သုံးထပ်သားဆလပ်ထုတ် ပြုလုပ်နည်း
trend.com.mm
|
2020-07-16

ဝက်ဆလပ်ထုတ်လေးကို အိမ်မှာအဝဆွဲဖို့ သုံးထပ်သားဆလပ်ထုတ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ
၁။ ဆလပ်ရွက်
၂။ သုံးထပ်သား
၃။ ငရုတ်သီးစိမ်း
၄။ ကြက်သွန်မြိတ်
၅။ ကြက်သွန်ဖြူ
၆။ ပဲငံပြာရည်အကြည်
၇။ ကိုရီးယားငရုတ်အနှစ်
၈။ နှမ်းဆီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ

.ပြုလုပ်နည်း
၁။ ပဲငံပြာရည်အကြည်၊ နှမ်းဆီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန်၊့ ခရုဆီ ရောပြီး ဆော့စ်ဖျော်ပေးရမယ်။
၂။ သုံးထပ်သားနဲ့ဆော့စ် ရောပြီး၁၅မိနစ်ခန့် နှပ်ထားပေးပါ။
၃။ အိုးပူအောင်ထားပြီး ဆီထည့် နှပ်ထားသောသုံးထပ်သားကို ကြော်ပေးပါ။ ( ကင်လည်းရပါတယ် )
၄။ ဆလပ်ရွက်ပေါ် ကြော်ထားတဲ့သုံးထပ်သားကိုတင် ငရူတ်သီးစိမ်း ကြက်သွန်ဖြူ ငရုတ်အနှစ် ကြက်သွန်မြိတ် ထည့်ပြီး အရသာရှိတဲ့ သုံးထပ်သားဆလပ်ထုပ်လေးစားလို့ရပါပြီနော်။

[ Unicode ]

Ref; asianfood

Some text some message..