
ဖက်ထုတ်ဆီချက် လုပ်စားကြမယ်...
တရုတ်ဆိုင်တွေမှာရောင်းလေ့ရှိတဲ့ဖက်ထုတ်ဆီချက်ပူပူအိအိလေးကို အိမ်မှာလုပ်စားချင်တဲ့သူတွေအတွက် ဒီနေ့မှာအရမ်းကိုအရသာရှိတဲ့ဖက်ထုတ်ဆီချက် လုပ်နည်းလေးကိုဝေမျှပေးပါမယ်နော်
အရမ်းလွယ်လို့အိမ်မှာလုပ်စားကြည့်ကြဦးနော်…

ဖက်ထုတ်ကို အသင့် လုပ်ပြီးသား ဖက်ရွက်ဝယ်သုံးရင်ပိုလွဘ်ပါတယ်နော်
အိုးထဲကိုဆီအနည်းငယ်ထည့်ထားပါ …
ဆီပူလာရင် နုတ်နုတ်စဉ်းထားတဲ့ကြက်သွန်ဖြူများထည့်ကြော်ပါမီးလျော့ပြီး မပျက်မွှေပေးပါ...
အရောင်ပြောင်းလာပြီး ကြွပ်ရင် စကာဖြင့်ဆယ်ထားပါကျန်ခဲ့တဲ့ဆီရော ဆယ်ထားတဲ့ကြက်သွန်ဖြူရော အေးသွားပြီဆိုမှ ဆီချက်နဲ့က်သြွန်ဖြူ ပြန်ရောထားပါရေနွေးဆူဆူမှာ အစာထည့်ပြီးထုပ်ထားတဲ့ ဖက်ထုပ်များထည့်ပြီ ပြုတ်ပါ အသားကျက်လောက်ပြီဆို ဇကာနဲ့ဆယ်ပြီးရေပြောင်အောင်စစ်ပြီး ဆီချက်ထည့်ပါ...

ပဲငံပြာရည် အကြည်အနည်းငယ် ဆား အရသာမှုန့် ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ကြက်ဥနဲ့ မုန်ညှင်းရွက် ထည့်ချင်ဖက်ထုပ်နဲ့အတူ ထည့်ပြုတ်နိုင်ပါသည်။
-ငြုပ်သီးဆီချက်နဲ့စားချင်ရင်တော့ဆီချက်-ချက်တုန်းက ကြက်သွန်ဖြူ ဆယ်ပြီးမီးပိတ်ပြီးငြုပ်သီးခွဲခြမ်းဖတ်ထည့်ပြီးမွှေပေးပါပြီးရင် ကြက်သွန်ဖြူပြန်ရောလိုက်ပါ
ကဲ အခုဆိုရင်တော့ အရသာရှိပြီးစားလို့ကောင်းတဲ့ဖက်ထုတ်ဆီချက်လေး ရရှိပါပြီရှင် …