ပန်းသီးကြွပ်ကြော် မွမွလေး စားကြမယ်…
mmload.com
|
2023-03-20

ဘီယာဆိုင်တွေမှာ‌လူအမှာများတဲ့ မီနူးတစ်ခုကိုပြောပါဆိုရင် ပန်းသီးကြော်ပါပဲ… ပန်းသီး အချိုစိပ်လေးတွေကိုပါးပါးလေးလှီးပြီး မုန့်နှစ်နဲ့ကြော်ထားတဲ့ ပန်းသီးကြော်ကို လူတော်တော်များများကြိုက်ကြပါတယ်…ဆိုတော့ဒီလိုမြည်းလို့လည်းကောင်း မုန့်အနေနဲ့လည်း စားလို့ကောင်းတဲ့ ပန်းသီးကြော်နည်းလေးကိုဝေမျှပေးချင်ပါတယ်…


အရမ်းစားလို့ကောင်လို့အတူတူကြော်စားကြည့်ရအောင်နော်

ပါဝင်ပစ္စည်းများ


ပန်းသီး၊အကြော်မှုန့် ၊ ဆားအနည်းငယ်၊ ဆီ

ပြုလုပ်ပုံအဆင့်ဆင့်

ပန်းသီးများကိုမိမိလိုသလို လှီးဖြတ်ထားပါ။ ပန်းကန်တစ်ခုထဲကို ပန်းသီးအစိတ်များ၊ ဆားအနည်းငယ်၊ အကြော်မှုန့်အနည်းငယ်ထည့်ကာ အရည်အနည်းငယ်ထည့်ပြီး ပျစ်ပျစ်လေးဖြစ်အောင်နယ်ပါ။

အကြော်မှုန့်အရည်ဖျော်ပြီးမှပန်းသီး ထည့်လည်းရပါတယ်နော်…


ပြီးရင်ဆီအိုးထဲမှာ ဆီများများထည့်ပြီး အပူပေးထားပါ။ ဆီကျက်လာတဲ့အခါ ကပ်မသွားအောင် ပန်းသီးတစ်စိတ်ချင်းဆီကိုခွာပြီး ဆီအိုးထဲထည့်ကြော်ပါ။

ရွှေဝါရောင်သမ်းလာရင်တော့ချလို့ရပါပြီနော်… အရမ်းစားလို့ကောင်းပြီး လူကြီးကလေးမရွေးကြိုက်နှစ်သက်လို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်




Some text some message..