Gym ကစားပြီးတိုင်း ဒါတွေ လုံးဝမသောက်ပါနဲ့
myanmaplatform.com
|
2018-12-13



အလှအပအတွက်၊ ကျန်းမာကြံ့ခိုင်ဖို့အတွက်၊ ကိုယ်ခန္ဓာ တောင့်တင်းဖို့၊ ဝိတ်ကျဖို့အတွက် စသဖြင့် ရည်မှန်းချက်အမျိုးမျိုးနဲ့ gym ဆော့တဲ့သူတွေအများအပြားရှိမှာပါ။ ဘယ်လိုခံယူချက် နဲ့ပဲ ဖြစ်ဖြစ်၊ gym ဆော့တဲ့သူတွေအနေနဲ့ ပြုလုပ်မိနေကြတဲ့အမှားအယွင်းလေးတစ်ခု ရှိနေပါတယ်။ Gym သာဆော့နေပေမယ့်အစားအသောက်ကိုကျတော့ မဆင်မခြင် စားသောက်ကြတဲ့အမူအကျင့်ပါ။ gym ဆော့တဲ့သူတစ်ယောက်အနေနဲ့ ကျန်းမာရေးနဲ့ ကိုက်ညီမယ့်အစားအသောက် များကိုလည်း ပုံမှန်စားသုံးသင့်သလို၊ ရှောင်ကြဉ်သင့်တာတွေ ကိုလည်း ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဒါ့ကြောင့် Gym ကစားပြီးတဲ့အခါမှာ လုံးဝမသောက်သုံးသင့်တဲ့ သောက်စရာ ဖျော်ရည်များကို ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကို သောက်သုံးမိနေမယ်ဆိုရင် gym ဆော့နေတာ ဘာမှအကျိုး သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။


(၁) ကော်ဖီ


--------------







မနက်စောစော Gym ဆော့ပြီး မနက်စာကိုတော့ ကော်ဖီသောက်တယ်ဆိုရင် သင့်အတွက် Gym ဆော့တာက ဘာမှထူးခြားမှု ဖြစ်လာမှာ မဟုတ်ပါဘူး။ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီကအာဟာရ စုပ်ယူမှုကိုအဟန့်အတားဖြစ်စေပြီး gym ကစားပြီးတဲ့အခါမှာ သောက်သုံးမိမယ်ဆိုရင် ရင်တုန်စေတဲ့အတွက် သက်လုံအားလျော့နည်းသွားစေပါတယ်။


(၂) Sport Drinks


--------------







အားကစားသမားတော်တော်များများ သောက်သုံးနေတဲ့ ဖျော်ရည်တစ်မျိုးပါပဲ။ မောပန်းနွမ်းနယ်မှုကို လျင်မြန်စွာ သက်သာစေပြီးတော့ သက်လုံအားကောာင်းစေတဲ့အတွက် Sport Drinks ကအားကစားသမားများရဲ့ လက်စွဲပါပဲ။ ဒါပေမယ့် Gym ကစားပြီးတဲ့အခါမှာ Sport Drink ကို မသောက်သုံးသင့်ပါဘူး။ Sport Drinks မှာပါဝင်တဲ့အာဟာရဓာတ်များနဲ့ သကြားဓာတ်များက ဘေးဥပါဒ်ဖြစ်စေပါတယ်။ ဒ့ါကြောင့် သောက်မယ်ဆိုရင်တောင် သကြားပါဝင်မှုနဲ့ ပရိုတင်းဓာတ်ပါဝင်မှုနှုန်းကို သေချာစိစစ်ပြီးမှ သောက်သုံးသင့်ပါတယ်။


(၃) ဆိုဒါပါဝင်သောအဖျော်ယမကာများ


---------------------------------







Gasနဲ့ soda ပါဝင်တဲ့အဖျော်ယမကာများကိုလည်း gym ကစားသူများ မသောက်သုံးသင့်ပါဘူး။ Work out လုပ်ပြီး မောပန်းနွမ်းနယ်လာတဲ့အခါအလျင်အမြန်အမောပြေစေဖို့အတွက် ဖျော်ရည်ကို သောက်သုံးကြပါတယ်။ ဒီလိုဖျော်ရည်တွေကလည်းအမောပြေစေနိုင်ပြီးအချိုဓာတ်ပါဝင်မှုကြောင့်အားအင်ပြန်လည်ပြည့်ဝလာသလို ခံစားရစေပါတယ်။ ဒါပေမယ့် ဒါဟာ ခေတ္တခဏတာအတွက်ပဲ ကောင်းပါတယ်။ ဖျော်ရည်၊အချိုရည်မှာ ပါဝင်တဲ့ ဆိုဒါနဲ့ သကြားဓာတ်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး Gym ဆော့တဲ့သူအတွက်လည်း ဘာအာဟာရမှ မပေးစွမ်းနိုင်ပါဘူး။


(၄)အရက်၊ ဘီယာ


---------------







Gym ကစားတဲ့သူတိုင်းအယ်လ်ကိုဟော ပါဝင်တဲ့အဖျော်ယမကာများကိုလည်း ရှောင်ကြဉ်သင့် ပါတယ်။ Gym ကစားပြီး ညနေမှာ ဝိုင်တစ်ခွက် ဒါမှမဟုတ်အရက်တစ်ခွက် သောက်သုံးတာက တကယ့်ကိုမှားယွင်းတဲ့ လုပ်ရပ်ပါ။အယ်လ်ကိုဟောဓာတ်က ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်ပေါ်စေပြီး gym ကစားတဲ့အခါမှာလည်း ချွေးထွက်ခြင်းကြောင့် ရေဓာတ်ခမ်းခြောက်မှုကို ပိုမိုအားပေးပါတယ်။ ဒါ့ကြောင့် Gym ကစားနေစဉ်အတွင်းအရက်၊ ဘီယာသောက်သုံးခြင်းကိုအထူးရှောင်ကြဉ် သင့်ပါတယ်။


(၅)အသင့်သောက်သစ်သီးဖျော်ရည်


------------------------------







Gym ဆော့နေတဲ့အတွက် သစ်သီးဖျော်ရည်ကို သောက်သုံးမယ်လို့ တွေးမိဖူးလား။ မှန်ပါတယ်။ သစ်သီးဖျော်ရည်က gym ဆော့နေသူတွေအတွက်အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကြာရှည်ခံအောင် ထုပ်ပိုးထားတဲ့အသင့်သောက်သစ်သီးဖျော်ရည်ကိုလည်း မသောက်သုံးသင့်ပါဘူး။ ဒီလိုအသင့်သောက် သစ်သီးဖျော်ရည်ဘူးမှာ ပါဝင်တဲ့ သကြားဓာတ်နဲ့ ကယ်လိုရီများက Gym ဆော့ထားတာတွေကိုအလကားဖြစ်သွားစေပါတယ်။ ဒါ့ကြောင့် သဘာဝသစ်သီးဖျော်ရည်ကိုအိမ်မှာပဲ ကိုယ်တိုင်ဖျော်သောက်တာအကောင်းဆုံးပါ။




Some text some message..