ယောကျာ်းလေးတွေရဲ့ အမြင်မှာ ဆွဲဆောင်မှုမြင့်မားတဲ့ မိန်းကလေးအဖြစ် မြင်စေဖို့ ….
auntymay.com
|
2020-10-08

မိန်းကလေးတစ်ယောက်ဟာ လှနေရုံနဲ့တော့ ဆွဲဆောင်မှုမြင့်မားတယ်လု့ိ မဆိုနိုင်ပါဘူး။ တစ်ချို့မိန်းကလေးတွေက ရုပ်မချောပေမယ့် ဆွဲဆောင်မှုမြင့်မားတဲ့ သူတွေထဲမှာ ပါနေတတ်ကြပါတယ်။ တကယ်တော့ ယောကျာ်းလေးတွေရဲ့ အမြင်မှာ ဒီလိုမိန်းကလေးတွေက အရမ်းကို ဆွဲဆောင်မှု မြင့်မားနေတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်မှု

shutterstock/ Zigres

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ကောင်လေးတွေရဲ့ အမြင်မှာ အရမ်းကို ဆွဲဆောင်မှုရှိနေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် နောက်ပြီး ရှိသင့်တဲ့ မာနတွေရှိတယ်။ ဒီလို မိန်းကလေးတွေဟာ အများအမြင်မှာလည်း တကယ့်ကို တန်ဖိုးထားချင်စရာ ကောင်းနေတတ်ပါတယ်။

အကောင်းမြင်စိတ်ရှိတယ်

shutterstock/ Bogdan Sonjachnyj

ယောကျာ်းလေးတွေက အကောင်းမြင်စိတ်များတတ်တဲ့ မိန်းကလေးတွေကို သဘောကျတတ်ကြပါတယ်။ အရာရာကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်ပြီး ဘယ်အရာမဆို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးရှိတဲ့ မိန်းကလေးတွေက သာမာန်မိန်းကလေးတွေထက် ထူးခြားနေတဲ့အတွက် ဆွဲဆောင်မှုပိုရှိတယ်လို့ မြင်တတ်ကြတာပါ။

စိတ်ခံစားမှု ဖော်ပြတတ်တယ်


မိန်းကလေးတွေက ဟန်ဆောင်ကောင်းတဲ့ သူတွေဆိုပေမယ့် ယောကျာ်းလေးတွေကတော့ စိတ်ခံစားမှုကို ဖော်ပြတတ်တဲ့ မိန်းကလေးတွေကို ပိုနှစ်သက်တတ်ကြပြီး ပိုဆွဲဆောင်မှုရှိတယ်လို့ မြင်တတ်ကြပါတယ်။ အထူးသဖြင့် ပွင့်လင်းတဲ့ မိန်းကလေးမျိုး၊ လူတွေရှေ့မှာလည်း ဟန်ဆောင်မျက်နှာဖုံးတွေ ချိတ်မထားတတ်ပဲ ပွင့်ပွင့်လင်းလင်း ဆက်ဆံပြောဆိုတတ်တဲ့ သူတွေကို ပိုဆွဲဆောင်မှု ရှိတဲ့သူအဖြစ် သတ်မှတ်တတ်ကြပါတယ်။

နားထောင်ကောင်းတဲ့ သူ

shutterstock/ GalacticDreamer

ယောကျာ်းလေးတွေက သူတို့ရဲ့ စကားတွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးတတ်တဲ့၊ သူတို့ရဲ့ အကြောင်းတွေကို ပြောပြလို့ရမယ့် သူမျိုးကို သဘောကျတတ်ကြတာပါ။ ဒီတော့ နားထောင်ကောင်းတတ်တဲ့ မိန်းကလေးတွေက သူတို့အတွက် တကယ့်ကို ဆွဲဆောင်မှုမြင့်မားသူတွေ ဖြစ်နေတတ်ပါတယ်။

ကြင်နာမှုတွေ


တစ်ဖက်သားအပေါ်ကို ကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ တကယ့်ကို အလှစစ်နဲ့ လှပကြသူတွေပါ။ ဒီလို ကြင်နာခြင်းကို သေချာနားလည်တဲ့ မိန်းကလေးမျိုးတွေက ယောကျာ်းလေးတွေရဲ့ အမြင်မှာ အရမ်းကို ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိနေတတ်ပါတယ်။

အကြည့်

shutterstock/ Look Studio

စိတ်တံခါးပေါက်ကို ဖွင့်ပေးတတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုပြင်းတဲ့ အကြည့်တွေအောက်မှာ တော်ရုံယောကျာ်းလေးတွေ ပြိုလဲကျလွယ်တတ်ကြပါတယ်။ ဒီလိုပဲ မျက်လုံးအကြည့်တွေ လှတဲ့၊ အဓိပ္ပါယ်ပြည့်စုံတဲ့ အကြည့်တွေက မိန်းကလေးတစ်ယောက်ကို ပိုညို့အားပြင်းစေပါတယ်။

Khin





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..