သင့်ရဲ့ ကံဇာတာတွေတိုးတက်လာစေဖို့ ကြိုးစားစမ်းသပ်ကြည့်ရမယ့် အရာ (၅) ခု
lifestylemyanmar.com
|
2021-01-22



လူတစ်ချို့က အချိန်နဲ့အမျှ ကံကောင်းနေကြပြီး တစ်ချို့အတွက်ကတော့ ဘဝတစ်လျှောက်လုံးကံဆိုးလာတယ်လို့တောင် ထင်ရပါတယ်။ ကိုယ့်ကံကို အင်မတန်ဆိုးရွားလွန်းတယ်လို့ ခံစားမိတယ်ဆိုရင် ကိုယ့်ရဲ့ ကံကို ရှေ့နောက်ချိန်းလို့ရမယ့် နည်းလမ်းလေးတွေရှိပါလိမ့်မယ်။ အဆောင်တို့/ ယတြာတို့လုပ်တယ်ဆိုတာက ကံဆိုးခြင်းနောက်ပို့ခြင်းတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ပြုခဲ့တဲ့ ကံတရားကတော့ အချိန်တန်ဝဋ်လည်တတ်တာ သဘာဝမို့ မျက်လှည့်လို ပျောက်စေလို့တော့ လုပ်လို့မရပါဘူး။ အခုမျှဝေပေးမယ့်နည်းလမ်းလေးတွေကို ကံကောင်းမယ်လို့ တစ်ထစ်ချယုံကြည်ထားပြီး စမ်းကြည့်ပါ။

၁။ အပြုသဘောတွေးခေါ်ခြင်း




ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်အကြိမ်များစွာ ဘယ်လိုလူတစ်ယောက်ဖြစ်တယ်ဆိုတာမျိုး ပြောခဲ့ဖူးမှာပါ။ မပြောခဲ့ဖူးရင်တောင် တွေးမိဖူးမှာပေါ့။ အထူးသဖြင့် ”ငါ ပိုက်ဆံတွေအများကြီးရလာပြီ”ဆိုတဲ့ စကားထက် ”ငါတော့ မွဲနေပြီ၊ မွဲပြန်ပြီ၊ ပိုက်ဆံက မရှိတော့ဘူး” စတဲ့ စကားလုံးတွေကိုပဲ သုံးကြပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အလုပ်တစ်ခုခုပြီးတဲ့အခါ ရလဒ်တစ်ခုကို အပြုသဘေြာဖင့် တွေးပေးမယ်ဆိုရင် ပထမဆုံးစိတ်ချမ်းသာမှုကို ရတယ်မလား။ ဆိုတော့ ကိုယ့်ကိုယ်ကိုယ်ပြောတဲ့စကားလုံးမှာ အပြုသဘောဆောင်နေပါစေ။

၂။ ကြိုတင်ပြင်ဆင်ခြင်း




ကြိုတင်ပြင်ဆင်ခြင်းက ရလဒ်တွေကို အမှားအနည်းဆုံးဖြစ်စေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သင့်အတွက် ကြိုတင်ပြင်ဆင်ခြင်းက အကျိုးရှိရှိအခွင့်အလမ်းတွေကို အရယူပြီး အသုံးချနိုင်ဖို့ နှင့် ၎င်းက အပျက်သဘောအတွေးတွေနဲ့ လုပ်ရပ်တွေကို ကောင်းကောင်းတွေ့လာရပြီး ကြိုတင်ဖယ်ရှားနိုင်ပါတယ်။ ဆိုလိုတာက ပန်းတိုင်ချမှတ်တတ်ဖို့နှင့် ရေတို/ရေရှည်ရည်မှန်းချက်လေးတွေ ထားတတ်ဖို့ပါ။ ကံကောင်းချင်တယ်ဆိုရင် ကိုယ်ကိုယ်ကိုယ်ဘယ်သူဖြစ်တယ်ဆိုတာ တင်ပြတတ်ဖို့ နှင့် အခွင့်အလမ်းတွေအတွက် အမြဲပြင်ဆင်ထားပါ။ ကံဆိုးမှုတွေကို တဖြည်းဖြည်းပျောက်လာပါလိမ့်မယ်။

၃။ စိတ်ကူးယဉ်ဖြန့်ကျက်ပါ၊ မြင်ယောင်စိတ်ကူးကြည့်ပါ




သင့်စိတ်ကို အပြုသဘောဖြင့် စဉ်းစားဖို့ အလုံအလောက်ထိန်းချုပ်နိုင်ပြီဆိုရင် သင်လုပ်ရမယ့် အပြုသဘောရလဒ်ကို မြင်ယောင်ကြည့်ပြီး ခြေလှမ်းတစ်လှမ်း စလှမ်းပါ။ ဆိုလိုတာက သင့်ရဲ့ အောင်မြင်မှုကို သင့်စိတ်ထဲမှာမြင်ယောင်စေခြင်းဖြစ်ပါတယ်။ ကံကောင်းလာပါလိမ့်မယ်။

၄။ ကတိသစ္စာပြုခြင်း /အတည်ပြုခြင်း




အမှန်တကယ်ကံကောင်းချင်တာပါလား? နေ့စဉ်ကတိသစ္စာပြုရွတ်ဆိုခြင်းဖြင့် စတင်ပါ။ သစ္စာပြုခြင်းဆိုတာ ပြင်းထန်တဲ့ စကားစုတွေပေမယ့် စဉ်းစားတွေးခေါ်မှုနှင့် အခြေအနေတွေကို တိုးတက်စေဖို့ အထောက်အကူပြုပါတယ်။ နေ့စဉ်ကတိသစ္စာကို ရွတ်ဆိုပေးတဲ့အခါ သင့်ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို ပြောင်းလာလာတာကို တွေ့ရလာပါလိမ့်မယ်။ သင်နေ့စဉ်ရွတ်ဖတ်နေတဲ့ စကားလုံးတွေကို သင်ကိုယ်တိုင်အာရုံစိုက်မိလာပါလိမ့်မယ်။ ဘောပင်နဲ့ စာရွက်လေးနဲ့ သေသေချာချာလေး ရေးမှတ်ကြည့်ပါ။

၅။ ကံ ကံရဲ့ အကျိုးကို ယုံကြည်ပါ




ကောင်းတာကို လုပ်ဖို့ ပြောနေတာဖြစ်ပါတယ်။ မကောင်းတာတွေက သင့်ဆီကို တန်ပြန်လာတတ်တယ်ဆိုတာ သင်ကောင်းကောင်းသိပါတယ်။ ကိုယ့်အတွက် ကိုယ့်အကျိုးစီးပွားမဟုတ်တဲ့ ကောင်းတာလေးတွေ လုပ်ကြည့်ပါ။ မျှော်လင့်ချက်မပါတဲ့ ပေးကမ်းမှုလေးတွေ လုပ်ပါ။ ကံကောင်းလာပါလိမ့်မယ်။

Lifestyle_Myanmar
Nyein_Thu


Ref- herbeauty




Some text some message..