ကပ်ရောဂါဆိုးကြီးကို အနိုင်ယူတိုက်ခိုက်ဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်များ
lifestylemyanmar.com
|
2020-09-10



အခုချိန်မှာ မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒုတိယလှိုင်းကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပြီး ပြည်သူအများအပြားကူးစက်ခံနေရသလို ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့ ဆရာဝန်နဲ့သူနာပြုများ၊ ပရဟိတဝန်ထမ်းများလည်း ကူးစက်ခံနေရပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီလိုအချိန်မျိုးမှာ တစ်ဦးတစ်ယောက်ချင်းစီက ကိုယ်ခံအားကောင်းမွန်ဖို့ အရေးကြီးပြီး အဲ့ဒီအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို Lifestyle Myanmar ရဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။




၁။ ဗီတာမင်အေ

ဗီတာမင်အေဟာ အူလမ်းကြောင်းနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါကြီးဖြစ်ပွားနေချိန်မှာ အထူးလိုအပ်တဲ့ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။ ဗီတာမင်အေကြွယ်ဝတဲ့ အစားအစာတွေကတော့ မုန်လာဥနီ၊ အာလူး၊ ဟင်းနုနယ်ရွက်၊ ပန်းပွင့်စိမ်းနဲ့ အနီရောင်ငရုတ်ပွသီးတို့ပဲဖြစ်ပါတယ်။




၂။ ဗီတာမင်စီ

ဗီတာမင်စီကတော့ ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားကို ကောင်းကောင်းလှုံ့ဆော်ပေးနိုင်ပြီး စတော်ဘယ်ရီသီး၊ ကီဝီသီး၊ အနီရောင်ငရုတ်ပွသီး၊ ရှောက်သီးနဲ့သံပရာသီးမျိုးနွယ်အသီးတို့ပဲဖြစ်ပါတယ်။




၃။ ဗီတာမင်အီး

ဗီတာမင်အီးဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အာဟာရဓာတ်တွေ ညီညွှတ်မျှတအောင် စွမ်းဆောင်ပေးတဲ့ Antioxidant တစ်မျိုးဖြစ်ပြီး ဟင်းသီးဟင်းရွက်အဆီ၊ အခွံမာသီး၊ အစေ့ပါတဲ့အသီးတွေနဲ့ ထောပတ်သီးတို့ကတစ်ဆင့် ဗီတာမင်အီးကို အဓိကရရှိနိုင်ပါတယ်။




၄။ ဇင့်ဓာတ်

ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ဇင့်ဓာတ်ကိုမှီခိုနေရတဲ့ အစာခြေအင်ဇိုင်းများစွာရှိပါတယ်။ ကိုယ်ခံအားကောင်းမွန်ဖို့ လိုအပ်တဲ့အချိန်မှာ အစာခြေစနစ်ကလည်း ကောင်းကောင်းအလုပ်လုပ်ဖို့ လိုအပ်ပြီး ဇင့်ဓာတ်ကို လုံလုံလောက်လောက်ရရှိဖို့အတွက် ပဲ၊ အစေ့အဆံ၊ အခွံမာသီး၊ အသားနဲ့ပင်လယ်စာတို့ကို စားသုံးပေးသင့်ပါတယ်။




၅။ ပရိုတိန်းဓာတ်

ပရိုတိန်းဓာတ်မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာ ခန္ဓာကိုယ်ကို ရောဂါပိုးမွှားတွေရန်က ကာကွယ်ပေးနေတဲ့ T- Cell ရဲ့လုပ်ဆောင်ချက်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ပရိုတိန်းဓာတ်ရရှိနိုင်တဲ့ အစားအစာအများအပြားရှိပြီး ကြက်သားအပါအဝင် အခြားသောအသားများ၊ ပင်လယ်စာ၊ ဥ၊ ပဲ၊ အခွံမာသီးနဲ့ အစေ့တို့ကတစ်ဆင့် ပရိုတိန်းဓာတ်အများအပြားရရှိနိုင်ပါတယ်။




အခုဖော်ပြပေးခဲ့တဲ့ အာဟာရဓာတ်တွေကတော့ အခုလိုမျိုးကူးစက်ရောဂါဆိုးကြီး ပျံ့နှံ့နေတဲ့အချိန်မျိုးမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တယ်ဆိုပေမယ့် မလိုအပ်ဘဲ အလွန်အကျူးစားသုံးမယ်ဆိုရင်လည်း ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေဖြစ်စေနိုင်တာကြောင့် လိုအပ်တဲ့အာဟာရဓာတ်တွေကို သင့်တင့်မျှတအောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ တတ်နိုင်သလောက် အိမ်ထဲမှာပဲနေပြီး မဖြစ်မနေ အပြင်ကိုသွားရရင်တောင် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားကြပါ။ ပြီးရင်တော့ လက်ကိုမကြာခဏသေသေချာချာဆေးရင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အတူတကွ အနိုင်ယူကြရအောင်လို့ တိုက်တွန်းလိုက်ရပါတယ်နော်။

#HM

#LifestyleMyanmar

Source: health




Some text some message..