ရန်ကုန်မြို့ရဲ့ထိပ်တန်း ဂျပန်စားသောက်ဆိုင် ၁ဝ ဆိုင်
mmtimes.com
|
2018-10-31
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ရန်ကုန်မြို့ရဲ့ လမ်းမတွေအထက်မှာ သိသိသာသာ နေရာယူလာတာကတော့ ဆူရှီတွေ စိတ်ကြိုက်စားလို့ရတဲ့ ဂျပန်စားသောက်ဆိုင်တွေပါပဲ။ ဒီတစ်ပတ်မှာတော့ စာဖတ်သူတွေအတွက် ရန်ကုန်မြို့ရဲ့ ထိပ်တန်း ဂျပန်စားသောက်ဆိုင် ၁ဝ ဆိုင်ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

KINSAKURA

KINSAKURA မှာ ဆူရှီကိုအမျိုးအမည်စုံစုံ၊ ဈေးနှုန်းသက်သက်သာသာနဲ့ ရနိုင်သလို ခေါက်ဆွဲအေး၊ ဆာရှိမိ (အသားလွှာအမျိုးမျိုး) စတဲ့ တခြားဂျပန်အစားအစာတွေလည်း ရှိပါတယ်။ ဆူရှီကိုအမျိုးအစားတစ်ခုချင်းစီလိုက် မှာစားနိုင်သလို တွဲဖက်ပြီးသား ဟင်းပွဲတစ်ပွဲစီအလိုက်လည်း ရရှိနိုင်ပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၉ နာရီအထိပါပဲ။

လိပ်စာ −အမှတ် ၂၅၇၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်။ ဖုန်း–ဝ၁၂၄၅၆၃၁၊ ဝ၉၇၇၉ဝဝ၅ဝ၄၄။

အရသာရှိပြီး ဈေးနှုန်းကလည်း လူတန်းစားမရွေး စားသုံးတဲ့ ဈေးနှုန်းမျိုးဖြစ်လို့ ဆူရှီစားချင်တိုင်း သတိရမိတာကတော့အိုအိရှီဆူရှီဆိုင်ပါပဲ။အိုအိရှီဆူရှီမှာ ငါးဥဆူရှီ၊ ကဏန်းဆူရှီ၊ ကြက်ဥလိပ်ဆူရှီစတဲ့ ဆူရှိအမျိုးပေါင်းများစွာ သုံးဆောင်နိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁ဝ နာရီကနေ ည ၁ဝ နာရီ ဝန်းကျင်ပါ။

လိပ်စာ − ဆိုင်ခွဲ(၁) −အမှတ် ၇၇ ဘီ၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း − ဝ၁ ၅၁ဝ၂ဝ၅။ ဆိုင်ခွဲ(၂) −အမှတ် ၉၈၊ လသာလမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း − ဝ၁ ၇ဝ၈၆၈၅

ချက်ထရီယမ်ဟိုတယ်က Kohaku ဂျပန်စားသောက်ဆိုင်မှာ သောကြာနဲ့ စနေ နှစ်ရက်တည်း သုံးဆောင်နိုင်တဲ့ Kohaku Deluxe Buffet Dinner (တစ်ဦးလျှင် ၄၆ ဒေါ်လာ) နဲ့ ငါးဒေါ်လာ ကနေစတင်ပြီး ၈၅ ဒေါ်လာအထိ စိတ်ကြိုက် မှာယူသုံးဆောင်နိုင်မယ့် A La Carte မီနူးအပါအဝင် တနင်္ဂနွေနေ့ကနေ ကြာသပတေးနေ့အထိ ရရှိနိုင်တဲ့ A La Carte Dinner Buffet (တစ်ဦး ၄၃ ဒေါ်လာ) တွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ နောက်ပြီး နေ့လယ်စာအတွက် ၁ဝ ဒေါ်လာတန် Business Set Lunch ကလည်း စားသုံးသူအကြိုက်ပါပဲ။

လိပ်စာ −အမှတ် ၄ဝ၊ နတ်မောက်လမ်း၊ ချက်ထရီယမ် ဟိုတယ်၊ ရန်ကုန်။

ဖူဂျီ ဂျပန်စားသောက်ဆိုင်ကတော့ ဈေးနည်းနည်းကြီးပေမဲ့ ဂျပန်စာ စုံစုံလင်လင်ရပြီးအေးအေးဆေးဆေးထိုင်လို့ကောင်းတာမို့ ဂျပန်စာကြိုက်ပြီး မိသားစုနဲ့အေးအေးထိုင်စားချင်သူတွေ သွားသင့်တဲ့ နေရာလေးတစ်ခုပါ။ ဂျပန်မိတ်ဆွေကို ဧည့်ခံချင်ရင် ဖြစ်ဖြစ် စားရင်းသောက်ရင်းအလုပ်ကိစ္စဆွေးနွေးချင်ရင်ဖြစ်ဖြစ် သင့်တော်တဲ့ ဆိုင်တစ်ဆိုင်ပါ။ မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ − Junction City၊ ၃ လွှာ၊ ရန်ကုန်မြို့။ ဝ၉ ၄၅၄၄ဝ၃၈ဝဝ

ဂျပန်ခေါက်ဆွဲသုပ်အစပ်၊ ဂျပန်ဂျုံခေါက်ဆွဲပြုတ် (Soba) မျိုးစုံအပြင် ငါးအသားလွှာ လတ်လတ်ဆတ်ဆတ်နဲ့ ပြင်ဆင်ထားတဲ့ ဆူရှီတွေအပြင် ဂျပန်အစားအစာအစုံအလင်ရနိုင်တဲ့ Yhet's Sushi & Soba ကိုလည်း ညွှန်းပါရစေ။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့အမျိုးအမည်စုံလင်တဲ့ ဂျပန်ဂျုံခေါက်ဆွဲပြုတ်တွေကို သုံးဆောင်နိုင်တာပါပဲ။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၁ဝ နာရီခွဲအထိပဲ ဖြစ်ပါတယ်။

လိပ်စာ −အမှတ် ၅၂၊ မြေညီထပ်၊ ၃၇ လမ်း (အောက်ဘလောက်)၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား။ ဖုန်း ဝ၁ ၃၇၇၂၁၂

အီပူဒိုရာမန် ခေါက်ဆွဲဆိုင်ကတော့ ၁၉၈၅ လောက်ကတည်းက ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဂျပန်မှာတော့ ဆိုင်ခွဲပေါင်း ၈ဝ ကျော်ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဂျန်းရှင်းစီးတီး ငါးလွှာမှာ ဖွင့်လှစ်ထားပါတယ်။အရသာရှိပြီး လတ်ဆတ်တဲ့ရာမန်ရိုးရာ ခေါက်ဆွဲစစ်စစ်အရသာ ကြိုက်သူတွေကြား လူပြောများတဲ့ဆိုင်တစ်ဆိုင်ဆိုလည်း မမှားပါဘူး။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီ ကနေ ည ၉ နာရီအထိဖြစ်ပြီး သောကြာနဲ့ စနေနေ့တွေမှာတော့ မနက် ၉ နာရီကနေ ည ၁ဝ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ − Junction City ၅ လွှာ၊ ရန်ကုန်မြို့။ ဝ၉ ၉၆၅ ၆၂၈၈၃

Little Yankees လို့ခေါ်တဲ့ ဂျပန် စားသောက်ဆိုင်ကတော့ ဆူရှီကို တစ်ပွဲချင်းစီ မစားဘဲ ဘူဖေးနဲ့မှ စားချင်ပါတယ်ဆိုတဲ့ ဆူရှီသရဲတွေအတွက် တစ်ယောက်ကို ကျပ် ၈,၈ဝဝ နဲ့ ဝန်ဆောင်မှုပေးနေပါတယ်။ ဘူဖေးမစားဘဲ ကိုယ်ကြိုက်တဲ့အမယ်တွေကိုလည်း စားချင်တယ်ဆိုရင်လည်း မီနူးသတ်သတ်၊ ဈေးနှုန်းအသင့်အတင့် မှာယူသုံးဆောင်နိုင်ပါတယ်။ ဆူရှီဘူဖေးအပြင် ဆာရှိမိ၊ တန်ပူရာ၊ Yakitoriအကင်နဲ့ Bento set တွေကိုလည်း သတ်မှတ်ဈေးနှုန်းတွေနဲ့ ရပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၁ဝ နာရီခွဲအထိပဲ ဖြစ်ပါတယ်။

လိပ်စာ −အမှတ် ၁၆၈၊ ဒုတိယထပ်၊ ရေတာရှည်လမ်းဟောင်းနဲ့ ရွှေဂုံတိုင်လမ်းထောင့်၊ ဗဟန်းမြို့နယ်။ ဖုန်း ဝ၉ ၂၆၁ဝ၉၈ဝဝ၆၊ ဝ၉ ဝ၆၅၆၈ဝ၈၈၈။

ဂျန်ဂျန်ဂျန် ရာမန်ဂျပန်ခေါက်ဆွဲဆိုင်မှာ ကျူးရှူးဝက်ရိုး ရာမန်ခေါက်ဆွဲ၊ တိုကျိုပဲငံပြာရည် ရာမန်ခေါက်ဆွဲနဲ့ ဆပိုလိုမီဆို ရာမန်ခေါက်ဆွဲတွေက တော်တော်လေး နာမည်ကြီးသလိုအရသာကလည်း စားလို့ကောင်းပါတယ်။ ရာမန်ခေါက်ဆွဲကောင်းကောင်းကြိုက်သူတွေအကြိုက်တွေ့စေမယ့် ရာမန်ခေါက်ဆွဲဆိုင်တစ်ဆိုင်ပါပဲ။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၉ နာရီအထိပါ။

လိပ်စာ −အမှတ် ၃၁၄၊ မြန်မာပလာဇာ၊ ၃ လွှာ၊ ရန်ကုန်မြို့။ ဝ၉၄၄ဝ၄၄ဝ၄၅

တစ်ခါတလေ ကိုယ့်စိတ်ကြိုက်ဆိုင်မဟုတ်ဘဲ ကြုံတဲ့နေရာမှာ ကိုယ်စားချင်တဲ့အစားအစာကို စားလိုက်ရတဲ့အဖြစ်အပျက်မျိုးအစားအသောက်ကို ခုံမင်သူတိုင်း ကြုံဖူးကြမှာပါ။ Sushi House က ရွှေဂုံတိုင် Delta Plaza၊ တော်ဝင်စင်တာမြေညီထပ်နဲ့အောင်ဆန်းအားကစားကွင်းဆိုပြီး သုံးနေရာမှာတောင် ဖွင့်ထားတာမို့အဆင်ပြေပါတယ်။

လိပ်စာ −အမှတ် ၂၄၇။၂၆၉ Bအခန်း ဝဝ၁၊ Building C၊ Delta Plaza ရွှေဂုံတိုင်အလယ်လမ်း၊ ဗဟန်း။

ဆိုင်အတွင်းက ကျယ်ဝန်းတာကြောင့်အေးအေးဆေးဆေး ဆူရှိအရသာကို ခံစားနိုင်မယ့် ဆိုင်တစ်ဆိုင်ပါ။ ဈေးသက်သာတဲ့ ဆူရှီလည်း နည်းနည်းရှိသလို စားလို့ ကောင်းလတ်ဆတ်ပြီး လူကြိုက်များတဲ့ ဆူရှီအမျိုးအစားတွေကတော့ ဈေးနည်းနည်းကြီးပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁ဝ နာရီကနေ ည ၁ဝ နာရီပါ။

လိပ်စာ −အမှတ် ၁၂၆၊ ဓမ္မစေတီလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၄၄၁၁၅၆၆၂




















Some text some message..