ဒီလိုအကြောင်းအရာတွေကို သူနဲ့တိုင်ပင်နေရပြီဆိုရင် ထာဝရလက်တွဲဖော်တွေ ဖြစ်နေပါပြီ
auntymay.com
|
2020-10-25

ဒီလူတစ်ယောက်ဟာ ကိုယ့်အနာဂတ်အတွက် အရေးပါတဲ့လူလား၊ ဆွဲသွားသင့်သလားဆိုတာကို သူနဲ့ကိုယ်ရဲ့ ပြောစကားတွေကနေတစ်ဆင့် စမ်းစစ်လို့ရတယ်ဆိုတာ သင်သိပါသလား။ အကယ်၍ သင်ဟာ ဒီစကားတွေကို သူနဲ့ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ပြောလို့ရနေပြီဆိုရင်တော့ ဒီလူကို လက်လွှတ်မဆုံးရှုံးလိုက်ပါနဲ့တော့။


(၁) သင့်ရဲ့ သိမ်ငယ်ရတဲ့အကြောင်းအရာတွေ

လူတိုင်းမှာ ကိုယ့်ကိုယ်ကို လုံးဝယုံကြည်မှုမရှိဘဲနဲ့ သိမ်ငယ်ရတဲ့အကြောင်းတွေ အများကြီးရှိမှာပါပဲ။ ကိုယ့်ရဲ့ ရုပ်ဆင်းအင်္ဂါနဲ့ ပတ်သက်လို့၊ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ အကျင့်စရိုက်စတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုတွေနဲ့ ပတ်သက်ပြီတော့ အလိုမကျဘဲ သိမ်ငယ်တာမျိုးတွေကို အဲဒီလူရှေ့မှာ အရှိကိုအရှိအတိုင်း ထုတ်ပြနိုင်ပြီး စကားပြောနိုင်တယ်ဆိုရင် သူဟာ တော်ရုံသင့်ကို တန်ဖိုးထားတဲ့လူတော့မဟုတ်တော့ပါဘူး။


Freepik- senivpetro


(၂) သင့်ရဲ့ ခံစားချက်တွေ

အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။ ငါသူ့အပေါ်ထားတဲ့ ခံစားချက်တွေကို အရှိအရှိအတိုင်း ပြောပြပြီး ထုတ်ချစ်ပြလိုက်ရင် တန်ဖိုးမဲ့သွားပြီးတော့ ငါ့ကိုများအနိုင်ကျင့်တော့မှာလားဆိုတာကို စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ သူဟာ သင်ထုတ်ချစ်ပြလိုက်လို့ သင့်ကို သူ့လက်ခုတ်ထဲကနေလို မဆက်ဆံတဲ့အပြင်ကိုမှ သင့်ကို ပိုလို့တောင် ချစ်လာပြီးတော့ နှစ်ဦးသားကြားထဲမှာလည်း သံယောဇဉ်တွေ ပိုတိုးလာမယ်ဆိုရင် သင့်အပေါ်ထားတဲ့ သူ့ခံစားချက်ဟာ သာမန်တော့မဟုတ်တော့ပါဘူး။


(၃) သင့်ရဲ့ Dark Side

လူတိုင်းကိုပြထားတဲ့ အလင်းဖက်အခြမ်းနဲ့ ဘယ်သူ့ကိုမှမပြတဲ့ အမှောင်ဖက်အခြမ်းဆိုတာ ရှိတတ်ကြပါတယ်။ ဘယ်သူ့ကိုမှမပြောဘဲနဲ့ တစ်ယောက်တည်း ကြိတ်ခံစားနေရတဲ့ dark side တွေကို သူ့ကို ထုတ်ပြောပြလိုက်တာနဲ့ သူ့ဖက်က စိတ်ပျက်ခြင်းမရှိဘဲ လက်ကမ်းပြီး အားပေးနှစ်သိမ့်မှု လုပ်မယ်ဆိုရင် သူဟာ သင့်အတွက် လူမှန်ပါပဲ။


Freepik- bedya


(၄) သင့်ရဲ့ ငွေရေးကြေးရေး

ငွေရေးကြေးရေးကိစ္စဆိုတာ တစ်ခါတစ်လေကျရင် မိသားစုချင်းတောင် ပေးသိချင်တတ်ကြတာမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ယောက်ရဲ့အခက်အခဲတစ်ယောက် ရင်ဖွင့်ပြောဆို တိုင်ပင်လို့ရမယ်ဆိုရင် သင့်ဘဝရဲ့အရင်းနှီးဆုံးလူသားဆိုတာ သူဖြစ်နေပါပြီ။


(၅) သင့်ရဲ့ ရူးသွပ်မှုတွေ

သင့်ရဲ့ အိပ်မက်တွေ၊ သင့်ရဲ့ ထူးထူးဆန်းဆန်း စိတ်ကူးတွေ၊ စိတ်ဆန္ဒတွေကို သူ့ကို မရှက်တမ်းပြောပြနိုင်ခဲ့မယ်ဆိုရင် သေချာပါပြီ သူဟာ သင့်အနာဂတ်တစ်လျှောက်လုံး လုံးဝလက်မလွင့်သင့်တဲ့ လူစားမျိုးပါပဲ။


Freepik- prostooleh


penny




Some text some message..