သင့်ချစ်သူကောင်မလေး သင့်အချစ်တွေကို ခံစားရစေမယ့် နည်းလမ်းများ
lifestylemyanmar.com
|
2020-07-14



သင်ဟာ သင့်ချစ်သူကို ဆုံးရှုံးစေနိုင်မယ့်နည်းလမ်းတွေ လုပ်မိနေသလား? သင်ဟာ မိန်းကလေးတွေ သဘောမကျနိုင်သော ကိုးယိုးကားယားပုံစံပေါက်နေတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေသလား?

ကံမကောင်းစွာနဲ့ပဲ ရှေးလူကြီးတွေပြောစကားအရ အမျိုးသားတွေဟာ အင်္ဂါဂြိုလ်ကနေ ဆင်းသက်လာတာဖြစ်ပြီး အမျိုးသမီးတွေကတော့ သောကြာဂြိုလ်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ အခြေခံကျကျ မတူကွဲပြားတာတွေဖြစ်နေတာဖြစ်ပါတယ်။ တစ်ခါတရံမှာ ဘယ်လို relationship မဆို အမြဲတမ်းလိုလို စိတ်ကူးယဉ်ယဉ်ဖြတ်သန်းနေဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။

Lifestyle Myanmar အနေနဲ့ ဒီကနေ့မှာ အောင်မြင်သောဆက်ဆံရေးတွေအကြောင်း မျှဝေပေးချင်တာဖြစ်ပါတယ်။ ပြီးတော့ သင့်ရဲ့ ချစ်သူကောင်မလေးကို နေ့စဉ်နေ့တိုင်း ချစ်ခြင်းမေတ္တာတွေ ခံစားရစေဖို့ ဘယ်လိုအမူအကျင့်တွေရှိထားသင့်တယ်ဆိုတာကို မျှဝေပေးမှာပါ။




၁။ ရိုးသားပါ

ဟုတ်ပြီ။ ကျွန်တော်တို့ကို အမှန်တရားလေးပဲ ပြောပါ။ သင်ဟာ သင့်ရဲ့ ကောင်မလေးကို ကာကွယ်ဖို့ (သူမကို နာကျင်မှုတွေကနေ ကယ်တင်ဖို့) ဆိုပြီး ဘယ်နှစ်ကြိမ်လောက် လိမ်ခဲ့ဖူးလဲ? သူမကို မနာကျင်စေနိုင်ဘဲ ဖုံးကွယ်ထားတာရော ဘယ်နှစ်ကြိမ်လောက်ရှိပြီလဲ?

ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ ။ သူက မိန်းကလေးတစ်ယောက်ကို date ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီ့မိန်းကလေးကို နောက်ထပ်မတွေ့ချင်တော့ဘူး။ ဒါပေမယ့် မတွေ့ချင်တော့တာကို မပြောခဲ့ဘူး။ မိန်းကလေးက သူ့ကို ပြန်ရှာလာတဲ့အခါ တုံးတိတိနဲ့ ရေရေရာရာအကြောင်းပြချက်မရှိဘဲ ဟိုလိုလိုဒီလိုလိုနဲ့ ရှောင်နေပါတယ် ။ ဒါပေမယ့် မိန်းကလေးက တစ်ခုခုအကြောင်းပြချက်ထပ်တောင်းလာတဲ့အခါမှာလည်း မရေရာတဲ့ဆင်ခြေတစ်ခုကိုပဲ ပေးခဲ့ပါတယ်။ သူကတော့ မိန်းကလေးသူ့အနားကနေ အဝေးကို ထွက်ခွာသွားဖို့ပဲ စောင့်နေခဲ့ပါတယ်။ ဘာကြောင့်လဲ? ပြီးတော့ သူကရော သူမကို မနာကျင်စေခဲ့ဘူးလား?




အမျိုးသားတွေဟာ နားမလည်ကြပါဘူး။ ဘာကိုလဲဆိုတော့ အမျိုးသမီးတွေဟာ သူတို့ထင်ထားတာထက် ပိုပြီးသန်မာကြတယ်ဆိုတာကိုပါ။ ဒါ့ကြောင့် အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို အမှန်တရားတွေကိုသာ ပြောသင့်ပါတယ်။ နောက်ဆက်တွဲဆုံးဖြတ်ချက်တွေကို သူတို့ကောင်းကောင်းဆုံးဖြတ်ပါလိမ့်မယ်။ နောက်ပြီး သူတို့ကိုယ်သူတို့ ငါးလား? ငါးစာလား? ငါးမျှားချိတ်လား? ဆိုတာ သူတို့ကိုယ်တိုင်ဆုံးဖြတ်ပါလိမ့်မယ်။

သင်မပြောရသေးခင် သင်နဲ့ ပတ်သက်သော အမှန်တရားကို သတိပြုမိတဲ့အခါ သင့်ကို ပိုစိတ်ပျက်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင်အလုပ်သွားဖို့ နောက်ကျနေမယ်ဆိုရင်၊ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေမယ်ဆိုရင်တောင် သူမကို ပြောပြပါ။ ညစာစားချိန်မှာမှ သင်အိမ်ပြန်လာမှာမဟုတ်ဘူးလို့ စာတစ်စောင်ပို့မယ်ဆိုရင်တော့ သူမက သင့်ကိုပိုစိတ်ဆိုးပါလိမ့်မယ်။ ဒါကြောင့် ချစ်သူမိန်းကလေးအပေါ် ရိုးသားပါ။




၂။ အချိန်ပေးပါ

ဘဝဟာ တကယ်ကို အလုပ်များလွန်းတယ်လေ။ ဟုတ်ကဲ့ ကျွန်တော်သိပါတယ်။ အဲဒီ့နေရာမှာ အလုပ်တွေ၊ သူငယ်ချင်းတွေ၊ အားကစားတွေ၊ မိသားစုတွေနဲ့ ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အိမ်မှုကိစ္စတွေ..စသည်ဖြင့်ပေါ့။ ဒီအရာတွေအားလုံးအတွက် အချိန်တွေအများကြီး ပေးရပါတယ်။ အဲဒီ့အရာတွေအားလုံးထဲမှာ အရေးတကာ့အရေးအကြီးဆုံးကတော့ သင့်ရဲ့ ရှေ့မှာရှိနေတဲ့ သင့်ရဲ့ကောင်မလေးပါပဲ။

ကျွန်တော့်မှာ အပတ်တိုင်း သူ့ဇနီးရဲ့ ခွင့်ပြုချက်တွေယူပြီးမှာ ဂေါ့ဖ်လာရိုက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူကျွန်တော်တို့ဆီ ရောက်လာတဲ့အခါ သူဟာ သူ့ရဲ့ ဇနီးဆီကနေ ထွက်လာခဲ့ပြီး အကွာအဝေးတစ်ခုကို ရောက်လာခဲ့ပြီလို့ ခံစားနေရပါတယ်တဲ့။ ဘာကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာတော့ သူသေချာ မသိပါဘူး။ သူဟာ တစ်လလုံးမှာ စနေနေ့တွေပဲ ဂေါ့ဖ်ရိုက်လေ့ရှိပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ သူ့ဇနီးကို အချိန်ပိုပေးပါတယ်။ ဒါကြောင့်လည်း သူ့ဇနီးကတော့ အရမ်းပျော်ရွှင်ခဲ့ရပါတယ်တဲ့။ ဒါပေမယ့် သူ့အတွက်တော့ စနေနေ့တွေဟာ အပျော်ဆုံးနေ့ရက်တွေပါတဲ့။




၃။ နားထောင်ပါ

အမျိုးသမီးတွေဟာ သူတို့ဘယ်လောက်လှတယ်၊ သူတို့ကို ဘယ်လောက်တန်ဖိုးထားတယ်၊ ပြီးတော့ သူတို့ကို ဘယ်လောက်ချစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး နားထောင်ရတာကို ကြိုက်ကြသူတွေပါ။ ဒါပေမယ့် အမျိုးသမီးတွေဟာ သူတို့စကားကို ပိုနားထောင်စေချင်ကြပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတိုင်း ( အမျိုးသားတစ်စု) ဟာ ဘယ်လိုဖြစ်တယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတွေကို ရှင်းပြနေတယ်ဆိုရင် သူမဟာ တစ်ခြားလူတွေအတွက် အထူးစပယ်ရှယ်လူတစ်ယောက်ဖြစ်တယ်လို့ ခံစားမိတာကြောင့်ပါ။

၄။ မကြောက်ပါနဲ့

ဟာသအဖြစ်အပျက်တစ်ခု ပြောပြမယ်။ အရင်အပတ်က သူငယ်ချင်းတစ်ယောက်ရဲ့ ဇနီးဟာ ညည့်နက်သန်းခေါင်မှာ အိပ်ရာထဲကနေ အပြင်ကို ထွက်သွားပါတယ်။ ပြီးတော့ သူ့ဇနီးဟာ သူမရဲ့ မွေးနေ့တုန်းက သူကိုယ်တိုင်ပေးခဲ့တဲ့ အပြေးလေ့ကျင့်စက်အပေါ်မှာ လေ့ကျင့်ခန်းထလုပ်နေတယ်တဲ့။ သူမဟာ ချက်ချင်းဆိုသလို စိတ်ပျက်ဖို့ကောင်းတဲ့ အပြေးလေ့ကျင့်စက်အကြောင်း ကျယ်လောင်ကျယ်လောင်နဲ့ အော်ကြီးဟစ်ကျယ်ပြောသတဲ့။ ပြီးတော့ နောက်ဆုံး သူမရဲ့ အလုပ်ကို စိတ်ပျက်မိကြောင်းနဲ့ နောက်ရက်တွေမှာ သူမအမေကို မလာစေချင်ကြောင်းတွေပါ ပါလာသတဲ့။ ကျွန်တော်သူငယ်ချင်းတော့ သူမရဲ့ အပြုအမူတွေကြောင့် တော်တော်လည်း စိတ်ပျက်သွားသလို ဘာလုပ်ရမှန်းမသိလည်း ဖြစ်သွားသတဲ့။




ဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောနိုင်တာတစ်ခုရှိပါတယ်။ သူမဟာ သူမရဲ့ ခြေထောက်တွေ နာကျင်ပြီးနောက်မှာမှ ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ နောက်ထပ်နာကျင်မှုတွေဟာ ပွင့်အန်လာပါတယ်။ တစ်ချို့ခံစားချက်တွေဟာ စကားလုံးတွေအဖြစ် ပြောင်းလဲလာစေဖို့ ဒီလိုရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေလိုအပ်ပါတယ်။ တစ်ချို့အရာတွေဟာ သူမအတွက်တော့ စစ်မှန်သော ပြဿနာတွေမဟုတ်ပါဘူး (ဥပမာ- ဘာမဟုတ်လေးတွေပေါ့)။ ဒါပေမယ့် အဲဒီ့ပြဿနာတွေက သူမရဲ့စိတ်ထဲမှာ လွှမ်းမိုးနေတတ်ပြီး နာကျင်မှုတွေဟာ အမှားအယွင်းတွေဆီ ဦးတည်နိုင်ပါတယ်။

သင့်ချစ်သူအမျိုးသမီးရဲ့ စိတ်ခံစားချက်တွေ မကြောက်ပါနဲ့။ အမျိုးသမီးတွေမှာ စိတ်ခံစားချက်တွေတော်တော်များများရှိကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို အမျိုးသားတွေကို ချပြဖို့ဆိုတာထက် သူတို့ကိုယ်တိုင်က ပိုခံစားကြရပါတယ်။ သင့်ဆီကို ပွင့်အန်ထွက်ကျလာတယ်ဆိုရင် သူမ မခံစားနိုင်တော့တာကြောင့် မတော်တဆရင်ဖွင့်လာတာဖြစ်နိုင်ပါတယ်။

Lifestyle_Myanmar
Nyein_Thu


Ref- themindjournal




Some text some message..