အချစ်ရေးမှာ ကံကောင်းချင်ရင်
trend.com.mm
|
2020-08-12

အချစ်ရေးဆိုတာကတော့ ဆန်းကြယ်လှတဲ့အရာပဲ ဖြစ်ပါတယ်။ ချစ်ခြင်းဆိုတာ သိပ်ကို ကြည်နူးစရာ ကောင်းလှတဲ့အရာမို့လို့ တကယ်လို့ ဖန်တီးတတ်မယ်ဆိုရင် သာယာစရာ ကောင်းလှပါတယ်။ အချစ်ရေးမှာ ကံကောင်းဖို့ ဆိုတာကတော့ လူတိုင်း လိုချင်တဲ့အရာလို့ကို ဆိုနိုင်မှာ ဖြစ်ပါတယ်။


၁။ လူရွေး မှန်ပါစေ
အချစ်ရေးမှာ ကံကောင်းဖို့ အတွက်ကတော့ လူရွေး မှန်ဖို့ က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ လူရွေးမှန်ဖို့ ဆိုတာကတော့ ကိုယ်နဲ့ ကိုက်တဲ့သူ ဖြစ်ဖို့ ဖြစ်ပါတယ်။ အကြိုက်ချင်း ထပ်တူ ကျတဲ့သူကို ရွေးချယ်ဖို့လို့ ပြောချင်တာ မဟုတ်ပါဘူး။ လူတစ်ကိုယ် စိတ်တစ်မျိုး ဖြစ်တဲ့အတွက် ကိုယ်နဲ့ ထပ်တူကျမယ့်သူ ဆိုတာကတော့ ရှာလို့ ရနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်နဲ့ အကြိုက်ချင်း မတူပေမယ့် နားလည်မှု ပေးနိုင်တဲ့သူကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့ လိုပါတယ်။ လူရွေးမှန်တယ် ဆိုရင်တော့ အချစ်ရေးမှာ ကံကောင်းပြီဆိုတာကို ယုံကြည်လိုက်ပါ။ တော်တန်ရုံ အဆင်မပြေတာ၊ စိတ်ညစ်ရတာတွေကို တွေ့နိုင်မှာ မဟုတ်ပါဘူး။


၂။ အလှည့်ကျ အလျော့ပေးပါ
ကိုယ်က မိန်းကလေးမို့ ဆိုပြီးတော့လည်း အချိန်တိုင်း အနိုင်ယူဖို့ မလုပ်ပါနဲ့နော်။ အလှည့်ကျ အလျော့ပေးပါ။ မိန်းကလေးတွေ ဆိုတာတော့ များများ အနိုင်ယူပေါ့။ ကိုကိုတို့တွေကလည်း ယောက်ျးလေးဆိုတာကတော့ ပိုအလျော့ပေးပါနော်။ ပိုချစ်ရတဲ့သူက အလျော့ပေးရစမြဲ ဆိုပေမယ့် အလှည့်ကျ အလျော့ပေးပါ။ ဒါဆိုရင် အပြုံးလေးတွေ မစဲနိုင်တဲ့ အချစ်ရေးကြားမှာ ချစ်သူတို့ရဲ့ နေ့ရက်လေးတိုင်းက သာယာနေမှာ အမှန်ပါ။


၃။ အနိုင်မကျင့်ရဘူးနော်
ချစ်လို့ အနိုင်ယူချင်တာ အချစ်ခံချင်တာက ချစ်စရာကောင်းပါတယ်။ အချစ်ခံချင်လို့ ချွဲနွဲ့တာနဲ့ အနိုင်ကျင့်တာက မတူဘူးဆိုတာကို ကွဲကွဲပြားပြား သိထားရမှာပါ။ ကိုယ်ကတော့ ချစ်လို့ ဆိုးတာ ဆိုပေမယ့် အနိုင်ကျင့်သလို ဖြစ်နေတာကို သတိ မထားမိလိုက်မှာ စိုးလို့ပါ။ ချစ်တာကို သိလို့ သိပ်ဆိုးပြတာမျိုး မလုပ်ရဘူးနော်။


Ref;RELATIONSHIP GOAL




Some text some message..