ခရမ်းချဉ်သီးလက်ဖက်အစာသွပ်လေး
mmload.com
|
2023-03-24

ခရမ်းချဉ်သီးလက်ဖက်အစာသွပ်လေး လုပ်စားကြည့်ရအောင် ... 

လက်ဖက်ရွက်နုကိုရေဆေးပြီးအရည်ညစ်ပါမယ်ဆုံထဲမှာကြက်သွန်ဖြူနွာထားတာကိုညက်ညက်ထောင်းပြီးလက်ဖက်ရွက်နုကိုထည့်ပါ ဆားအချိုမှုန့်နဲနဲထည့်ပြီးညက်ညက်ထောင်းပါ ပြီးရင်ပန်းကန်လုံးထဲထည့်ပြီးငံပြာရည်နဲနဲထည့်သံပုရာသီးရည်ညှစ်ထည့်ပြီးသမအောင်မွှေပါ


အရသာမြည်းကြည့်ပါ အနေတော်ဆိုဆီလောင်းထည့်ပြီးသမအောင်မွှေပေးပါ ဆီမြုပ်နေအောင်ထည့်ပါ လက်ဖက်သားကိုနှပ်ထားပါ လက်ဖက်အကြော်စုံကိုမညက်တညက်ထောင်းထားပြီးလက်ဖက်သားကိုလိုသလောက်ခပ်ထည့်ပြီးနယ်ထားပါ အရသာမြည်းကြည့်ပါ လိုတာထပ်ထည့်ပါ…


ခရမ်းချဉ်သီးကိုထိပ်နှစ်ဖက်ဖြတ်ပြီးအလယ်ကဖြတ်ကာအလယ်သားမျးကိုဇွန်းသေးသေးဖြင့်ခပ်ယူထုက်ထားပါ အစာရောနယ်ထားသည့်လက်ဖက်ကိုခရမ်းချဉ်သီးအလယ်ခွက်များတွင်ထည့်ပြီးအပေါ်တွင်ကြက်သွန်ဖြူအမွှာပုဇွန်ခြောက်တို့တင်လိုက်ပါ။ခရမ်းချဉ်သီးလက်ဖက်အစာသိပ်ရပါပြီ ငရုတ်သီးစိမ်းတောင့်ကိုဘေးမှာထည့်ပေးပါဒါဆိုရင်တော့ အရမ်းကိုစားလို့ကောင်းတဲ့ ခရမ်းချဉ်သီးလက်ဖက်အစာသွပ်လေးရပါပြီ အရမ်းစားလို့ကောင်းလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်…




Some text some message..