ပြုလုပ်နည်း
၁။ ကြက်ဥပြုတ်ရန် ရေနွေးဆူလာရင် ဆားထည့်၊ ရှာလကာရည်ထည့်ပါ။ ကြက် ဥ ဘဲဥ မိမိကြိုက်နှစ်သက်ရာဥလုပ်နိုင်ပါတယ်။ ၆ မိနစ် ပြုတ်ရင်ရပါပြီ။ မကျက်တကျက်ပြုတ်တာကြိုက်ရင်တော့ အနှစ်မကျက်အောင် ပြုတ်ထားပါ။
၂။ ဆယ်ယူပြီး ရေအေးထဲမှာစိမ်ထားပါ။
၃။ အခွံခါပါ။
၄။ ကြက်သွန်ဖြူ ငရုတ်စိမ်း နီ ကြက်သွန်နီမိတ် စသည်တို့ကို ပါးပါးလှီးပါ။
၅။ ဖန် ဇလုံ သို့ micro wave ဗူး (သို့)အဆင်ပြေရာတစ်ခု သုံးပါ။ ပဲငံပြာရည် ထည့်၊ ရေကျက်အေးထည့်၊ သကြားထည့် ၊နှမ်းဆီထည့်၊ လှီးဖြတ်ထားသော ကြက်သွန်နီမိတ် ငရုတ်စိမ်းနီ ကြက်သွန်ဖြူတို့ထည့် နှမ်းထည့်ပြီး အရသာမြည်းကြည့်ပါ။
၆။ အရမ်းငန်နေရင် ရေကျက်အးနဲနဲထည့်ပါ။ ပြုတ်ထားသော ဥများစိမ်ထားပါ။
၇။ အနည်းဆုံး 5 နာရီစိမ်ပါ။ ရေခဲသေတ္တာရှိရင် အောက်ထပ်မှာထားနိုင်ပါတယ်။ မရှိရင် အုပ်ဆောင်း အုပ်ပြီးထားပါ။
၈။ ၅ နာရီပြည့်ပြီဆို အရမ်းအရသာရှိတဲ့ ကိုရီးယား ကြက်ဥပြုတ် ငံပြာရည်စိမ်ရရှိပါပြီနော်။
[ Unicode ]
ထမင်းပူပူလေးနဲ့စားမလား၊ ခေါက်ဆွဲနဲ့ပဲဆွဲမလား အရမ်းအရသာရှိတဲ့ ကိုရီးယားကြက်ဥငံပြာရည်စိမ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကွကျဥ(သို့)ဘဲဥ

Ref; asianfood