အာလူးမာလာပြုလုပ်နည်း
trend.com.mm
|
2020-08-26

မာလာအနံ့မွှေးမွှေးလေးနဲ့ အရမ်းစားကောင်းတဲ့ အာလူးမာလာပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ အာလူးသီး အကြီး – ၁ လုံး
၂။ မာလာဟင်းအနှစ် – ထမင်းစားဇွန်း ၂ ဇွန်း (အစပ်မကြိုက်လျှင် လျော့ထည့်ပါ)
၃။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်
၄။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တဝက်
၅။ မြေပဲထောင်း – ထမင်းစားဇွန်း ၁ ဇွန်း
၆။ နှမ်းလှော် – လက်ဖက်ရည်ဇွန်း တဝက်
၇။ ကြက်သွန်မြိတ် – ၁ ပင်
၈။ နံနံပင် – ၃ ပင်
၉။ ပူစီနံ – ၅ ပင်
၁၀။ ကြော်ရန်ဆီ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ အာလူးကို အခွံနွှာ၊ ရေဆေးပြီး အချောင်းလိုက်ထူထူလှီးထားပါ။ ပူစီနံ အရွက်များကိုခြွေထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို ပါးပါးလှီးထားပါ။

၂။ လှီးထားသော အာလူးများကို ဆီပူပူထဲထည့်ကြော်ပါ။ အာလူးချောင်းများရဲ့အနားသားများ တင်းပြီးညိုလာလျှင် ဆီအိုးထဲမှဆယ်ရ်ျ ဆီစစ်ထားပါ။

၃။ အခြားအိုးတခုထဲတွင် မာလာဟင်းအနှစ်ကိုထည့်ရ်ျ အပူပေးပါ။ ပူလာလျှင် ကြော်ထားသော အာလူးသီးကိုထည့်၊ ပူစီနံ အရွက်များကိုထည့်၊ ကြက်သားမှုန့်နှင့် သကြား (သို့) အချိုမှုန့်တို့ကိုထည့်ရ်ျ သမအောင်ကြော်ပါ။ (အကြာကြီးကြော်စရာမလိုပါ။ သမသွားလျှင် ရပါပြီ။)

၄။ မီးဖိုပေါ်မှချခါနီးတွင် ပါးပါးလှီးထားသော နံနံပင်နှင့် ကြက်သွန်မြိတ်တို့ကိုထည့်ရ်ျ သမအောင်ပြုလုပ်ပါ။

၅။ မီးဖိုပေါ်မှချပြီးမှ မြေပဲ နှင့်နှမ်းလှော်တို့ကိုထည့်ရ်ျ သမအောင်လုပ်ပါ။

၆။ မွှေးစပ်စပ်လေးနှင့် အလွန်အရသာရှိတဲ့ အာလူးမာလာကိုသုံးဆောင်နိုင်ပါပြီနော်။

[ Unicode ]

Ref; asianfood

Some text some message..