ငါးပေါင်းပေါင်းစားကြမယ်
mmload.com
|
2023-03-03

ငါးပေါင်းပေါင်းစားကြမယ်အလှူအိမ်ရောက်ရင် အရင်ဆုံးကိုင်တဲ့ခွက်က ငါးပေါင်း ဟင်းမလာ? ကြက်သွန်ဥလေးနဲ့ အရမ်းအရသာ ရှိတဲ့ ငါးပေါင်းကို အိမ်မှာလုပ်စားကြည့်ရအောင်အရင်ဆုံး ပြောပြချင်တာက အရိုးနူးပေါင်းမယ်ဆို အဓိက စိတ်ရှည်မှရပါမယ်နော် 
ပါဝင် ပစ္စည်း 



ငါး ( ငါးကြင်း / ငါးသလောက် )စပါးလင်ကြက်သွန်ဖြူ+နီ+ဂျင်း ခရမ်းချဉ်သီး ပန်းသီးရှာလကာရည်ရှောက်သီး 
ပြုလုပ်နည်း 
ငါးကိုရေဆင်အောင်ဆေးထားပါ။ဂျင်းကိုကြိတ်ပြီး ငါးအပေါ်ကို ဂျင်းရည်ညှစ်ချပါ။ရှာလကာရည်နဲနဲထည့်ပါ။ရှောက်သီးတစိတ်ညှစ်ထည့်ပါ။ဆားဆနွင်းနယ်ပြီးသိပ်ထားပါရှင်။ပေါင်းမဲ့အိုးရဲ့အောက်ခံမှာ စပါးလင်ကိုတချက် နှချက်လောက်ထုပြီး ခင်းထားပါ အပေါ်ကနေ ငါးတင်ပါ။ ဒီအဆင့်ထိ ပြီးပြီဆို အနှစ်ချက်ရပါမယ်။ထုံးစံတိုင်း ကြက်သွန်ဖြူနီဂျင်း ဆီသတ်ပါ စပါးလင်နဲနဲထောင်းထည့်ပြီးသတ်ပါ ပိုမွှေးပါတယ် မဆလာလေးလဲထည့်သတ်လို့ရပါတယ်။ခရမ်းချဉ်သီးထည့်ပါ။အရသာ ထည့်ပါ။အနှစ်ရပြီဆိုရင် ပေါင်းမဲ့အိုးထဲ ထည့်ပါ။ရေထည့်ပါ။Pressureအိုးသော်လည်းကောင်း ရိုးရိုးအိုးသော်လည်းကောင်း ကြာကြာပေါင်းရပါတယ်နော်။ရေခမ်းရင် ထပ်ထည့်လိုက် ပေါင်းလိုက်နဲ့အချိန်အတော်ပေးရပါတယ်။တအိမ်လုံးလဲ စပါးလင်နံ့မဆလာနံ့ငါးပေါင်းနံ့ကြိုင်ကြိုင်သင်းနေပါလိမ့်မယ်ရှင် အရိုးနူးမနူး ကြည့်ကြည့်ပြီး အရိုးနူးမှ သုံးဆောင်ပါရှင်။အဆင်ပြေစားကောင်းကြပါစေနော် 




Some text some message..