
ငှက်ပျောသီးကအာဟာရဓာတ်များစွာပါဝင်ပြီး တစ်နေ့တာ စားသုံးသင့်တဲ့ အစားအစာဆိုတာ လူတိုင်း သိပြီးသားဖြစ်ပါတယ်။အခြားအသီးတွေနဲ့မတူတာက ငှက်ပျောသီးက စားသုံးရတာလွယ်ကူသလို လူတိုင်းနီးပါး ကြိုက်နှစ်သက်တဲ့အသီးဖြစ်ပါတယ်။

လူတစ်ယောက်အရမ်းပိန်နေတယ်ဆိုရင် ငှက်ပျောသီးနဲ့ နွားနို့ကို များများစားပေးဖို့ တိုက်တွန်းကြသလို ဝိတ်ချဖို့ weight loss ဆော့နေတဲ့သူတွေကို gym trainer က တစ်နေ့ကိုအနည်းဆုံးငှက်ပျောသီးတစ်လုံးစားဖို့ တိုက်တွန်းတာကြပါတယ်။ ဒါကြောင့် ငှက်ပျောသီးကဝိတ်တက်စေတာလား။ ဝိတ်ကျစေတာလား။

တကယ်တမ်းကျတော့ဝိတ်တက်ခြင်း၊ ဝိတ်ကျခြင်းဆိုတာ မိမိစားတဲ့ ငှက်ပျောသီး အလုံးရေအပေါ် မူတည်နေတာပါ။တခြားဘာမှ မစားဘဲ ငှက်ပျောသီးချည်းပဲစားပြီး အာဟာရဖြည့်မယ်ဆိုရင်သေချာပေါက်ဝိတ်ကျလာမှာဖြစ်ပြီး အခြားအစားအသောက်တွေလည်း စားတယ်။ ငှက်ပျောသီးကိုလည်းအနည်းဆုံး တစ်နေ့ကို ငါးလုံးနဲ့ ခြောက်လုံးကြားမှာ စားပေးမယ်ဆိုရင်တော့ဝိတ်က်လာမှာပါ။ ဘာပဲဖြစ်ဖြစ် ငှက်ပျောသီးစားခြင်းဟာ ကျန်းမာရေးအတွက်အကျိုးရှိစေနိုင်ပါတယ်။

ငှက်ပျောသီးစားခြင်းဟာအဝလွန်ရောဂါကို ပျောက်ကင်းအောင် တားဆီးပေးနိုင်သလို ကြွက်သားတည်ဆောက်ရာမှာလည်းကြက်ဥနဲ့ တွဲဖက်စားသုံးခြင်းဖြင့် အကျိုးရှိစေနိုင်ပါတယ်။ဒါ့အပြင် ငှက်ပျောသီးကသွေးနီဥဆဲလ် ပမာဏကို သိသိသာသာ ပိုများလာစေပါတယ်။
ငှက်ပျောသီးကအက်ဆစ်သဘာဝရှိတဲ့အတွက် အစာမရှိဘဲစားရင် ဝမ်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ငှက်ပျောသီးမှာ ပါဝင်တဲ့ pectinဆိုတဲ့ဓာတ်က စားထားရင်ပုံမှန်ထက် ဗိုက်ပိုပြည့်နေအောင်ထိန်းထားပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ဘုန်းကြီးကျောင်းတွေမှာငှက်ပျောသီးဆောင်ထားကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီတော့ငှက်ပျောသီးဟာ ဝိတ်တက်စာလား။ ဝိတ်ကျစာလားလို့မေးရင် နှစ်မျိုးလုံးပါပဲလို့သာဖြေရမှာဖြစ်ပါတယ်။ မိမိရဲ့ စားသောက်နေထိုင်ပုံနဲ့ ပမာဏကိုလိုက်ပြီး ဝိတ်အတက်အကျကပြောင်းလဲစေနိုင်ပါတယ်။