နန်းကြီးသုပ်ကောင်းကောင်းလေးသုပ်စားကြမယ်…
mmload.com
|
2023-03-15

မန်းလေးစတိုင်နန်းကြီးသုပ်ကိုမှမနက်စာအနေနဲ့စားချင်သူတွေအတွက် ဒီတစ်ခေါက်မှာတော့အရသာရှိပြီးစားလို့ကောင်းတဲ့ မန်းမြေလက်ရာနန်းကြီးသုပ်လုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်…

ပါဝင်ပစ္စည်းများ

_ နန်းကြီးဖက်၊ကြက်သား၊ ကြက်သွန်နီဆီချက်၊ ပဲမှုန့်၊ ငရုတ်သီးဟင်းချက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ငံပြာရည်အနည်းငယ်၊ အရသာမှုန့်အနည်းငယ်၊ ကြက်သွန်နီ၊ နံနံပင် ၊ မြေပဲဆံ ၊ မကျည်းသီး၊ ကြက်ဥပြုတ်

ပြုလုပ်ပုံအဆင့်ဆင့်


(၁) ဒယ်အိုးထဲကိုငရုတ်သီးဟင်းချက်မှုန့် ထည့်ပြီး ဆီသပ်ပါ။ ကြက်သားများကို နုတ်နုတ်စဉ်းပြီး အရသာနယ်ကာဆီသပ်ပါ။

(၂) ကြက်သွန်နီနဲ့နံနံပင်ကို ပါးပါးလေးလေးလှီးထာပါ (အသုပ်သုပ်ရန် အစာပလာအနေနဲ့သုံးမည်)

(၃) ကြက်သွန်နီများကိုဆီချက်ချက်ထားပါ

(၄) မကျည်းရည်ဖျော်ထားပါ

(၅) အားလုံးအဆင်သင့်ဖြစ်ရင် စပြီးသုပ်လို့ရပါပြီနော်


(၆) ဇလုံထဲကိုနန်းကြီးဖက်များ ထည့်ပါ၊ မကျည်းရည်ထည့်ပါ၊ ကြက်သားဆီထည့်ပါ ၊ ဆီချက်ဆီနည်းနည်းထည့်ပါ၊ကြက်သွန်နဲ့နံနံပင်ထည့်ပါ၊ မြေပဲဆံထောင်းထားတာထည့်ပါ၊ ငံပြာရည်နဲ့ငရုတ်သီးမှုန့်ထည့်ပါ၊ပဲမှုန့်အနည်းငယ်ထည့်ပါ။အားလုံးပြီးရင် နှံ့အောင်နယ်လို့ရပါပြီနော်…

နယ်ပြီးသွားတဲ့အခါအပေါ်ကနေကြက်သားဖက်တွေနဲ့ ကြက်ဥပြုတ်ထည့်ကာ မုန့်ကြွပ်များကို ဖြူးထည့်လိုက်ပါ။ ဒါဆိုရင်တော့အရမ်းအရသာရှိတဲ့ နန်းကြီးသုပ်ကောင်းကောင်းလေးရပါပြီ…( အစာပလာများများကြိုက်ပါက ငါးဖယ်များလည်းထပ်ထည့်နိုင်ပါတယ်နော်)




Some text some message..