သဲကုန်း ထမင်းသုပ်
mmtimes.com
|
2020-08-27



သဲကုန်း ထမင်းသုပ်

တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို မြန်မာနိုင်ငံရဲ့ မြို့ဒေသ အသီးသီးမှာ နေ့စဉ်ထမင်းဝိုင်းတွေ စားသောက်ဖွယ်ရာတွေကိုလေ့လာရင်း ဒီတစ်ပတ်တော့ မြေလတ်မြို့လေးတစ်မြို့ဖြစ်တဲ့ ပြည်ခရိုင်၊ သဲကုန်းမြို့က နေ့စဉ် အစားအစာ ထမင်းသုပ် (အသုပ်စုံ)ကို ဖော်ပြလိုက်ရပါတယ်။


ပါဝင်ပစ္စည်းများ

အာလူး၊သဘေငာ််သီး၊ တို့ဟူး၊ ခေါက်ဆွဲ၊ ပဲကြာဆံ၊ ထမင်း၊ ပဲမှုန့်၊ နံနံပင်၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်ဆီသတ်၊ အကြွပ်ကြော်၊ မန်ကျည်းရည်၊ ပဲတီချဉ်။

အာလူးကို စေးနေအောင် ပြုတ်ထားပြီး တို့ဟူးကိုလည်း မွှေးပြီးမာနေအောင် ကြိုထားပါမယ်။ ပဲကြာဆံကို တစ်ညကြိုရေစိမ်ထားပြီး နူးအိနေအောင် ရေနွေးဆူဆူနဲ့ ထပ်ပြုတ်ထားပါမယ်။ မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနဲ့စိမ်ထားမယ်။

သင်္ဘောသီးစိမ်းကိုတော့ အမျှင်နုနုတွေရအောင် ခြစ်ထားပြီး တို့ဟူးကိုလည်း အမျှင်ကြီးကြီးဖြစ်အောင်ခြစ်ထားရပါမယ်။ ကြက်သွန်ဖြူ ကြက်သွန်နီကို ကြွပ်ရွနေအောင် ကြော်ပြီး ဆီစစ်ထားကာ အဲဒီဆီကို တော့ ငရုတ်စိမ်းမှုန့်အနည်းငယ်ထည့်ကာ ဆီချက်အရောင်လှလှလေး ပြုလုပ်ပါမယ်။ ဆီသန့်ကို ဆူအောင်တည်ပြီး ငရုတ်အကျက်မှုန့် (အလှော်မှုန့်)ထဲကို လောင်းထည့်ကာ ငရုတ်ဆီသတ် မွှေးမွှေးလေး ဖန်တီးထားပါ။ သဲကုန်းဒေသထွက် မုန့်ကြွပ်နီကို ဆီများများနဲ့ ပွအောင်ကြော်ပြီး လေလုံအောင် ဘူးထဲထည့်ထား ပါမယ်။

အားလုံး ပြီးရင် တော့ ခေါက်ဆွဲ၊ ပဲကြာဆံ၊ တို့ဟူး၊ သင်္ဘောသီး စတဲ့ အမည်စုံကို ထမင်းနည်းနည်း ထည့်ပြီး ရောနယ်၊ နံနံပင်နှစ် သက်ရင် ထည့်နိုင်ပြီး ကြက်သွန်ဖြူ၊ ပဲတီချဉ်တို့နဲ့ တွဲစားနိုင်ပါပြီ။

သဲကုန်းဒေသမှာတော့ အင်ဖက်နဲ့ထုပ်တဲ့အသုပ်မို့ အင်ဖက်နံ့လေး သင်းနေပါတယ်။




Some text some message..