ပူပူကြွပ်ကြွပ် ပုစွန်တန်ပူရာကြော်လေးကို အဝဆွဲဖို့ ပုဇွန်တန်ပူရာကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ပုဇွန်
၂။ ဆား
၃။ အရသာမှုန့်
၄။ ငရုတ်ကောင်းမှုန့်
၅။ ငရုတ်သီးအစိမ်းမှုန့်
ပြုလုပ်နည်း
၁။ ပုဇွန်အခွံ့ခွာပြီး ဆား၊ အရသာမှုန့် ၊ ငရုတ်ကောင်းမှုန့် ၊ ငရုတ်သီးအစိမ်းမှုန့် ထည့်နယ်ကာ ၁၀မိနစ် နှပ်ထားပေးပါ။
၂။ ပန်းကန်ထဲကို ကြက်ဥ ၁ လုံး ခေါက်ထည့်ပြီး တန်ပူရာမှုန့် ထမင်းစားဇွန်း ၁ ဇွန်းခန့်ထည့်ပါ။
၃။ အမှုန့်ကျေအောင် မွှေလိုက်ပေးပါ။ နှပ်ထားတဲ့ပုဇွန်ကို ကြက်ဥထဲ နှစ်လိုက်ပြီးတန်ပူရာမှုန့်ပန်းကန်ထဲ ပုဇွန်နှပ်ထားတာကိုထည့်ပြီးလှိမ့်ပေးပါ။
၄။ ဆီဆူပြီဆို လှိမ့်ထားပြီးသားပုဇွန်ကိုနှစ်ပြီး ကြော်ပါ။ မီးပြင်းဖို့မလိုပါ။ ၂ဖက်အားညီတူညီမျှလှန်ပေးပီး ကြော်ပေးပါ။
၅။ နီရဲပြီး ကြွပ်ရွလာမှ ဆီထဲမှဆယ်ယူပီးဆီစစ်ထားပီးပေးပါ။ ပြီးနောက် အရသာရှိတဲ့ ပုဇွန်တန်ပူရာကြော်လေးကို သုံးဆောင်နိုင်ပါပြီ။
[ Unicode ]

Ref; asianfood