ဂျွတ်ဂျွတ်လေးဝါးရင်း ရှူးရှဲလေးကို အရသာရှိရှိဆွဲဖို့ ကြက်ခြေထောက်ယိုးဒယားထောင်းနည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကြက်ခြေထောက်ထောင်း
၂။ စပါးလင်
၃။ ရှောက်ရွက်
၄။ ပတဲကော
၅။ ခရုဆီ
၆။ ငရုတ်သီးစိမ်း
၇။ ကြက်သွန်ဖြူထောင်း
၈။ ထန်းလျက် (သို့) သကြား
၉။ ခရမ်းချဉ်သီး
၁၀။ ငံပြာရည်
၁၁။ အရသာမှုန့်
၁၂။ သံပုရာ
၁၃။ ယိုးဒယားငါးပိရည်
၁၄။ နံနံပင်
၁၅။ ကြက်သွန်မြိတ်
ပြုလုပ်နည်း
၁။ ကြက်ခြေထောက်ကို စပါးလင်၊ ရှောက်ရွက်၊ ပတဲကော၊ ခရုဆီပါရုံလေးထည့်ပြီးပြုတ်ပါ။
၂။ နူးရင်ဆယ်ပြီးရေအေးဆေးချပါ။ မပြုတ်ပဲ ပေါင်းမယ်ဆိုအပေါ်ကဇကာတင်ပြီးပေါင်းရုံပါ။
၃။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူထောင်းပြီး မညက်တစ်ညက်အနေအထားရောက်ရင် ထန်းညက်ပျော့ (သို့) သကြားထည့်ပါ။
၄။ ခရမ်းချဉ်သီးထည့်ထောင်းပါ။ ငံပြာရည်နဲနဲနဲ့ အရသာမူန့်ပါရုံထည့်ပါ။ သံပုရာရည်ညှစ်ကာ ယိုးဒယားငပိရည်ခပ်များများ၊ နံနံပင်နဲ့ ကြက်သွန်မြိတ်ထည့်ထောင်းပါ။
၅။ ကြက်ခြေထောက်ထည့်ပြီး နာနာအရသာဝင်အောင် မွှေထောင်းလိုက်ရင် ရပါပြီ။
ခုဆိုရင်တော့ ရှူးရှဲကြက်ခြေထောက်ထောင်းကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော်။
[ Unicode ]

Ref; asianfood