စိတ်ဆိုးနေတဲ့ချစ်သူကို စိတ်ဆိုးပြေအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းများ
myanmaplatform.com
|
2020-07-29

မိန်းကလေးတွေ စိတ်ပျော်နေရင် ပျော်ရွှင်စရာကောင်းပေမယ့် စိတ်ဆိုးနေရင်တော့ ကြောက်စရာကောင်းတဲ့ပုံစံပေါက်သွားတတ်ပါတယ်။ ချစ်သူဆိုပေမယ့် ပေါ့ပေါ့တန်တန် သဘောထားခံရတာ၊ တန်ဖိုးမထားတာ၊ မလေးစားတာတွေဆိုရင် ပိုပြီးစိတ်ဆိုးတတ်ကြပါတယ်။ သူတို့ကို သစ္စာဖောက်တာ၊ ယုံကြည်မှုတွေ လျော့နည်းလာတဲ့အချိန်တွေဆိုရင် ခန့်မှန်းရခက်တဲ့ သတ္တဝါလေးတွေအဖြစ်ပြောင်းလဲသွားတတ်ကြပါတယ်။ ဒါကြောင့် သင်ချစ်သူစိတ်ဆိုးနေတယ်ဆိုရင် စိတ်ဆိုးပြေအောင် ဘယ်လိုတွေ လုပ်ပေးသင့်လဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်။




၁။ သူမရဲ့ စိတ်ခံစားချက်ကိုအသိအမှတ်ပြုပါ။

မိန်းကလေးတွေဆိုတာက သူတို့ကို အချစ်ပိုစေချင်သလို သူတို့ကို ဂရုစိုက်တာမျိုးလည်း ခံချင်ကြပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူတို့ရဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုလိုက်ရင် သူတို့ဘက်ကစိတ်ဆိုးတာ၊ ဝမ်းနည်းတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ခံစားချက်ကို အသိအမှတ်ပြုပေးသင့်ပါတယ်။




၂။ သူမကိုပွေ့ဖက်ပေးပါ။

စိတ်ဆိုးတဲ့အခါ ဒေါသခိုးတွေထွက်တဲ့အထိ စိတ်ဆိုးတာမျိုးမဖြစ်ပါစေနဲ့။ ဒါကြောင့် သူမစိတ်ဆိုးတဲ့အခါမှာ သူမစိတ်ဆိုးပြေဖို့အတွက် နည်းမျိုးစုံ အသုံးပြုကြည့်ပါ။ ဒါ့အပြင် သူမစိတ်ဆိုးပြေဖု့ိအတွက် အကောင်းဆုံးနည်းလမ်းကတော့ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ပေးတာပဲဖြစ်ပါတယ်။ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ုလိက်မယ်ဆိုရင် သူမကိုစိတ်ဆိုးပြေစေနိုင်ပါတယ်။




၃။ သူမအတွက် အချိန်ပေးပါ။

တစ်ခါတစ်ရံမှာ ချစ်သူနဲ့ အတူရှိပေမယ့် သူအတွက် အချိန်ပေးတယ်လို့ မခံစားရဘူးဆိုရင် သူမဘက်ကနေ စိတ်ဆိုးလာတာတွေ ဖြစ်တတ်ပါတယ်။ စိတ်ဆိုးလာလဲ သူမကို ချော့တာ၊ ပွေ့ဖက်ပေးတာ်လဲ မရှိဘူးဆိုရင် စိတ်ဆိုးရာကနေ ဒေါသထွက်တဲ့အဆင့်ထိရောက်နိုင်ပါတယ်။ သူမရဲ့ စိတ်ဆိုးဒေါသကိုဖြေဖို့အတွက် အချိန်နဲ့နေရာလိုအပ်ပါတယ်။ ဒါကြောင့် သူမအတွက် အချိန်နဲ့နေရာစီစဉ်ပါ။ ဒီလိုလုပ်ခြင်းက သူမဒေါသထွက်နေရင်တောင် သင့်ရဲ့ရင့်ကျက်မှုကို တန်ဖိုးထားလေးစားပေးနိုင်မှာဖြစ်ပါတယ်။




၄။ သူမအတွက် အကြိုက်ကိုဖန်တီးပေးပါ။

မိန်းကလေးတွေက ရန်လုပ်ပြီး ဗိုက်ဆာတတ်ကြပါတယ်။ ဒါကြောင့် သူမကိုစိတ်ဆိုးပြေအောင်ချော့ပြီးရင် သူမကြိုက်တဲ့ အစားအစာလေးတွေကို ပြုလုပ်ပေးပါ။ ဘယ်လိုပဲ စိတ်ဆိုးပါစေ ချစ်ခြင်းမေတ္တာရဲ့ အပြုအမူတစ်ခုအဖြစ်ဖန်တီးထားပါ။ မိန်းကလေးတွေက ဘယ်လောက်ထိ စိတ်ဆိုးနေပါစေ သူတို့ကြိုက်နှစ်သက်တဲ့ အရာကိုလုပ်ပေးလိုက်ရင် စိတ်ဆိုးနေရင်တောင် ပြေသွားတတ်ကြပါတယ်။ ဒါကြောင့် သူမစိတ်ဆိုးနေရင် သူမအကြိုက်ကို ဖန်တီးပေးတာကလည်း အကောင်းဆုံးချော့နည်းတစ်မျိုးဖြစ်ပါတယ်။




Some text some message..