
ကြက်သားပလာတာ ချက်စားကြမယ်
ကြက်သားဟင်းကိုမှ ပဲရည်ကျဲကျဲလေးနဲ့ ချက်ထားပြီး ပလာတာပူပူ မွမွလေးနဲ့ စားလိုက်မယ်ဆိုရင် ဘယ်လောက် မြိန်လိုက်မလဲနော်။
ဒီတစ်ခေါက်မှာတော့ အိန္ဒိယစာတစ်မျိုးဖြစ်တဲ့ ကြက်သားပလာတာ ချက်နည်းကိုဝေမျှပေးပါမယ်။ လိုက်ချက်ကြည့်ရအောင်....
ကြက်သား ၂၅ ကျပ်သားl ကုလားပဲစိမ်းခြမ်း ၁၅ ကျပ်သားlအာလူး ၂၀ သားl ပူစီနံရွက် l ကော်ဖီထုပ်l ငရုတ်သီးစိမ်း l သံပုရာသီး l မာဆလာl(သစ်ဂျပိုးခေါက် l နာနတ်ပွင့် l လေညှင်းပွင့်lဖာလာစေ့)...
ပြုလုပ်ပုံအဆင့်ဆင့် ရေစိမ်ထားသော ကုလားပဲစိမ်းခြမ်းကိုပြုပ်ပါ...ပြုတ်ထားသောပဲကို ညက်အောင်ခြေပါ (သို့) ထောင်းပါ....
ကြက်သားအတုံးလေးတွေကို ဆေးကြောပြီး ဆားl ဟင်းခတ်မှုန့် lဆနွင်းမှုန့် lငံပြာရည် l မာဆလာ တို့နဲ့...နယ်ပြီး ၁ နာရီလောက်နှပ်ထားပါ....အာလူးအခွံခွာပြီး အတုံးလေးတွေ တုံးထားပါ...
ထောင်းထားသော ဂျင်း ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို အရောင်တင်မှုန့် ထည့်၍ ဆီသတ်ပါ.....သစ်ဂျပိုးခေါက် နာနတ်ရွက် လေညှင်းပွင့် ဖာလာစေ့တို့ထည့်ပါ....ကြက်သားထည့်၍ချက်ပါ.....
ကြက်သား ဆီသတ်အိုးထဲသို့...ခြေထား ထောင်းထားသော ကုလားပဲ အားလူး ထည့်ပါ...သကြားအနည်းငယ်ထည့်ပါ...ရေ ထည့်၍.... ချက်ပါ....(အရသာအပေါ့ အငံအတွက် ငံပြာရည် ဆား ဟင်းခတ်မှုန့်ထည့်ပါ...)
ကြက်သား နဲ့ အာလူးဖတ်တွေ နူးလာရင် မာဆာလာ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပါ...ပလာတာနဲ့တွဲစားဖို့ ဟင်းရည်ရပါပြီနော်.....
စူပါမားကတ်တွေမှာပလာတာရယ်ဒီမိတ်ဝယ်ပြီး ကြော် လို့ရသလို ......လက်ဖက်ရည်ဆိုင်ကနေ ကြော်ပြီးသား ဝယ်လိုက်လည်း ရပါတယ်နော်..... ပလာတာ ချပ်ကို ကပ်ကြေးနဲ့ ညှပ် ကြက်သားနဲ့ ပဲဟင်းရည်ထည့်...အပေါ်ကနေ ကော်ဖီထုပ်(ပါးပါးလှီး)l ကြက်သွန်နီ (ပါးပါးလှီး)l ပူစီနံ lငရုတ်စိမ်း(ပါးပါးလှီး)l သံပုရာသီးရည်ညှစ်ထည့်ပြီး....စားလို့ရပါပြီနော်...

ပါဝင်ပစ္စည်းများ