
ကောက်ညှင်းပေါင်းကောင်းကောင်းလေးလည်းစားချင်တယ်ဆိုင်ကဝယ်စားရတာလည်းမဝဘူးဆိုတဲ့သူတွေအတွက်ဒီနေ့မှာတော့အရမ်းကိုစားလို့ကောင်းပြီးအရသာရှိတဲ့ အုန်းနို့ကောက်ညှင်းပေါင်းလုပ်နည်းလေးကိုဝေမျှပေးချင်ပါတယ်။အရမ်းစားလို့ကောင်းပြီးထမင်းပေါင်းအိုးနဲ့အလွယ်တကူချက်စားလို့ရတာမလို့အိမ်မှာလုပ်စားကြည့်ကြဦးနော်...

ကောက်ညှင်းဆန် - ၁ဗူး (နို့ဆီဗူး)
ယိုးဒယားအုန်းနို့ - ၁ဗူး (အသေး)
သကြား - ၁ဇွန်း (ထမင်းစားဇွန်း)
ဆား - အနည်းငယ်
ကောက်ညှင်းဆန်ကိုရေနဲ့ ၂ ထပ်ဆေး ပြီး ရေစိမ်ထားပါ (မနက်ပေါင်းမယ်ဆို ညကတည်းကစိမ်ထားပါ/ ညနေပေါင်းမယ်ဆို မနက်ကတည်းက စိမ်ထားပါနော်
ရေနွေးဆူအောင်အရင်တည်ထားပါ။

ကောက်ညှင်းဆန်ကိုရေစစ်ပြီး ဆားနှင့်နယ်ထားပါ။
ရေနွေးပွက်ပွက်ဆူလာလျှင်ရေနွေးအိုးပေါ် ပေါင်းခံတင်ပြီး ကောက်ညှင်းဆန်ကို ထည့်ပြီး အဖုံးလုံအောင်အုပ်ပြီး တယ်ထားပါ။
***၁၅မိနစ်လောက်နေလျှင် အနပ်ညီစေရန် ကောက်ညှင်းဆန်ကို အထက်အောက်လှန်ပြီး အုန်းနို့ကို နည်းနည်းစီထည့်ပေးပါ။
နောက်၁၅ မိနစ်ကြာလျင် နောက်တခေါက် အထက်အောက်လှန်ပေးပါ။
စုစုပေါင်းကောက်ညှင်းပေါင်းချိန်၄၅ မိနစ်လောက်ဆိုလျှင်ကျက်ပါပြီ။
(အုန်းနို့မကြိုက်လျှင်အုန်းနို့နေရာမှာ ရေထည့်ရင်ရပါတယ်ရှင့်)