
တစ်မျိုးလေး ရိုးမသွားရအောင် ဒီတစ်ခါမှာတော့ ကန်စွန်းဥ ဂျုံမုန့်ပေါင်းပြုလုပ်နည်းလေးကို ပြောပြလိုက်ပါတယ်နော်။
လိုအပ်တာတွေကတော့
. ကန်စွန်းဥ ၂ဝဝ ဂရမ်
. စပျစ်သီးခြောက် စားပွဲဇွန်း ၂ ဇွန်း
. ဂျုံမှုန့် ၁၅ဝ ဂရမ်
. ဘေကင်ပေါင်ဒါ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
. ကြက်ဥ ၁ လုံး
. သကြား ၆ဝ ဂရမ်
. ဆား အနည်းငယ်
. ဆီ စားပွဲဇွန်း ၁ ဇွန်း
. ရေ စားပွဲဇွန်း ၆ ဇွန်း
ကြိုတင်ပြင်ဆင်ရန်

၁။ ကန်စွန်းဥကို ၁စင်တီမီတာအရွယ် လေးထောင့်အတုံးလေးတွေ တုံးပြီးရေစိမ်ထားပါ။စပျစ်သီးခြောက်တွေကိုလည်း ရေစိမ်ပါ။
၂။ မီးအပူဒဏ်ခံနိုင်တဲ့ ခွက်ခပ်သေးသေးတွေကို အသင့်ပြင်ထားပြီး အဲဒီခွက်တွေထဲမှာ မုန့်ဖုတ် စက္ကူကို ခင်းပါ။ ဂျုံမှုန့်နဲ့ ဆား၊ဘေကင်ပေါင်ဒါတွေကို ရောနယ်ပြီး ဆန်ခါတိုက် စစ်ထားပါ။
၃။ ကြက်ဥကို အကာနဲ့အနှစ်ခွဲပြီး အသီးသီး ဇလုံတစ်ခုစီမှာ ထည့်ပါ။ ကြက်ဥအနှစ်ထဲကို ဆီ၊ရေနဲ့ သကြား(စားပွဲဇွန်း၁ဇွန်းစာ ချန်ထားပြီး ကျန်သကြားအကုန်)ထည့်ပြီး ရောမွှေပါ။ ကြက်ဥအကာကို အမြှုပ်ကောင်းကောင်း ထတဲ့အထိမွှေ၊ သကြား စားပွဲဇွန်း၁ဇွန်း ရောထည့်ပြီး ပိုအမြှုပ်ထလာအောင် မွှေပါ။
၄။ ကြက်ဥအနှစ်နဲ့ နယ်ထားတဲ့ အထဲကို ကြက်ဥအကာမွှေထားတာကို ထည့်ပြီးထပ်မွှေပါ။ ကန်စွန်းဥ အတုံးလေးတွေနဲ့ စပျစ်သီးခြောက်တွေကို ရေစစ်ပြီး မွှေထားတဲ့ အထဲကိုထည့်ပါ။
၅။ မွှေထားတဲ့အနှစ်တွေကို ခွက်ကလေးတွေထဲခွဲထည့်၊ ပြီးတဲ့အခါ ပေါင်းအိုးထဲထည့်ပြီး မီးပြင်းပြင်းနဲ့ မိနစ်၂ဝ ပေါင်းလိုက်ရင် ရပါပြီ။

Ref;NHK