
မိန်းကလေးတိုင်းကြုံတွေ့ရတဲ့၊ ရှောင်လွဲလို့မရတဲ့ အရာကတော့ ဓမ္မတာလာတာပါပဲ။ တစ်လတစ်ခါအမြဲကြုံတွေ့ရတဲ့ဒီအခက်အခဲက ကမ်းခြေဘက်ခရီးထွက်တာတို့၊ သွားရေးလာရေးရှိတဲ့ အခါမျိုးတွေမှာ ဒုက္ခတွေကကြုံတွေ့ရပါတယ်။ အဲဒီလိုအချိန်မျိုးဆိုရင် မိန်းကလေးတွေအတွက် စိတ်ကသိကအောက်ဖြစ်စေပါတယ်။ဒါကြောင့် အရေးကြီးလုပ်စရာကိစ္စတွေနဲ့ ဓမ္မတာလာချိန်တိုက်နေပြီဆိုရင် စိုးရိမ်စရာမလိုအောင်ပုံမှန်ရာသီလာချိန်ထက် စောပြီးလာအောင် လုပ်လိုရတဲ့ နည်းလမ်းကောင်းတွေရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ဓမ္မတာလာချိန်စောအောင် ကူညီပေးမယ့် အစားအစာတွေပဲဖြစ်ပါတယ်။
ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးများ

ဗီတာမင်စီကခန္ဓာကိုယ်မှာ ရှိတဲ့ အမဟော်မုန်းဓာတ်ကို တိုးလာစေပြီး ဓမ္မတာလာချိန် စောအောင် ကူညီပေးပါတယ်။
အပူအစပ်အစားအစာ

အပူအစပ်အစားအစာတွေစားပေးခြင်းက ခန္ဓာကိုယ်အပူချိန်ကို တိုးလာစေတဲ့အတွက် သားအိမ်ကျုံလာစေပြီး ရာသီလာချိန်စောစေပါတယ်။
နာနတ်သီး

နာနတ်သီးကသားအိမ်ကျုံလာစေတဲ့ တင်ပါးဆုံရိုးနားက အပူကို ဖြစ်ပေါ်စေနိုင်စွမ်းရှိပြီး ဓမ္မတာလာချိန်စောစေတဲ့အခွင့်အရေးများပါတယ်။
သင်္ဘောသီး

သင်္ဘောသီးကမိန်းကလေးတွေ ရာသီလာချိန်မမှန်တဲ့အခါ ဆရာဝန်တွေ ထောက်ခံပေးထားတဲ့ အသီးဖြစ်ပါတယ်။ မမှည့်တမှည့်ဖြစ်နေတဲ့သင်္ဘောသီးက သားအိမ်ကို ဓမ္မတာ ချက်ချင်းလာအောင် ကူညီပေးပါတယ်။ သဘောၤသီးကို ပုံမှန်စားပေးခြင်းကရာသီလာချိန်စက်ဝန်းကို ထိန်းပေးပါတယ်။
ချင်းရေနွေးကြမ်း

ချင်းက ရာသီလာအောင်လှုံဆော်ပေးတဲ့ အစွမ်းထက်အရာတစ်ခုဖြစ်ပြီး တင်ပါးဆုံရိုးမှာ အပူကို ထုတ်လွှတ်ပေးပါတဲ့အပြင်ရာသီလာချိန် ကိုက်ခဲနာကျင်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။