ဘေစင်ပိတ်၊ရေပိုက်ပိတ် နေရင် ဖြေရှင်းနိုင်တဲ့ အလွယ်ဆုံး နည်း(၄)မျိုး
auntymay.com
|
2020-10-31

ဖိုချောင်က ဘေစင် မှာ ရေမဆင်းတော့ ပဲ ရေပိုက် ပိတ်သွားတာ မျိုး၊ရေချိုးခန်းမှာ ရေ မဆင်း တော့ပဲ ပိတ် ဆို့ေ န တဲ့ ပြဿနာ မျိုးတွေနဲ့ ကြုံ ဖူးကြမှာပါ။မီးဖိုချောင်မှာဆိုရင် တော့ ဒါတွေ က စားကြွင်းစားကျန်နဲ့ ဆေးကြောရင်း ကျန်တဲ့ အရာ တွေ က ရေဆင်း ပိုက် ကို သွား ပိတ်ဆို့ နေတာပါ။ရေချိုးခန်းမှာဆိုရင် တော့ ဆံပင်တွေ၊သွားတိုက်ဆေး၊ဆပ်ပြာ၊ရေချိုးခန်းထဲက ကြေး အမှုန် အမွှားတွေ ကြောင့် ဒီလို ဖြစ်ရတာပါ။အခုဖော်ပြပေးမယ့် နည်းတွေ က တော့ အလွယ်နည်းတွေ ဖြစ်ပြီး ရေဆင်း ပိုက်က အရမ်း ပိတ် ဆို့ နေတာ မျိုး မဟုတ်ရင် တော့ သုံးလို့ အဆင် ပြေတဲ့ အလွယ်နည်းတွေပါ။

Baking Soda နဲ့ ရှာလကာရည်


Image:freepik.com/ivankyryk

ရှာလကာရည် မရှိရင် လည်း Baking Soda တစ်ခုတည်းကိုပဲ သုံးလို့ရပါတယ်။နှစ်ခု လုံးဆိုရင် တော့ ပို ကောင်း ပါတယ်။Baking Sod လက်ဖက်ရည်ဇွန်း သုံးဇွန်း၊ရှာလကာရည် သုံးဇွန်းကို ရော လိုက်ပါ။သူတို့ နှစ်ခုကို သမ အောင် မွှေ ပြီးရင်တော့ ပိတ် နေတဲ့ ရေဆင်းပိုက် ထဲကို လောင်းချ ပေးလိုက်ပါ။နောက်တစ်နာရီ လောက် နေရင် တော့ ရေ နွေးပူ ကို ဖြည်းဖြည်းစီ လောင်းထည့်ပေးပါ။

Baking Soda နဲ့ဆား


Image:https://www.freepik.com/freepik

ရှာလကာရည် မရှိရင်တော့ ဆားကို သုံးလို့ရပါတယ်။ဆား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ Baking Soda နှစ် ဇွန်းကို ရောပါ။ပြီးရင်တော့ ပိတ်နေတဲ့ ရေဆင်း ပိုက်ထဲ ထည့်လိုက်ပါ။နောက် (၁၅)မိနစ်လောက် နေရင်တော့ ရေနွေးပူကို ဖြည်းဖြည်းချင်း လောင်း ချ ပေးလိုက်ပါ။ဒီသုံးမျိုးက တော့ ရေဆင်းပိုက်မှာ ပိတ်ဆို့ေ နတဲ့ အရာ တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

ရေ နွေးပူ


Image:.freepik.com/phanuwatnandee

ရေနွေးပူက တော့ ကြေးတွေ ပိတ်နေတာမျိုးဆိုရင် အရမ်းထိရောက်ပါတယ်။Baking Soda လည်း အိမ်မှာ အလွယ် တကူ မရှိဘူးဆိုရင်တော့ ရေနွေးပူနဲ့ အရင် စမ်းကြည့်ပါ။ရေနွေးပူကို တော့ တခါတည်း အများကြီး လောင်းချ တာ မျိုး တော့ မလုပ်ပါနဲ့။ဖြည်းဖြည်း ချင်းစီ လောင်းချ ပေးပါ။ရေနွေးကရား အိုးလေးနဲ့ ပိတ်နေတဲ့ အပေါက် ကို ထောင့်ပေါင်းစုံ က နေ လောင်းချ ပေးပါ။

အဝတ်ချိတ်


Image:freepik.com/iamnoonmai

နောက်ထပ် အလွယ်ဆုံး နည်းက တော့ အဝတ်ချိတ် ကို သုံးပါ။အဝတ်သံချိတ်ကို အရင် ဆုံး တဖြောင့်တည်း ဖြစ်အောင် လုပ်ပါ။ပြီးရင်တော့ ပိတ်နေတဲ့ အမှိုက်စ တွေ ကို ကော် ထုတ်လို့ လွယ်အောင် ရေပိုက်ထဲ ထိုးမယ့် ချိတ် ရဲ့ အောက်ပိုင်းကိုတော့ ကွေးကွေး လေး ဖြစ်အောင် လုပ်ပါ။ဒါမှသာ ထိုးလိုက်ရင် အမှိုက်တွေ က အဲ့ဒီချိတ်ကောက်ထဲမှာ ပါလာမှာပါ။ အခုနောက်ပိုင်းမှာတော့ ရေပိုက် ပိတ်ရင် ပိတ် နေတဲ့ အပေါက်ထဲကို ထိုးချ လို့ရတဲ့ စပရိန်လို ရေပိုက်ပိတ်နေတာကို ပွင့်အောင် လုပ်ပေးတဲ့ ပစ္စည်းတွေ ပေါ် နေ ပြီမို့ အဲ့လို ပစ္စည်းကို ဝယ်ဖို့ လွယ်ကူရင် သွားဝယ်ပြီး သုံးရင်တော့ ပိုကောင်းပါတယ်။

#AUNTYMAY




Some text some message..