အခြေအနေဆိုးနေတဲ့ RS ကို ကြိုးစားပြီးရှေ့ဆက်နေတဲ့သူတွေရဲ့ အကြောင်းပြချက် (၇) ချက်
lifestylemyanmar.com
|
2020-11-25


ဘယ်လောက်ပဲ အခြေအနေဆိုးနေပါစေ၊ သင်ချစ်ရတဲ့ချစ်သူကို စွန့်ခွာဖို့ သတ္တိမရှိတဲ့အခါ သင့်ရဲ့ RS ကို ရပ်တန့်ပစ်ဖို့ ကြောက်ရွံ့နေတတ်ပါတယ်။ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာမျိုးပေါ့။

နာကျင်စရာတွေ၊ မျက်ရည်တွေနဲ့ပြည့်နှက်နေတဲ့ RS တစ်ခုက ရှေ့ဆက်ဖို့ အရမ်းကိုခက်ခဲတာပေါ့။ ပြောလိုက်သမျှစကားတိုင်းက ပြဿနာတွေဆီ ဦးတည်သွားပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှရှေ့ဆက်လို့မဖြစ်နိုင်တော့တာမျိုးတွေရှိပါတယ်။ ဒါပေမယ့် အချို့ကျတော့လည်း ဒီလိုမျိုးမဖြစ်နိုင်ပါဘူးဆိုတာကိုမှ မရရအောင် ရှေ့ဆက်တိုးနေကြတုန်းပါ။ သူတို့တွေ ဒီလိုရှေ့ဆက်နေတာကလည်း အကြောင်းရှိပါတယ်။ ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။




၁။ နှောင်ကြိုးလေးတစ်မျှင်။

ဒီနေ့မှာ သူနဲ့ငါနဲ့အကြား ဆက်ဆံရေးပိုကောင်းလာမလား၊ မနေ့ကဖြစ်ခဲ့တဲ့ပြဿနာတွေအတွက် ဒီနေ့မှာ နားလည်မှုတွေပြန်ရသွားမလားအစရှိသဖြင့် မျှော်လင့်ချက်နှောင်ကြိုးလေးတစ်မျှင်ကို ကိုင်ဆွဲရင်း ရှေ့ဆက်နေတဲ့သူတွေရှိပါတယ်။ နာကျင်ရမှန်းသိသိလျက်နဲ့ ဒီကြိုးလေးတစ်မျှင်ကို မျက်ရည်တွေနဲ့ဆွဲထားတာမျိုးပေါ့။




၂။ ကြောက်စိတ်။

သင့်ရဲ့ RS က ပြဿနာတွေအရမ်းများနေပြီ၊ ရှေ့ဆက်ဖို့ကလည်း အရမ်းကိုခက်ခဲနေတာ သင်ကိုယ်တိုင်နားလည်ပြီးသားပါ။ ဒါပေမယ့် ဒီ RS ကို လက်လွှတ်လိုက်ရင် သင့်အတွက် ဘယ်လိုမျိုးအခက်အခဲတွေဖြစ်လာမလဲ? သင့်ဘေးနားက သင်တွဲနေကျလက်တစ်စုံ ပျောက်ဆုံးသွားမယ်၊ သင်က ကမ္ဘာပေါ်မှာ အထီးကျန်ဆုံးလူသားတစ်ယောက်လိုဖြစ်သွားမယ်။ အရာရာတိုင်းက သင့်အတွက် ဟာတာတာဖြစ်သွားမယ်။ သင့်ရဲ့မသိစိတ်ထဲမှာ ဒါတွေကိုကြောက်လန့်နေတာ သေချာပါတယ်။




၃။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမထားခြင်း။

သင့်အတွက် နာကျင်စရာတွေချည်းပဲ ပေးနေတဲ့ ဒီ RS ကို ရပ်တန့်လိုက်ဖို့၊ ပြတ်စဲလိုက်ဖို့ သင့်ဆီမှာ သတ္တိမရှိဘူးလား ??? ဒါဆိုသင်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတတ်သူတစ်ယောက်ဖြစ်မှာ သေချာပါတယ်။ တစ်နည်းပြောရရင် သင်က သင့်ကိုယ်သင်ထက် သင့်ရဲ့လက်တွဲဖော်ကို ပိုပြီးတန်ဖိုးထားနေတာမျိုးပေါ့။

၄။ အတ်တ။

သင်က သင့်ရဲ့ RS ကို ပြတ်စဲချင်စိတ်ရှိနေသည့်တိုင် တစ်ခါတလေ သင့်ရဲ့အတ္တက သင့်ကို တားဆီးထားတာမျိုးရှိပါတယ်။ သင်က ဒီ RS အတွက် သင့်ရဲ့အချိန်တွေ၊ ခွန်အားတွေ နောက်ပြီး သင့်ရဲ့အချစ်တွေကို ရင်းနှီးမြှုပ်နှံထားရပြီးသားပါ။ ဒါတွေကို သင်က အလဟဿအဖြစ်မခံချင်ဘူးဆိုတဲ့ အတ္တကြောင့်လည်း အခြေအနေမကောင်းတော့တဲ့ သင့်ရဲ့ RS ကို ရှေ့ဆက်တိုးနေတာပါ။




၅။ သတ္တိမရှိခြင်း။

ဘယ်လောက်ပဲ အခြေအနေဆိုးနေပါစေ၊ သင်ချစ်ရတဲ့ချစ်သူကို စွန့်ခွာဖို့ သတ္တိမရှိတဲ့အခါ သင့်ရဲ့ RS ကို ရပ်တန့်ပစ်ဖို့ ကြောက်ရွံ့နေတတ်ပါတယ်။ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာမျိုးပေါ့။ နာကျင်ရမှန်းလည်း သိတယ်၊ ဒါပေမယ့် သင်ဒါကို စွန့်ပစ်ဖို့ သတ္တိမရှိဘူး၊ ဆက်ပြီးတော့ပဲ နာကျင်ခံစားမယ်ဆိုတဲ့ သဘောပေါ့။

၆။ စိတ်ကျရောဂါခံစားနေရခြင်း။

လူတစ်ယောက်က စိတ်ကျရောဂါဝေဒနာကို ခံစားနေရမယ်ဆိုရင် ဆုံးဖြတ်ချက်တစ်ခု ချနိုင်ဖို့ ခက်ခဲပါတယ်။ သင်ကလည်း အချစ်ရေးမှာ အဆင်မပြေတာတွေများလာတဲ့နောက် သေချာပေါက် စိတ်ဓာတ်တွေကျ၊ Depression ဝင်လာပြီး အဲ့ဒီအခါကျ သင်လည်းဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ သင့်ရဲ့ RS က ဆက်မျောနေဦးမှာပါ။




နာကျင်ရမှန်းသိပါလျက်၊ မဖြစ်နိုင်တာသိပါလျက်နဲ့ RS တစ်ခုကို ရှေ့ဆက်တိုးခဲ့တာကို လူတိုင်းလုပ်ခဲ့ဖူးပါတယ်။ ဘေးလူကကြည့်ရင်တော့ “ဒီတစ်ယောက် ဘာလို့ ဒီလောက်မိုက်ရလဲ” ဆိုပြီး တွေးမှာပေါ့။ ဒါပေမယ့် ကာယကံရှင်တွေဆီမှာ ဘယ်သူ့ကိုမှမပြောနိုင်တဲ့၊ သူတို့ရဲ့ မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အခုလိုအကြောင်းပြချက်တွေရှိနေတာကြောင့် သိထားရအောင်လို့ မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။

#HM

#LifestyleMyanmar

Source: yourtango, magforwomen




Some text some message..