ထမင်းထည့်မလောက်စားကောင်းမယ့် ခရမ်းချဉ်သီး ပန်ထွေဖျော်....
mmload.com
|
2023-02-09

မြန်မာလူမျိုးအများစုရဲ့ပါးစပ်ကိုကချဉ်ချဉ်စပ်စပ်လေးတွေဆိုရင် သိပ်ကိုခံတွင်းတွေ့ပြီးထမင်းမြိန်တတ်ကြတာသဘာဝပါ။

အသားကြီးငါးကြီးဟင်းတွေထက်တခါတလေမှာဒီလိုအရံဟင်းလေးတွေကပိုပြီး‌တော့ ထမင်းမြိန်စေပါတယ်နော်...


ဆိုတော့ဒီတစ်ခါ အရမ်းကိုစားကောင်းပြီး ထမင်းထည့်မလောက်စားလို့ကောင်းမယ့်ခရမ်းချဉ်သီး တောထောင်း(တစ်နည်းအားဖြင့်) ခရမ်းချဉ်သီးပန်ထွေဖျော်လုပ်နည်းလေးကိုအခုပဲအတူတူလိုက်လုပ်ကြည့်ရအောင်နော်

ပါဝင်ပစ္စည်းများ

 ခရမ်းချဉ်သီး အနီ(အမှည့်)၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငပိ၊ ငရုတ်သီးစိမ်း၊ အရသာမှုန့် အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်


(၁)ခရမ်းချဉ်သီးအမှည့်များကိုမီးသွေးမီးဖိုထဲထည့်ပြီးမီးကင်ပါ။ မီးသွေးမီးဖို သုံးဖို့အဆင်မပြေပါက ဒယ်နီအိုးနဲ့ပဲ ဖြစ်ဖြစ် အိုးကို မီးအပူပေးပြီး ခရမ်းချဉ်သီးလေးတွေကို မီးကင်းတိုက်လိုက်ပါ။ ( နည်းနည်း တူးလာတဲ့အနေထားလေးဆိုရပါပြီ)အရမ်းတော့မတူးစေနဲ့နော်ခါးမှာဆိုးလို့ပါ။

(၂)ခရမ်းချဉ်သီးမီးဖုတ်ပြီးရင်ငပိလေးကို ယောင်းမပေါ်လိုသလောက်တင်ပြီးမီးဖုတ်ပေးပါ။ခဏဆိုရပါပြီနော်...မီးဖုတ်နံ့သင်းသင်းလေးနဲ့ဆိုတော့ပိုစားကောင်းတာပေါ့။


(၃)ပြီးရင်တော့ ငရုတ်စုံထဲကို ငရုတ်သီးစိမ်းကိုယ်စားနိုင်သလောက်နဲ့ကြက်သွန်ဖြူကိုထည့်ပြီးအရင်ထောင်းပါ။ညက်သွားရင်ငပိဖုတ်ထည့်ထောင်းပါ။နောက်ဆုံးမှာ‌တော့ ခရမ်းချဉ်သီးဖုတ်များကို ထည့်ထောင်းပါ။ ဒါဆိုရင်တော့အရမ်းကိုအရသာရှိတဲ့ခရမ်းချဉ်သီး တောထောင်းလေးရပါပြီ။ ပန်းကန်ထဲလေးထည့် ပြီး ရေဆေးထားတဲ့နံနံပင်လေးကိုပါအုပ်လိုက်ရင် ထမင်းတစ်အိုးလုံးဘယ်ရောက်သွားမှန်းမသိအောင်ကိုစားကောင်းမှာပါနော်...

ကဲပြောနေတာ ကြာပါတယ် အခုပဲ ထပြီးလုပ်စားကြည့်ရအောင်




Some text some message..