ကြက်ခြေထောက်နူးနူးလေးကို မာလာဟင်းအနှစ်နဲ့ ပြန်ချက်ထားတဲ့ အရသာရှိရှိ မာလာကြက်ခြေထောက် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကြက်ခြေထောက် – ၁၀ ချောင်း( ရေစင်အောင်ဆေး)
၂။ မာလာဟင်းအနှစ် -စားပွဲတင်ဇွန်း ၂ စွန်း
၃။ ပဲငပိအချို – စားပွဲတင်ဇွန်း ၂ စွန်း
၄။ ကြက်သွန်ဖြူ – ၂ မွှာ(နုတ်နုတ်စဉ်း)
၅။ ဂျင်း – ၂ ပြား (နုတ်နုတ်စဉ်း)
၆။ မြေပဲထောင်း – စားပွဲတင်ဇွန်း ၂ စွန်း
၇။ နှမ်း – စားပွဲတင်ဇွန်း ၁ စွန်း
၈။ သကြား – စားပွဲတင်ဇွန်း ၁ စွန်း
၉။ ဆား – အနည်းငယ်
၁၀။ ရှာလကာရည် – အနည်းငယ်
၁၁။ ဆီ – အနည်းငယ်
၁၂။ တရုတ်နံနံပင်/ကြက်သွန်မြိတ်- အနည်းငယ်
ပြုလုပ်နည်း
၁။ အရင်ဆုံး ကြက်ခြေထောက်တွေကို ရေဆေးသန်.စင်ပြီး ဆား သကြား ရှာလကာရည်နဲ.နယ်ပြီး ခဏနှပ်ထားပါ။
၂။ ပြီးရင် နှပ်ထားတဲ့ ကြက်ခြေထောက်တွေကို ဒယ်အိုးထဲထည့်ပါ။ ကြက်သွန်ဖြူ ၂ မွှာ ဂျင်း ၂ ပြားထည့်ပါ။
၃။ ရေကိုကြက်ခြေထောက်မြုပ်ရုံထည့်ပြီးနူးသည်အထိ နာရီဝက်ခန်. ရေခန်းပြုတ်ပါ။
ကြက်ခြေထောက်များ နူးပြီဆိုရင် ဖယ်ထားပါ။
၄။ ဒယ်ထဲ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ ဂျင်း ဆီသတ်ပါ။ အနံ.မွှေးလာရင် မာလာဟင်းအနှစ်ထည့်မွှေပေးပါ။ ရေခွက်ဝက်ခန်.ထည့်ပြီး ဆူအောင်တည်ပေးပါ။
၅။ ဆူလာရင် ပဲငပိ၊ သကြားနှင့် ကြက်ခြေထောက်ထည့်ပြီး မွှေပေးပါ။ ခဏတည်ပေးပါ။ ရေခန်းပြီး ဆီပြန်လာရင် မီးပိတ်လိုက်ပါ။ ပြီးမှ မြေပဲထောင်း၊နှမ်းနှင့်တရုတ်နံနံပင်/ကြက်သွန်မြိတ်ဖြူးပေးပါ။
အခုဆိုရင် မာလာကြက်ခြေထောက်နူးနူးလေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော်။
[ Unicode ]

Ref; asianfood