ဆောင်းရာသီမှာ ဘာလို့ အစားပိုစားချင်ကြတာလဲ?
lifestylemyanmar.com
|
2021-10-22

ဆောင်းရာသီအတွင်းမှာ ကျွန်မတို့ဟာ ဗိုက်ပိုဆာနေနိုင်ပါတယ်။ ဆောင်းရာသီဆိုတာလည်း ပူပူနွေးနွေးအစားအစာတွေ စားလို့ကောင်းတဲ့ ရာသီပါ။ ဆောင်းရာသီမှာ လူတွေဟာ တခြားရာသီတွေထက် အစာစားချင်စိတ် ရုတ်တရက် ပြင်းထန်လာရတဲ့ အခြားအကြောင်းအရင်းများစွာရှိပါတယ်။ ဘယ်လိုအချက်တွေကြောင့် ပိုစားဖြစ်တာလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

၁။ အေးတာကို ခံစားရနိုင်လို့ပါ

ခန္ဓာကိုယ်အတွင်းပိုင်း အပူချိန်ကျဆင်းသွားတဲ့အခါ သင့်ခန္ဓာကိုယ်က သူ့အလိုလို နွေးထွေးသွားစေဖို့ ကြိုးစားရတာကြောင့် ကယ်လိုရီတွေ ပိုသုံးစွဲလာရပါတယ်။ ဒီအတွက် အစားထိုးဖို့ နွေးထွေးပြီး ကာဗိုဟိုက်ဒရိတ်နဲ့ အဆီများသော အရာတွေကို ပိုပြီးတောင့်တလာနိုင်ပါတယ်။ ဒါ့အပြင် ဒီလိုအစားအစာတွေက သင့်ခန္ဓာကိုယ်ကို သဘာဝအတိုင်း နွေးထွေးစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်ဖို့ ဟင်းလျာတွေမှာ ပရိုတင်းနဲ့ အမျှင်ဓါတ်လုံလောက်အောင် ထည့်ပါ။


၂။ အထဲမှာ အနေများလေ့ရှိလို့ပါ

အရမ်းအေးတဲ့ ဒေသတွေမှာ နေတဲ့သူတွေဆိုရင် အားလပ်ရက်အတွင်း အိမ်ထဲမှာသာ နေလေ့ရှိကြပါတယ်။ အေးတာကြောင့် သွေးလေးပြီး ပုံမှန်ထက် တတ်ကြွမှုနည်းပါတယ်။ လေ့ကျင့်ခန်းမလုပ်ဘဲ အိပ်ရာပေါ်မှာသာ နွေးနွေးထွေးထွေးကွေးရတာကို ကြိုက်ကြမှာပါ။ ရလဒ်အနေနဲ့ သင်ဟာ ပျင်းလာတာကြောင့် ပုံမှန်ထက် ပိုစားမိနိုင်ပါတယ်။

အိမ်မှာပဲနေဖို့ စဉ်းစားထားရင် ဝိတ်တတ်မလာအောင် ကိုယ့်ဘာသာ activity plan တစ်ခုအမြဲလုပ်နိုင်ပါတယ်။ သန့်ရှင်းရေးလုပ်ခြင်း၊ ကခြင်း၊ အိမ်ထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်း (သို့) အိမ်ပတ်ချာလည် လမ်းလျှောက်ခြင်းတွေက ကယ်လိုရီအပိုတွေကို လောင်ကျွမ်းဖို့ ကူညီပေးပါလိမ့်မယ်။


၃။ ရေဓါတ်ခန်းခြောက်နေတတ်လို့ပါ

ရာသီဥတုက အရမ်းအေးတဲ့အခါ အရည်ပိုဆုံးရှုံးနိုင်ပါတယ်။ ဒါ့အပြင် သင်ဟာ ဝိတ်ထပ်ပိုနိုင်တဲ့ ပိုနွေးတဲ့ အဝတ်တွေ ထပ်ဝတ်လေ့ရှိပြီး သင့်ခန္ဓာကိုယ်က အလုပ်ပိုလုပ်ရပါတယ်။ ဒါက ချွေးပိုထွက်လာစေသဖြင့် ရေဓါတ်ဆုံးရှုံးခြင်းကို ဖြစ်စေပါတယ်။ ရေဓါတ်ခန်းခြောက်တဲ့အခါ ပိုဆာလောင်ခြင်းကို ခံစားရနိုင်ပြီး ပိုစားလေ့ရှိပါတယ်။ ဆောင်းရာသီမှာ drinking schedule တစ်ခုဖန်တီးခြင်းဖြင့် သင့်ရဲ့အရည်စားသုံးမှုကို တိုးမြှင့်ပါ။ သခွားသီး၊ ခရမ်းချဉ်သီး ၊ ပန်းသီး စတဲ့ အရည်ရွှမ်းသော အသီးတစ်ချို့ကို သင့်အစားအသောက်ထဲ ထည့်ဖို့မမေ့ပါနဲ့။


၄။ ဆောင်းရာသီ စိတ်မရွှင်ပျခြင်း ဖြစ်နိုင်လို့ပါ

ဆိုးရွားတဲ့ ရာသီဥတုက သင့်စိတ်ကို ထိခိုက်စေပြီး ပိုဝမ်းနည်းစေပါတယ်။ အစားအစာက ကျွန်မတို့ကို စိတ်ချမ်းသာစေပါတယ်။ သူက ပျော်ရွှင်မှုနဲ့ dopamine ဟော်မုန်းကို ထုတ်လွှတ်ဖို့ ကူညီတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆောင်းရာသီမှာ အရသာရှိသော အရာတစ်ခုခုကို တောင့်တခြင်းက သဘာဝသာဖြစ်ပါတယ်။ အဆီများသောငါး၊ အနက်ရောင်ချောကလက်၊ ငှက်ပျောသီး၊ အချဉ်ဖောက်ထားတဲ့ အစားအစာ၊ ဘယ်ရီသီးများ၊ ကွေကာအုတ်များ၊ အခွံမာသီး၊ အစေ့များ၊ ပဲအမျိုးမျိုး ကဲ့သို့သော သင့်စိတ်ခံစားမှုကို မြှင့်တင်ပေးတဲ့ အစားအစာတွေကို စားပါ။


Lifestyle_Myanmar

LM_Nandar

Source-5minutecrafts.




Some text some message..