
နွားနို့ဟာ သဘာဝကပေးတဲ့ ဖြည့်စွက်စာတွေအများကြီးပါဝင်နေတဲ့ စားစရာပဲဖြစ်ပါတယ်။ အားအင်ပြည့်ဝစေတယ်၊ ကယ်လ်ဆီယမ်ဓာတ်ကြောင့် အရိုးအတွက် အားကောင်းစေတယ် စသဖြင့် ယေဘုံယျအားဖြင့် သိထားခဲ့ကြပေမယ့်လို့ နွားနို့ကို မအိပ်ခင်သောက်သုံးခြင်းကြောင့် ဘယ်လိုအကျိုးကကျေးဇူးတွေ ရနိုင်သလဲဆိုတာ ကြည့်လိုက်ကြရအောင်။
(၁) ကောင်းကောင်းအိပ်ပျော်စေတယ်
မအိပ်ခင် နွားနို့တစ်ခွက်ပုံမှန်သောက်သုံးခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အထောက်အကူပြုစေပါတယ်။ နွားနို့မှာပါတဲ့ tryptophan နဲ့ melatonin တို့ဟာ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်စေဖို့ကို ကူညီပေးတဲ့အပြင်ကိုမှ စိတ်ဖိဆီးမှုတွေကိုလည်း လျော့ချပေးပါတယ်။

Freepik- pressfoto
(၂) အဆာပြေ
ညဖက်ဗိုက်ဆာလို့ဖြစ်လာတဲ့ တဂွီဂွီမြည်သံတွေကို နွားနို့တစ်ခွက်သောက်ပေးခြင်းဖြင့် တားဆီးနိုင်ပါတယ်။
(၃) အဆီကျစေတယ်
နွားနို့ဟာ ပရိုတင်းဓာတ်ပြည့်ဝစွာပါဝင်တဲ့အတွက်ကြောင့် အားအင်ပြည့်စေပါတယ်။ ဒါကြောင့် အစားမစားဘဲ ဝိတ်ချမယ်ဆိုရင်တော့ အားအင်ပြည့်အောင် ညဖက်မှာ နွားနို့တစ်ခွက်သောက်ပေးပါ။ အဆီလည်းကျစေပါတယ်။

Freepik- asierromero
(၄) ကြွက်သားဖြည်တည်မှုကိုဦးစားပေးတယ်
အားလုံးသိတဲ့အတိုင်း နွားနို့ဟာ ပရိုတင်းဓာတ်ပြည့်ဝစွာပါဝင်တဲ့အတွက်ကြောင့် ညတွင်းချင်း ကြွက်သားဖြစ်တည်မှုကိုလည်း ဖြစ်စေပါတယ်တဲ့။ ဆိုလိုတာ လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားတည်ဆောက်နေသူတွေဟာ အခုလိုမျိုး မအိပ်ခင် နွားနို့ကိုသောက်သုံးပေးသင့်ပါတယ်။

Freepik-
(၅) အသားအရေတင်းရင်းဖို့
နွားနို့ဟာ ကော်လဂျင်ဓာတ်ကိုလည်း တစ်ဖက်တစ်လှမ်းက ဖြစ်ပေါ်မှုကိုအားပေးတာကြောင့် နွားနို့သောက်ခြင်းဟာ အသားအရေတင်းရင်းစေဖို့လည်း အထောက်အကူဖြစ်စေပါတယ်။
Bonus: နွားနို့သောက်ခြင်းဟာ အိပ်မက်ဆိုးတွေကိုလည်း မက်ခြင်းမှကာကွယ်ပေးတယ်ဆိုပြီး အယူရှိနေပါတယ်။ ဒါကြောင့် ကလေးတွေကို အိပ်ယာမဝင်ခင် နွားနို့တိုက်လေ့ရှိတာပါတဲ့။
penny